အခုနှစ်ရဲ့ တတိယကာလ အပိုင်းအခြားလောက်မှာ စတင် ‌ရောင်းချလာမယ့် 2023 Ram ProMaster ကား အသစ် ကတော့ Van ကား စျေးကွက်ထဲမှာ ပိုမို ပြိုင်ဆိုင်နိုင်ဖို့အတွက် ကားရဲ့ ရုပ်ထွက်အသစ်၊ နည်းပညာ အသစ် တို့အပြင် အဆင့်မြှင့်တင်ထားတဲ့ ကားကိုယ်ထည် တို့နဲ့ ပွဲထွက်လာပြီ ဖြစ်ပါတယ်။ ရုပ်ထွက်အပိုင်း မှာ သိသိသာသာ ပြောင်းလဲ လာခဲ့တဲ့ အခု ကားသစ်ကတော့ မနှစ်က ကား အဟောင်းနဲ့ ယှဥ်မယ်ဆိုရင် အရှေ့ဘက်က ပလတ်စတစ် အပိုင်းက လေးထောင့်ပိုကျလာခဲ့ပြီး အောက်ဘက်ထောင့်တွေမှာ ဆိုရင်လည်း Trapezoidal Openings တွေ အနေနဲ့ အပေါက် လေးတွေ ပါဝင်လာပါတယ်။ ကားရဲ့  Grille ကတော့ အနက်ရောင် သီးသန့် ဒါမှမဟုတ် Chrome ပတ်ပတ်လည် ထည့်ပေးထားတဲ့ ဒီဇိုင်းတွေနဲ့ ရွေးချယ်လာနိုင် မှာပါ။

Photo Credit: motor 1.com

Headlights တွေကလည်း ယခင်ကထက် ပိုမို ‌တောက်ပကောင်းမွန်တဲ့ Halogen မီးလုံးတွေကို သုံးထားပြီး LED Lamps တွေကလည်း ပိုကောင်းတဲ့ အကွာအဝေးအထိ မြင်ရ‌အောင် ပြသ‌ပေးနိုင်ကာ Fog Lights တွေလည်း ပါဝင်လာ ပြီ ဖြစ်ပါတယ်။ အ‌နောက်ဘက်မှာ ဆိုရင်တော့ Roll Up တံခါးကို ရွေးချယ်စရာအဖြစ် ထည့်သွင်းပေးထားကာ Ram ကတော့ မကြာခဏ ကုန်အတင်အချ ပြုလုပ်ရလေ့ရှိတဲ့  Customers တွေ အတွက် ပိုပြီး စဥ်းစားပေးထားပါတယ်။ ကားရဲ့ ကိုယ်ထည်ကလည်း ယခင်ကထက် ပေါ့ပါးစေအောင် အလူ မီနီယံတွေနဲ့ ဖန်တီးပေးထားပြီး Super-High Roof ဆိုတဲ့ အမိုးဒီဇိုင်းအသစ်ကိုလည်း ရွေးချယ်စရာ အဖြစ် ထည့်ပေးထားပါသေးတယ်။ အဆိုပါ အမိုးမှာဆိုရင်တော့ မူလ ကားထက် ၁၀ လက်မ လောက်ကို ပိုမြင့်တဲ့ အမိုးအဖြစ် ရရှိနိုင်တာဖြစ်ပြီး ၁၃.၅ လက်မ အရှည်ရှိတဲ့ Van ကားတစ်မျိုးတည်းမှာပဲ ရနိုင်တာပါ။ Roll Up Door တံခါး ဆိုတာကလည်း အခု ကားအတွက်ပဲ သီးသန့်ရွေးချယ်ရရှိ နိုင်မှာ ဖြစ်ပါတယ်။

Photo Credit: motor 1.com

အ‌ရောင်တွေ အနေနဲ့ကတော့ Ceramic Gray နဲ့ Spitfire Orange တို့ဆိုကာ ၂ မျိုးရရှိနိုင်ပြီး ပိုနက်တဲ့ ကားအရောင် ကိုမှ လိုချင်တယ်ဆိုရင်တော့ Black Appearance Package ကို အသစ်ရွေးချယ်နိုင်ဦးမှာပါ။ အင်ဂျင်ပိုင်းမှာ လည်း 3.6 Liter Pentastar V6 Engine ကို သုံးထားတာကြောင့် 276 hp နဲ့ 250 lb-ft Torque အထိ ရှိလာခဲ့တာ ဖြစ်ပါတယ်။ အင်ဂျင်ပိုင်းနဲ့ တွဲဖက်အသုံးပြုနိုင်မယ့် ဂီယာမှာ ဆိုရင်တော့ Nine-Speed Automatic Transmission ကို သုံး ပေးထားပြီး Front-Wheel Drive အနေနဲ့လည်း ရရှိနိုင်မှာပါ။ ကားမောင်းရတဲ့ အပိုင်းတွေ ပိုကောင်းလာ စေဖို့ အတွက် အခု ကားအသစ်မှာတော့ မျဉ်းပြိုင်နဲ့ ၉၀ ဒီဂရီ ကားပါကင် အကူအညီစနစ်တွေကိုပါ ထည့်သွင်းပေးထား ပါသေးတယ်။ Standard Features တွေ အနေနဲ့ ကတော့ ရုပ်ထွက်ကောင်းတဲ့ Backup ကင်မရာ ပါဝင်ထားပြီးသားဖြစ်ကာ ဝယ်ယူသူတွေအဖို့ Digital Rearview Mirror ကိုလည်း ထပ်မံရွေးချယ်တပ်ဆင် နိုင်သေးကာ 360 ဒီဂရီ ပတ်ပတ်လည် Surround View ကင်မရာ စနစ်ကိုလည်း ရွေးချယ်တပ်ဆင်လို့ ရပါသေးတယ်။ ကားရဲ့ အတွင်းခန်းပိုင်းမှာတော့ Uconnect 5 Software ကို Infotainment System အတွက် ထည့်သွင်း ပေးထားပြီး Screen ကတော့ ၇ လက်မ ဒါမှမဟုတ် ၁၀ လက်မအရွယ် ဖြစ်လာနိုင်ပါတယ်။ ဒါ့အပြင် ကားရဲ့ Cabin ပိုင်းမှာ ကြိုးမဲ့ အားသွင်း နိုင်မယ့် Pad လည်း ပါဝင်နေသေးလို့ အတော်လေး အဆင်ပြေစေမယ့် ကားကောင်း တစ်စီးပဲ ဖြစ်ပါတယ်။

Ref: motor 1.com