Land Rover ကားသစ်တွေဆီက ဒီဇိုင်းတွေကို ကြည့်မယ် ဆိုရင်တော့ ယခင်ဒီဇိုင်းတွေကိုပဲ အတော် လေးထိန်းထိန်းသိမ်းသိမ်းနဲ့ ပြင်ဆင် နေခဲ့တာကို တွေ့ရပါတယ်။ ယခင် 2023 Range Rover ကားအသစ်မှာ ဆိုရင်လည်း အနောက်ဘက်မှာ စိတ်ဝင်စားစရာ အပြောင်းအလဲ တစ်ချို့ကလွဲလို့ ကျန်တာတွေကို ဒီအတိုင်းပဲ နည်းနည်းစီ ပြုပြင်လာခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် အခုတစ်ခေါက် ထွက်ပေါ်လာမယ့် ဒုတိယမြောက်မျိုးဆက် Range Rover Evoque နဲ့ Discovery Sport တို့ကတော့ အနာဂါတ် ကားသစ်တွေ ဘယ်လို ဒီဇိုင်းလမ်းကြောင်း ကို ရွေးမလဲဆိုတာ အဆုံးအဖြတ် စပေးနိုင်လာတဲ့ ကားတွေ ဖြစ်လာဖို့ရှိနေပါပြီ။ အခု ဆိုရင်တော့ Spy Shots တစ်ချို့ အပေါ် အခြေခံပြီး မျိုးဆက်သစ် Range Rover Sport ကားသစ်ရဲ့ ဒီဂျစ်တယ်ပုံရိပ်ကြမ်းတွေကို စတင်မြင်လာရပြီ ဖြစ်ပါတယ်။ သေချာတာကတော့ အဆိုပါ ပုံကြမ်းထဲမှာ ဆိုရင် SUV အသစ်က အတော်လေး ဒီဇိုင်း အပြောင်းအလဲ များလာတာဖြစ်ပြီး ပိုပြီးပါးလျတဲ့ Headlight နဲ့ Grille Design တွေ ၊ ပိုပြီး ရိုးရှင်းတဲ့ LED Signature တို့နဲ့အတူ အတော်လေး ဆန်းသစ်လာတာ တွေ့ရပါတယ်။ ကားရဲ့ ဘန်ဘာ Intakes တွေကလည်း ယခင်လိုမျိုး ၃ နေရာ ပိုင်းထားတာထက် ကားရဲ့ အကျယ်အတိုင်း အပြည့်နေရာယူ ပေးထားတာ ဖြစ်ပါတယ်။
ကားရဲ့ ဘေးဘက်ကနေ ကြည့်မယ်ဆိုရင်တော့ အမိုးက အနောက်ဘက်ကို ဖြည်းဖြည်းချင်း နိမ့်ဆင်းသွားတာ သိသိသာသာမြင်ရမှာ ဖြစ်ပါ တယ်။ ဒါ့အပြင် Traditional Clamshell ကိုတော့ ဆက်ထည့် ပေးထားသေးပြီး Velar ပုံစံ Pop-Out ဒီဇိုင်းနဲ့ တံခါးလက်ကိုင်တွေကို လည်း ပုံဖော်ထည့်ထား ပါသေးတယ်။ ကားရဲ့ ဘီးတွေကလည်း ဒီဇိုင်း လုံးဝ ပြောင်းလဲထားတဲ့ အသွင်တွေ အဖြစ် Spy Shots တွေကို အခြေခံကာ ထည့်သွင်း တပ်ဆင်ထားပြီး အနောက်ဘက်မှာ ဆိုရင်လည်း အနာဂါတ် Range Rover ကားအသစ် တွေရဲ့ Tailgate Design ကို မြင်ရမှာဖြစ်ပြီး မီးရောင်တွေကို အားလုံးပေါင်း ထည့်ပေးထားတာပါ။ ဘန်ဘာ အပေါ်ဘက်မှာ တပ်ဆင်ထားတဲ့ ကားရဲ့လိုင်စင် နံပါတ် ပြားကိုလည်း Spy Shots တွေမှာမြင်ထား ရတာကြောင့် အခု ပုံကြမ်းမှာလည်း ပါဝင်လာတာ တွေ့ရပါတယ်။
လက်ရှိ အချိန်အထိ အဆိုပါ ကားနဲ့ ပတ်သက်လို့ သိရသလောက်ကတော့ Full-Size Version အဖြစ် MLA-Flex Platform အပေါ်မှာ အခြေခံ ဖန်တီးလာမယ်ဆိုတာ ဖြစ်ပြီး အင်ဂျင်ပိုင်းတွေကတော့ Mild-Hybrid Six-Cylinder Gas အမျိုးအစားနဲ့ Turbodiesel Engine တွေအဖြစ် ရွေးချယ်လို့ ရလာနိုင်ပါတယ်။ Plugin Hybrid အမျိုးအစား လည်း ပါဝင်လာနိုင်ပြီး အဆိုပါ ကားမှာဆိုရင်တော့ BMW ဆီက Twin Turbo 4.4 Liter V8 Engine ဖြစ်လာနိုင်ပါတယ်။ ဒါတင်မကသေးပဲ Eight-Cylinder အင်ဂျင်ရွေးချယ်စရာကိုလည်း စွမ်းဆောင် ရည်မြင့် SVR Model မှာ ထည့်သွင်းပေးလာဦးမယ်လို့ မျှော်လင့်ရပါတယ်။ လက်ရှိ အချိန်ထိတော့ အဆိုပါ မျိုးဆက်သစ် ကားကို ဘယ် အချိန် လောက်မှာစတင်မိတ်ဆက် လာမယ်ဆိုတာ မသိရသေးပေမယ့် အခုရက်တွေထဲ မြင်ရတဲ့ ကားရဲ့ ပုံရိပ်တွေ ကတော့ အပေါ်ယံ အကာ အရံတွေ သိပ်မမြင်ရတော့တာကြောင့် မကြာခင်ပဲတရားဝင် မိတ်ဆက် လာတော့မယ်လို့ ယူဆရတာပဲဖြစ်ပါတယ်။
Ref: motor 1.com