Rezvani ရဲ့ ကားကောင်းတွေထဲမှာ Vengence အမျိုးအစားက ကိုယ်ထည် အချိုးအစား ခပ်မိုက်မိုက်နဲ့ အကြမ်းစား နာမည်ကျော်တာ ဖြစ်ပါတယ်။ အခုဆိုရင်တော့ အဆိုပါ ကားကိုမှ ထိုင်ခုံ ၃ တန်းနဲ့ ကားသစ် အဖြစ် ပွဲထွက်လာခဲ့ပြီး အတွင်းခန်းမှာလည်း လယ်သာ အကောင်းစားနဲ့ OLED Screen အကြီးစားတစ်ခု ထည့်သွင်းလာခဲ့ ပါတယ်။ ကားသစ်ကြီးမှာတော့ Electric တံခါး လက်ကိုင်တွေ၊ ကျည်ကာကိုယ်ထည် အထူကြီးတွေအပြင် ကျည် ကာမှန်တွေကို ရွေးချယ်စရာ အဖြစ်ထည့်သွင်းထားပြီး Vest တွေနဲ့ Helmet တွေကိုကအစ ခရီးသည်တွေ အတွက် အပို ထပ်ဆောင်းရယူလို့ ရပါသေးတယ်။ ဒါ့အပြင် ကားက လုံခြုံရေး ပိုင်း ဦးစားပေးနေကျ ပုံစံအတိုင်း Gas Mask တွေ ၊ တံခါးတွေအတွက် သံလိုက် Deadbolt တွေ ၊ Run-Flat တာယာတွေနဲ့ ၊ ဟွန်းတွေ ဥဩတွေ ၊ အပူချိန်တိုင်း ညမြင်ကွင်း ကင်မရာစနစ်တွေအပြင် လိုအပ်ရင် ကာကွယ်ရေးအတွက် သုံးနိုင်မယ့် ငရုတ်ကောင်း စပရေးတွေနဲ့ အတော်လေးကို စုံစုံလင်လင် ပါဝင်လာပါတယ်။

Photo Credit: AllAutoExperts

ဒါပေမယ့် အခုဖော်ပြခဲ့တဲ့ ဝန်ဆောင်မှုတွေကတော့ Military Package မှာပဲ ရနိုင်မှာဖြစ်ပြီး သာမန် Vengence ကားမှာ ဆိုရင်တော့ ကျည်ကာတွေနဲ့အတူ ဝန်ဆောင်မှုတွေရဲ့ တစ်ဝက်လောက်ပဲ ရနိုင်မှာပါ။ ကားကို ကြည့်လိုက်တာနဲ့ ခပ်ကြမ်းကြမ်း အသွင်အပြင်ကို မြင်ရမယ် ဆိုပေမယ့်လည်း Cadillac Escalade မှာ သုံးထားတဲ့ Platform ကိုပဲ ကားမှာ တပ်ဆင်ထားတာကြောင့် ငြိမ့်ညောင်းမှု ကောင်းကောင်းကိုတော့ ခံစား ရမှာ ဖြစ်ပါတယ်။

Photo Credit: AllAutoExperts

Rezvani ကတော့ အခုကားသစ်ကို $ 249,000 ကနေ စတင်ကာ ဈေးကျသင့်မယ်လို့ဆိုထားပြီး အပူပေးစနစ်၊ လေဆိုးသန့်စင် စနစ်နဲ့ ထိုင်ခုံတွေ၊ AR နည်းပညာနဲ့ လမ်းညွှန်စနစ်တို့အပြင် Head-Up Display ၊ ဘက်ကြည့် ကင်မရာနဲ့ Panoramic Sunroof ၊ ယာဉ်မောင်း အကူနည်းပညာ စတာတွေကိုတော့ အခြေခံအနေနဲ့ ထည့်သွင်း ပေးထားမှာ ဖြစ်ပါတယ်။ ကားကြီးရဲ့ အင်ဂျင်ကတော့ 6.2 Liter V8 Engine ဖြစ်ပြီး 420 hp အထိ စွမ်းဆောင် နိုင်ကာ ၊ 277 hp အထိရှိတဲ့  3.0 Liter Duramax ဒီဇယ်အင်ဂျင်ကိုလည်း ရွေးချယ်နိုင်သေးပါ‌သေးတယ်။ ဒါပေမယ့် အဆိုပါ အင်ဂျင် ၂ မျိုးလုံးကတော့ General Motors ဆီက ထုတ် လုပ်ထားတာဖြစ်ပြီး 10-Speed Automatic ဂီယာ တွေနဲ့အတူ တွဲဖက် ပေးထားပါတယ်။ ဒါပေမယ့် ဒီထက်ပိုကောင်းတဲ့ စွမ်းဆောင်ရည်တွေကို ရချင်သေးတယ် ဆိုရင် တော့ Escalade-V ကားရဲ့ Supercharged စနစ်ကို ရွေးချယ်စရာအဖြစ် အဆင့်မြှင့်တင် သုံးလို့ရပါသေးတယ်။ အဆိုပါ စနစ်နဲ့ ဆိုရင်တော့ ကားကို 690 hp အထိ စွမ်းဆောင်ရည် မြှင့်တင်ပေးနိုင်မှာ ဖြစ်သလို ဈေးကလည်း $ 8,500 ပိုပေးရမှာ ဖြစ်ပါတယ်။ ဒီလို စွမ်းဆောင်ရည်မြှင့်တာအပြင် အပေါ်မှာ ဖော်ပြခဲ့တဲ့ ဝန်ဆောင်မှုတွေ အကုန် ယူမယ် ဆိုရင်တော့ ကားရဲ့တန်ဖိုးက $ 600,000 လောက် အထိကို မြင့်တက်သွားဖို့ အထိရှိနေတာပဲ ဖြစ်ပါတယ်။

Ref: AllAutoExperts