မနှစ်က နှစ်ကုန်ပိုင်းလောက်တုန်းက 2023 Range Rover SV ကို Land Rover တို့ ချပြခဲ့ပါတယ်။ အဆိုပါကားက တကယ့်ကို ကြည့်ရတာ ထူးခြားမှု အပြည့်နဲ့ ဇိမ်ခံ SUV ကြီး တစ်စီး ဖြစ်ပေမယ့် ကုမ္ပဏီကတော့ ပိုပြီး သီးသန့် ဆန်မယ့် Carmel Edition ကားသစ်ကို ချပြဖို့ စီစဉ်နေပါပြီ။ SV Bespoke က ဖန်တီးထားမယ့် အဆိုပါ Limited Edition SUV အသစ်မှာတော့ သာမန်ကားနဲ့ မတူတဲ့ သီးသန့် အပြင်အဆင်တွေကို အတွင်းရော အပြင်ရောမှာ မြင်တွေ့ရဖို့ ရှိပါတယ်။ အဆိုပါ ကားကို ၁၇ စီး တည်းသာ သီးသန့် ထုတ်လုပ်ဖြစ်မယ့် အပြင် အမေရိက ဈေးကွက်မှာ ပဲ ရရှိမှာ ဖြစ်ပါတယ်။ SUV ရဲ့ အပြင်ဘက် အရောင်ကတော့ သီးသန့် ဖြစ်တဲ့ Satin Bronze ကြေးနီရောင်ဖြစ်ပြီး ၂၃ လက်မ အရွယ် Diamond Turned ဘီးတွေကိုလည်း Sark Grey Gloss လေးတွေနဲ့ အဆုံးသတ် ပေးထားတာမို့ အတော်လေး သီးသန့်ဆန်လှပ နေပါတယ်။

Photo Credit: motor 1.com

အတွင်းခန်းမှာတော့ လေး‌ယောက် စီးကိုမှ Wheelbase အရှည်နဲ့ Range Rover တွေအတိုင်း ကျယ်ကျယ်ဝန်းဝန်း ဇိမ်ခံ အရသာရမှာ ဖြစ်ပါတယ်။ အရှေ့ဘက် ထိုင်ခုံတွေကတော့ ၂ ရောင်စပ် Near-Aniline လယ်သာ Liberty Blue အရောင်တွေ ဖြစ်ပြီး အနောက်ဘက်ကိုတော့ ဆန့်ကျင်ဘက် အရောင်လေးတွေ သုံးပေးထားပါတယ်။ SV Bespoke ရဲ့ လက်ရာ Tread Plates ‌တွေ ၊ Carmel Edition ဆိုတဲ့ စာသားလေး တွေရယ်က အတော်လေးကို သီးသန့်ဆန်တဲ့ အပြင်အဆင် တွေဖြစ်နေမှာပါ။ အတွင်းခန်းရဲ့ ခလုတ်တွေ အထိအတွေ့တိုင်း အတွက်တော့ Gloss White Ceramic တွေ ထည့်ပေးထားပြီး Satin White Ceramic တွေနဲ့လည်း ပြင်ဆင် ပေးထားပါသေးတယ်။ အနောက်ခန်းရဲ့ ခရီးသည် တွေ အတွက်ကိုလည်း အလိုအလျောက် စနစ်သုံး စားပွဲ ၊ ခွက်တင်စရာ နေရာနဲ့ SV လက်ရာ Dartington Crystal Glassware တို့ သုံးထားတဲ့ ရေခဲသေတ္တာတို့ပါ ထည့်သွင်းပေးထားမှာ ဖြစ်ပါတယ်။ SUV အနေနဲ့ကတော့ သာမန် SV ကားထက် သိသိသာသာ အဆင့်မြှင့်တင် ထားတယ် ဆိုတာက အမြင်ပိုင်း ဆိုင်ရာပဲ ဖြစ်တာကြောင့် အင်ဂျင် ပိုင်းကတော့ အတူတူပဲ ဖြစ်လာမှာပါ။ မူလကားရဲ့ 4.4 Liter Twin-Turbocharged V8 Engine ကိုပဲ ဆက်သုံးပေးထား ပြီး စွမ်းဆောင်ရည်ကလည်း 523 hp နဲ့ 553 lb-ft Torque အထိ ရှိမှာဖြစ်ပါတယ်။

Photo Credit: motor 1.com

ဈေးနှုန်း ကတော့ အတော်လေးကို အံ့အားသင့်စရာ ဖြစ်နိုင်တဲ့ အတိုင်း အခွန်အခတွေ မပါသေးပဲနဲ့ကို $ 345,000 အထိ ရှိနေမှာပါ။ ဒါပေမယ့်လည်း အခုကားကို ၁၇ စီးထဲပဲ သီးသန့် ထုတ်လုပ်ပေးမယ့် အပြင်ကား ကုမ္ပဏီအခြေစိုက် Monterey Car Week မှာတင်ပဲ Range Rover House ရဲ့ အထူးဧည့်သည်တော်တွေ ဦးစားပေး ရောင်းချနိုင်တာ ကြောင့် ပြင်ပကနေ ဝယ်ယူနိုင်ဖို့ဆိုတာ အခွင့်အရေး အတော်တော့ နည်းသွား နိုင်ပါတယ်။ အခုကားကို ဝယ်ရင်တော့ ကားအပြင် Titleist Performance Institute မှာ ရှိတဲ့ကား Club ၂ ခုလုံး ကိုပါ ဝင်ခွင့်ရရှိဦးမှာပါ။ Carmel Edition ပိုင်ရှင်တွေက အဆိုပါ Club ၂ ခု လုံးမှာ နေရာတစ်နေရာ စီ ရထားဦးမှာဖြစ်ပြီး Land Rover အနေနဲ့ကလည်း အခုကား ရောင်းရတဲ့ ငွေတွေကို Monterey Bay National Marine Sanctuary ထံကို ပြန်လည် လှူဒါန်းပေးသွားဦးမှာ ဖြစ်ပါတယ်။ Land Rover အနေနဲ့ အခု အထူးထုတ် 2023 Land Rover Range Rover SV Carmel Edition အသစ် ကို ဘယ်တော့လောက် မှာယူထားသူတွေထံ အရောက်ပို့ပေးနိုင်မလဲ ဆို‌တာကတော့ အတိအကျ မပြောကြားထား သေးတာပဲ ဖြစ်ပါ တယ်။

Ref: motor 1.com