၁၉၅၂ ခုနှစ် တုန်းကတော့ Porsche အနေနဲ့ 356 America လို့ အမည်ရတဲ့ 356 Sports Car အထူးထုတ် တစ်စီးကို မိတ်ဆက် ပေးခဲ့ဖူးပါတယ်။ အမေရိကအတွက် သီးသန့် ထုတ်ပေးခဲ့တဲ့ အဆိုပါ ကားကတော့ အခုဆိုရင် နှစ်ပေါင်း ၇၀ တောင် ကြာခဲ့ပြီဖြစ်လို့ အမှတ်တရ အနေနဲ့ 2023 Porsche 911 Carrera GTS Cabriolet America Edition ဆိုတဲ့ အထူးထုတ် ကားတစ်စီးကို မိတ်ဆက် ပေးလိုက်ပါတယ်။ အမေရိက ဈေးကွက်ကို ကိုယ်စားပြုပြီး အထူးထုတ် ထားတဲ့ ကားဖြစ်တာကြောင့် နိုင်ငံရဲ့ အမှတ်တရ အရောင်တွေဖြစ် တဲ့ နက်ပြာ၊ အဖြူနဲ့ အနီကို တောင်လှလှပပလေး ပေါင်းစပ် ပေးထားတာပါ။ ကားရဲ့ အပြင်ပိုင်းကိုတော့ Azure Blue အပြာလေးနဲ့ ဖန်တီးပေးထားပြီး ဘီးတွေကတော့ ကြည့်လိုက်တာနဲ့တင် အနီရောင် လိုင်းတွေ နဲ့ ငွေရောင် မျက်နှာပြင်တွေကို ထင်းနေအောင် မြင်ရပါတယ်။ Porsche အဖို့ ကတော့ ဘီးတစ်ဘီး တည်း မှာတင် အရောင်ကွဲတွေ သုံးထားတာ ပထမဆုံး အကြိမ်ဖြစ်ပြီး အမေရိကန် ဆိုတဲ့ အရသာကို သီးသန့် ခံစားနိုင်မယ့် အရောင်တွေ ပါပဲ။ ဒါ့အပြင် အပေါ်ဘက်ကို ဆက်ကြည့်မယ် ဆိုရင်တော့ လေကာ မှန်ဘောင် တွေကို အနက်ရောင် ‌ထည့်ပေးထားတာဖြစ်ပြီး ကိုယ်ထည်အရောင်တွေနဲ့ လုံးဝ မတူကာ ဒါကလည်း 911 မျိုးဆက် ကားတွေမှာ ပထမဆုံးပဲ ဖြစ်ပြန်ပါတယ်။

Photo Credit: motor 1.com

ကားအတွင်းခန်းမှာ ဆိုရင်လည်း အနီ‌ ၊ အဖြူနဲ့ အပြာရောင်လေးတွေကို လှလှပပဆက်စပ်ပေးထား သေးပြီး အစင်းကြောင်းလေးတွေကိုတော့ ဆန့်ကျင်ဘက် အနီရောင်နဲ့ မီးခိုးရောင်လေးတွေ ထည့်ပေးထားပါတယ်။ အခုလို အရောင်ကွဲ လေးတွေ ထည့်ပေးထားပြီး အဖြူရောင်ကို မသုံးတာကတော့ အနီထက်စာရင် အဖြူ ဟာဆိုရင် လုံးဝ နက်မှောင်နေတဲ့ အတွင်းခန်းတွေထဲ ကွဲထွက်ပြီး မလှမပ ဖြစ်နေမှာ ဆိုးလို့ ဖြစ်တယ်လို့ Porsche က ရှင်းပြထား ပါတယ်။ ဒါ့အပြင် အဆိုပါအနီရောင်အစင်းလေးတွေကိုတော့ ဂီယာအုံ အပေါ်လေး မှာ မြင်နေရတဲ့အပြင် တံခါးတွေဟာ ဆိုရင်လည်း အမေရိကန် Roadster ကားတစ်စီးရဲ့ နှစ် ၇၀ အမှတ်တရ ဆိုတဲ့အတိုင်း အထူးထုတ် သီးသန့် ဒီဇိုင်းတွေ လုပ်ပေးထားပါတယ်။

Photo Credit: motor 1.com

ဒါပေမယ့် အခု အထူးထုတ်ဆိုတာ ကတော့ အပေါ်ယံ ဒီဇိုင်းပိုင်းကိုသာ အဓိက ပြင်ဆင်ထားတာကြောင့် စက်ပိုင်း ဆိုင်ရာ ကတော့ 911 GTS နဲ့ အတူတူပဲ ဖြစ်ပါတယ်။ တကယ်တမ်းတော့ မူလ စွမ်းဆောင်ရည်မှာ တင်ပဲ 473 hp အထိ ရှိထားပြီး Rear-Wheel Drive နဲ့ အတူ Manual Gearbox တွေပါ ထည့်ပေးထား တာကြောင့် မဆိုးဘူးလို့ ပြောရမှာပါ။ ဒါ့အပြင် အမေရိက ဈေးကွက်ထဲက အမိုးဖွင့် အလန်းစား အထူးထုတ် ဆိုတဲ့ တစ်စီးတည်းသော Porsche ကားပဲ ဖြစ်ပါတယ်။ ဒါ့အပြင် အခု ကားမှာတော့ ကုမ္ပဏီရဲ့ PASM Sport Suspension စနစ်ကို Standard အနေနဲ့ ထည့်ပေးထားပြီး Sport Exhaust နဲ့ Sport Chroni Package တွေကိုတော့ ‌ထပ်ရွေးချယ်လို့ ရပါသေးတယ်။ ၂ နှစ် လောက် ကြာအောင် အထူးထုတ် ဖန်တီးပေး ခဲ့တဲ့ အခုကားက Carrera GTS Cabriolet  အတွက်တော့ ရွေးချယ် စရာကောင်း တစ်ရပ် ဖြစ်နိုင်ပါတယ်။ ဒါပေမယ့်လည်း ကားအစီးရေကတော့ အမေရိက အတွက် သီးသန့်ကိုမှ အစီး ရေ ၁၁၅ စီးပဲ ဖန်တီးပေးမှာ ဖြစ်ကာ အစီးရေ ၁၀၀ ကတော့ အမေရိက အတွက်နဲ့ ကျန်တဲ့ ကားတွေကိုတော့ ကနေဒါ ကို ပို့ပေးမှာပါ။ ကားရဲ့ ဈေးနှုန်းအနေနဲ့ ကတော့ MSRP $ 186,370 ကျသင့်မှာဖြစ်ပြီး $ 1,450 Destination Fees တွေ လည်း တစ်ပါတည်း ပါဝင်ပြီးသားဖြစ်ပါတယ်။ ကားသစ်တွေကိုတော့ အခုနှစ် နှောင်းပိုင်းလောက်မှာ စတင် ဝယ်ယူနိုင်တော့မှာပါ။

Ref: motor 1.com