V8 အင်ဂျင် ၊ ကားခပ်ကြီးကြီး ကိုယ်ထည် တောင့်တောင့်နဲ့ 2023 Vengeance SUV ၇ယောက် စီး ကား သစ်ကိုတော့ Rezvani ကုမ္ပဏီတို့ တရားဝင် ချပြလာ နိုင်ဖို့ရာ ရက်သတ္တပတ် အနည်းငယ်ပဲ လိုပါတော့တယ်။ ကယ်လီဖိုးနီးယား အခြေစိုက် အဆိုပါ ကားကုမ္ပဏီ ကတော့ယခင် ကလည်း Jeep Wrangler ကို အခြေခံ ဖန်တီးထားတဲ့ Tank အမည်ရ SUV တစ်စီးကို ထုတ်လုပ်ပေးထားခဲ့ ဖူးပြီး အဆိုပါ ကားတုန်းကတော့ ၅ ယောက်စီး အရွယ်ပဲ ရှိပါသေးတယ်။

Photo Credit: MotorAuthority

အဆိုပါ Tank တုန်းကလိုပဲ အခုကားသစ်ကိုလည်း စစ်ဘက်သုံး ကားတွေရဲ့ ဒီဇိုင်းအတိုင်း ဆက်လက် ဖန်တီးလာ နိုင်ပါတယ်။ ဒါပေမယ့် အတွင်းခန်းကတော့ အတော်လေးကို ဇိမ်ခံ အရသာတွေ အပြည့်နဲ့ ဖြစ်လာနိုင်ပြီး Active Suspension စနစ်နဲ့ လမ်းကြမ်းမောင်း တာယာ‌တွေလည်း ရရှိလာ နိုင်ပါသေးတယ်။ ဒါ့အပြင် ထူးခြားချက် အနေနဲ့  ကျည်ဒဏ်ခံနိုင်မယ့် Vengeance Military Edition အသစ် အထူးထုတ်ကိုလည်း ချပြဖို့ ရှိပါသေးတယ်။ ဒါပေမယ့် ‌အဆိုပါ ကားကတော့ ယခင် Tank နဲ့ မတူပဲ အတော်လေး ကွဲပြားလာနိုင်ပြီး Rezvani ရဲ့ အဆိုအရ အခုကားမှာ သုံးထားမယ့် အစိတ်အပိုင်းတွေက ယခင်ကုမ္ပဏီ ကား တွေမှာ မသုံးခဲ့ဖူးသေးဘူးလို့ သိရပါတယ်။ ဒါပေမယ့် ယခင်က Rezvani ကားတွေလိုပဲ အခြားသော ထုတ်လုပ်ပြီးသား ကားတစ်စီးစီးကိုပဲ အခြေခံ ဖန်တီးလာ နိုင်ပါသေးတယ်။

Photo Credit: MotorAuthority

ကုမ္ပဏီရဲ့ CEO နဲ့ တည်ထောင်သူလည်း ဖြစ်သူ Ferris Rezvani ကတော့ အခုကားရဲ့ ရည်ရွယ်ချက်က ‌နေ့စဉ်သုံး ကား တစ်စီးအနေနဲ့ကိုမှ ခပ်ကြမ်းကြမ်း အကြမ်းခံသုံးနိုင်ကာ အချိုးကျကျနဲ့ အသုံးဝင်စေဖို့ ဖြစ်တယ်လို့ ဆိုထားပါတယ်။ တကယ်လို့ ဒီကားကိုဝယ်ဖို့ စိတ်ဝင်စားမယ်ဆိုရင် လောလောဆယ် စရံငွေ အနေနဲ့ ဒေါ်လာ ၅,၅၀၀ နဲ့ စတင် မှာယူထားနိုင်ပြီ ဖြစ်ပြီး ၂၀၂၃ မှာ ကားကို လက်ခံရရှိ နိုင်မှာပါ။ ကားသစ်ရဲ့ ဈေးကိုတော့ မသိရသေးပေမယ့် ယခင် Tank အမျိုးအစားတုန်းကတော့ $ 175,000 ကနေစတင်ခဲ့တာ ဖြစ်ပါတယ်။ အခုလိုမျိုး SUV တွေနဲ့ ၆ ဘီး Pickup Truck တွေဘက်ကို ကုမ္ပဏီက ဦးလှည့်နေတယ် ဆိုပေမယ့်လည်း သူ့ရဲ့ Sports ကားတွေ ဘက်ကိုလည်း ပစ်မထား သေးပါဘူး။ ဒါ့အပြင် မူလ Beast Sports ကားရဲ့ Version အသစ်ကို ထုတ်ပေးနိုင်ဖို့လည်း ပြင်ဆင်နေကာ လာမယ့် နွေရာသီ လောက်မှာ ချပြနိုင်ဖို့ ရည်ရွယ်ထားပြီး စွမ်းဆောင်ရည်က 1,000 hp လောက် အထိကို ရှိလာမယ်လို့တော့ သိထားရတာပဲ ဖြစ်ပါတယ်။

Ref: MotorAuthority