Mercedes-Benz နဲ့ Geely တို့ရဲ့ ပူးတွဲပိုင်‌ဆိုင် ဦးဆောင်မှု အောက်မှာပဲ Smart ဆိုတဲ့ ကားကုမ္ပဏီက တော့ အခု ဆိုရင် ပထမဆုံးသော ကားမော်ဒယ်သစ်တစ်ရပ်ကို ချပြလာခဲ့ပါပြီ။ အဆိုပါကုမ္ပဏီ ၂ ခု ကတော့ ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်မှာကတည်းက ၅၀ % ဆီအတူတူ အကျိုးတူပူးပေါင်းခဲ့တာဖြစ်ပြီး Smart Automobile အနေနဲ့ ပေါ်ထွက်လာတာ ဖြစ်ကာ အနာဂါတ် မှာတော့ Smart ဆိုတဲ့ အမှတ် တံဆိပ်နဲ့ လျှပ်စစ် ကားတွေ ကို မြင်ရမှာပဲ ဖြစ်ပါတယ်။ ဒါကြောင့် အခု ဆိုရင်တော့ Subcompact Crossover တစ်စီး အဖြစ် #1 ဆိုတဲ့ နာမည်နဲ့ ချပြလာခဲ့ပါပြီ။ အဆိုပါ ကားအသစ်ကို တော့ ဂျာမနီ နိုင်ငံ ဘာလင်မှာ စတင်ချပြခဲ့တာ ဖြစ်ပြီး မနှစ်ကတည်းက ဂျာမန် မြူးနစ် ကားပြပွဲကြီးရဲ့ Concept ကားလည်း ဖြစ်ပြန်ပါတယ်။

Photo Credit: MotorAuthority

Smart အနေနဲ့ကတော့ ပုံမှန်အားဖြင့် Minicar အပိုင်းကို ပိုပြီး အာရုံ စိုက်ထားတာ ဖြစ်ပေမယ့်လည်း အခု ကားနဲ့အတူ ပိုကြီးတဲ့ Subcompact Crossover လောကထဲ စတင် ဝင်ရောက်လာတာပါ။ ဒါပေမယ့်လည်း အခု Crossover က အရှည် ၁၆၈ လက်မနဲ့အတူ နာမည်ကြီး Mini Countryman ထက် ၁.၅ လက်မ လောက် ပိုတိုသေးတာလည်း ဖြစ်ပါတယ်။ ပစ္စည်းတင်စရာ နေရာကတော့ အနောက်ဘက်ခုံတွေ ခေါက်တင် လိုက်ရင် အများဆုံး အနေနဲ့ ၁၄.၅ ကုဗပေ လောက်အထိ ရှိနိုင်ပြီး ကားရဲ့ အလေးချိန်ကတော့ ပေါင် ၄,၀၀၀ လောက် အထိ ရှိနေတာပါ။ ကားကိုတော့ Geely ရဲ့ SEA Modular Electric-Vehicle Platform ကို အခြေခံ ကာ ဖန်တီးထားတာဖြစ်ပြီး အမြန် အားသွင်းစနစ် နဲ့ OTA Update တွေလည်း ထပ်ရလာဦးမှာ ဖြစ်ပါတယ်။ အဆိုပါကားမှာတော့ အနောက်ဘက်ဝင်ရိုးမှာ တပ်ဆင်ထားမယ့် 268 Hp ရှိ လျှပ်စစ် မော်တာ တစ်လုံးကြောင့် တစ်နာရီ ၁၁၂ မိုင် အထိကိုမောင်းနှင်နိုင်မှာပါ။ ဒါ့အပြင် 66 kWh Battery ကိုလည်း ထည့် သွင်း ပေးထားတာကြောင့် Range က ၂၅၀ မိုင် လောက်အထိ ရှိနေမှာဖြစ်သလို အမြင့် ဆုံး ၁၅၀ ကီလိုဝပ် နဲ့ အားသွင်းမယ်ဆိုရင်လည်း နာရီဝက်အတွင်း ၈၀ % အထိ အားပြည့်အောင် သွင်းနိုင်ဦးမှာပါ။ ကားရဲ့ ဒီဇိုင်းကတော့ မာစီးဒီး ရဲ့ နောက်ဆုံးသော လျှပ်စစ်ကား Concept Design တွေအတိုင်း ဖြစ်ပြီး Crossover တစ်စီးအတွက် အထင်ကြီးစရာ ကောင်းတဲ့ တစ်ချက်ကတော့ 0.25 Cd အထိ Coefficient Drag ရရှိထား တာပါ။

Photo Credit: MotorAuthority

ကားရဲ့ အတွင်းခန်းမှာတော့ ၅ ယောက် စီး ဒီဇိုင်းကို မြင်ရမှာဖြစ်ပြီး အဆင့်မြင့်တဲ့ ၉.၂ လက်မအရွယ် Digital Instrument Cluster ၊ ၁၂.၈ လက်မ အရွယ် Infotainment Screen နဲ့ ၁၀ လက်မအရွယ် Head-Up Display တွေ ကိုလည်း အသီးသီး တပ်ဆင်ပေးထားသေးတာပါ။ အခု # 1 ကား အသစ်ကတော့ အနာဂါတ်ရဲ့ မျိုးဆက်သစ် Mini Lineup တွေကို ယှဉ်ပြိုင်ဖို့ ရည်ရွယ်လာခဲ့တဲ့ ပထမဆုံးသော ကားလည်း ဖြစ်ပါတယ်။ Mini ကတော့ နောက်ပိုင်း သူတို့ အနေနဲ့ လျှပ်စစ်ကားတွေအဖြစ် ပြောင်းလဲ အသစ်ထွက်လာ ခဲ့ရင်တောင် လက်ရှိ ရှိနေပြီးသား Internal Combustion Engine တွေကိုလည်း တောက်လျှောက် ထည့် သွင်းပေးထားဦးမှာ ဖြစ်ပါတယ်။ ဒါ့အပြင် တစ်ဖက် မှာလည်း အခု Smart ရဲ့ ကားအသစ်တွေထဲ ForTwo-Style Hatch ကားလေးတွေ ပါဝင်လာ နိုင်ဦးမယ်လို့ မျှော်လင့် ရပြီး Sedan ကားတွေ အထိလည်း ထုတ် ကောင်း ထုတ်လာနိုင်ပါတယ်။

Ref: MotorAuthority