Subaru ကတော့ သူတို့ ရဲ့ အသေးဆုံး Crossover လေး ဖြစ်တဲ့ Crosstrek ရဲ့စျေးနှုန်းကို ကြေညာအပြီး မှာ အကြီးဆုံး ထိုင်ခုံ ၃ တန်းပါ SUV ကိုပါ အဆင့်မြှင့်တင်မှု အသစ်တွေ ထည့်ပေးလာခဲ့ ပါတယ်။ အဆိုပါ ကား ကတော့ 2023 Subaru Ascent  ဖြစ်ပြီး Sports ဆန်တဲ့ အရသာတွေကို ပိုရလာခဲ့ပြီး လာမယ့်နှစ် Mid-Cycle Update မပေးခင်မှာ တော့ အကြီးမားဆုံး ပြောင်းလဲမှုတစ်ရပ် ဖြစ်လာနိုင်ပါတယ်။ မနှစ်တုန်း ကတော့ Onyx Edition Trim Level အသစ်ကို မိတ်ဆက်ပေးခဲ့ပြီး အခု ၂၀၂၃ မော်ဒယ် အတွက်လည်း ရွေးချယ်စရာ နောက်တစ်မျိုး အနေနဲ့ ပါလာနိုင် ပါတယ်။ Ascent ကားသစ်မှာတော့ Base ၊ Premium ၊Onyx Edition ၊ Limited နဲ့ Touring Trims တွေဆိုပြီး ရှိထားတာကြောင့် အခု Update ကိုလည်း အဆို ပါ ကားအကုန် ရရှိလာနိုင်ပါတယ်။ အထူးသဖြင့် အရှေ့ဘက် Fascia အပိုင်း အပြောင်းအလဲတွေ အဓိက မြင်ရနိုင်ပြီးပိုသိသာ ထင်ရှားလာတဲ့ Grille ကိုမှ Headlights တွေအထိ ကိုချဲ့ ထွင်ထားတဲ့ ပုံစံမျိုးနဲ့ ရလာ နိုင်တာပါ။

Photo Credit: CARBUZZ

အနောက်ဘက်မှာလည်း C ပုံစံ Taillights အသစ်တွေ ထည့်ထားတာကြောင့် ကားရဲ့ Headlights  တွေကို လည်း ပြန်လည် ဆန်းသစ်ပေးလာဖို့ ရှိနေပြီး နောက်ဆုံးတော့ အရှေ့ဘက်ဘန်ဘာလည်း ပိုပြီး Aggressive ဆန်တဲ့ အရသာ ကို ရလာခဲ့ပြီ ဖြစ်ပါတယ်။ ကားရဲ့ အတွင်းခန်းထဲမှာတော့ Trim Level တွေ အကုန်လုံးမှာ Subaru ရဲ့  ၁၁.၆ လက်မ  Starlink Infotainment စနစ်ကို ရရှိလာပြီ ဖြစ်ပြီး Apple CarPlay နဲ့ Android Auto စနစ်တွေကိုလည်း တွဲဖက် သုံးနိုင်ပါပြီ။ နောက်ထပ် ရွေးချယ်စရာ အနေနဲ့ဆိုရင်တော့ Tom Tom With What3words (W3W) ဆိုတဲ့ အသံနဲ့ခိုင်းစေနိုင်တဲ့ စနစ်ကိုပါ ရနိုင်မှာဖြစ်ပြီး ကားအ တွင်း ခန်းအသံ စနစ်မှာဆိုရင်လည်း  Harman Kardon QuantumLogic Audio စနစ်ကို ရနိုင်မှာ ဖြစ်ပါ တယ်။ လာမယ့် ၂၀၂၃ မော်ဒယ် အနေနဲ့ တော့ Onyx Edition မှာ ဆိုရင် Panoramic Moonroof အမိုးကို ရွေးချယ်စရာ တစ်ရပ်အနေနဲ့ ရလာတော့မှာ ဖြစ်ပြီး သာမန်ကား Trim စနစ်တွေ အကုန် ပါဝင်မယ့် အပြင် နောက်ထပ် အပိုရလာမှာတွေ အနေနဲ့ အ‌ရှေ့ထိုင်ခုံတွေ အကုန် Power စနစ် ဖြစ်သွားတာတွေ ၊ ဒုတိယမြောက် ထိုင်ခုံတန်းအတွက် Sunshades ထည့်ပေးလာတာတွေနဲ့ Heated Seat တွေ ဖြစ်သွားတာ တို့ ပါလာမှာပါ။ ဒ့ါအပြင် အလယ်မှာ အအေးခွက်တို့ ဘာတို့ ထည့်ထားလို့ ရမယ့် နေရာတွေ ၊ Surround View Monitor နဲ့ DriveFocus စနစ်တွေလည်း ရရှိ လာနိုင်မှာပဲ ဖြစ်ပါတယ်။

Photo Credit: CARBUZZ

အခု 2023 Model တိုင်းအတွက်တော့ စတီယာတိုင်နဲ့ ချိတ်ဆက်ပေးထားတဲ့ LED Headlight အသစ်တွေ အပြင် High Beam Assist တွေလည်း ပါဝင်လာမှာပါ။ Trim Level ပေါ်မူတည်ပြီး Ascent မှာတော့ ခရီးသည် ၇ ယောက် ဒါမှ မဟုတ် ၈ ယောက် လောက်အထိ စီးနင်းလာနိုင်ပါတယ်။ ဈေးနှုန်း အတိအကျကို မသိရသေးပေမယ့်လည်း ယခင် နှစ် ကားရဲ့ ရောင်းဈေးနဲ့ အတော် ကွာခြားလာနိုင်မလား ဆိုတာကတော့ စောင့်ကြည့်ရဦးမှာပါ။ Base Ascent ကားမှာ တုန်းကတော့ $ 32,795 နဲ့ ဈေးစတင်ခဲ့ပြီး အမြင့်ဆုံးဖြစ်တဲ့ Touring Trim မှာ ဆိုရင်တော့ $ 45,945 ကျသင့်ထား ပါတယ်။ 2023 Ascent အသစ်ကတော့ လာမယ့် ဆောင်းရာသီ ကာလလောက် အရောက်မှာ ဈေးကွက်ထဲ စဝင် လာနိုင်ပြီး 2.4 Liter Turbocharged Boxer-Four Engine ကိုပဲ ယခင်လို တပ်ဆင်ထားဦးမှာ ဖြစ်ကာ CVT Driving Symmetrical All-Wheel Drive စနစ်လည်း ပါဝင်လာဦးမှာ ဖြစ်ပါတယ်။ အင်ဂျင်ရဲ့ စွမ်းဆောင်ရည် ကတော့ 260 hp အထိ ရှိထားပြီး ပေါင် ၅,၀၀၀ လောက် အထိကိုလည်း အေးဆေး ဆွဲသွားနိုင်တဲ့ ပမာဏအထိ ကောင်းမွန်နေတာပဲ ဖြစ်ပါတယ်။

Ref: carbuzz.com