ကား ကုမ္ပဏီကြီး Opel ကတော့ Astra GSe ကားရဲ့ နောက်ဆက်တွဲအနေနဲ့ Grandland GSe ကားသစ်ကို ဆက်လက် ထုတ်လုပ်မိတ်ဆက်ပေးလိုက်ပါတယ်။ ဒီကားမတိုင်ခင်မှာ Opel ရဲ့ အင်ဂျင်နဲ့ လျှပ်စစ်မော်တာ ပေါင်းထားတဲ့ ပထမဆုံး Hybrid ကားကိုတော့ ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ် မေလ ကတည်းက မိတ်ဆက်ပေးခဲ့တာဖြစ်ပြီး ဇွန်လ ၂၀၂၁တုန်းကဆိုရင် Facelifted Version ကိုတောင် ထုတ်ပေးခဲ့ပြီး ပါပြီ။ အခု အသစ်ထွက် လာတဲ့ ကားကတော့ Astra GSe ကားရဲ့ Hatchback နဲ့ Wagon ကား အမျိုးအစားတွေနဲ့ တွဲဖက်လာမှာ ဖြစ်ပါတယ်။ အခု ကားကတော့ Compact Crossover ကား အမျိုးအစား ဖြစ်ပြီး Turbocharged 1.6 Liter Gasoline အင်ဂျင်ကို သုံးထားကာ လျှပ်စစ်မော်တာ နဲ့လည်း တွဲထားတာကြောင့် 296 hp အထိ စွမ်းဆောင်နိုင်ပါလိမ့်မယ်။ All-Wheel Drive စနစ်ကိုပါ ကားမှာ ထည့်ပေးထား သေးတာကြောင့် 62 mph ပမာဏ ကို အရှိန်မြှင့်ဖို့ဆိုရင် ၆.၁ စက္ကန့် အတွင်းမှာပဲ ရောက်အောင် မောင်းနိုင်ကာ အမြင့်ဆုံး မြန်နှုန်းကလည်း ၁၄၆ မိုင်အထိ ရှိပါလိမ့်မယ်။ ကားရဲ့ လျှပ်စစ်သီးသန့် နဲ့ပဲ မောင်းမယ် ဆိုရင် တော့ ၈၄ မိုင် အထိကို အမြင့်ဆုံး ရရှိနိုင်မယ်လို့ သိရပါတယ်။

Photo Credit: motor 1.com

Astra GSe ကားနဲ့ အတော်များများတူတဲ့ နည်းပညာတွေလည်း ပါဝင်လာပြီး Suspension ပိုင်း Tuning ပြန်လုပ် ပေးထားကာ ပိုမောင်းကောင်းမယ့် စတီယာတိုင်ကိုလည်း သုံးထား ပေးပါတယ်။ ဒါ့အပြင် ကားရဲ့ အရှေ့ဘက်မှာ McPherson Struts တွေ ထည့်သုံး ပေးထားပြီး Springs တွေနဲ့ Dampers တွေ အတွက် ကိုလည်း Multi-Link စနစ် တွေ သုံး ပေးထားတာ ဖြစ်ပါတယ်။ Sport ဆန်တဲ့ အခု PHEV ကားမှာတော့ ၁၉ လက်မ အရွယ်ဘီးတွေ ပါဝင်လာပြီး အနီရောင် Manta GSe Concept ထဲကအတိုင်း alloy ပုံစံ တွေလည်း ပါဝင်လာပါတယ်။ အခု ကားမှာ နောက်ထပ် ထူးခြားတာကတော့ သာမန် Grandland Version တွေနဲ့ ကွဲထွက်နေစေဖို့အတွက် ကားရဲ့ အမိုးစက်ဖုံးနဲ့ ဘေးဘက်က ဘက်မှန်တွေ အထိကို အနက်ရောင် သီးသန့် ထည့်ပေးထားတာပဲ ဖြစ်ပါတယ်။ ကားသစ်ရဲ့ အနောက်ဘက်မှာတော့ Bespoke Diffuser ကို သုံးထားပြီး Tailgate မှာလည်း အထူးထူတ် တံဆိပ် ပုံစံတစ်ခုကို သုံးပေးထား ပါတယ်။ ကားရဲ့ အတွင်းခန်း မှာတော့ ထိုင်ခုံတွေကို Alcantara သားတွေနဲ့ ပြုလုပ်ပေးထားတဲ့ အပြင် ပိုကောင်းတဲ့ ဘေးဘက် လက်တင် တွေကို လည်း ထည့်သွင်း ပေးထားတာပါ။

Photo Credit: motor 1.com

အခု GSe ကားသစ်ကတော့လာမယ့် ခေတ်သစ် လျှပ်စစ်ကားလောကအတွက် ဂျာမန်ကားတွေထဲ ယခင်က GSiနေရာ ကို ကောင်းကောင်း အစားထိုးခဲ့တာ ဖြစ်ပါတယ်။ နောက်ပိုင်းမှာလည်း ကုမ္ပဏီကနေ လျှပ်စစ် ကားသစ်တွေကို မျှော်လင့်ထားတာထက် ပိုစောပြီး ဈေးကွက်ထဲ ပို့ဆောင်လာနိုင်ပါတယ်။ အကြောင်းကတော့ Opel ရဲ့ မူလ ကုမ္ပဏီ Stellantis ကနေ သာမန်အင်ဂျင်နဲ့ Opel / Vauxhall ကားတွေကို လာမယ့် ၂၀၂၈ မှာတင် ရပ်တန့်သွားဖို့ စီစဉ်နေလို့ပဲ ဖြစ်ပါတယ်။ အဆိုပါ နှစ်အပြီး နောက်ထပ် ၂ နှစ် အရောက်မှာတော့ လျှပ်စစ်ကားတွေချည်းပဲ သီးသန့်ရတော့မယ့် Lineup တွေကိုပဲ ကုမ္ပဏီကနေ ထုတ်လုပ်လာတော့မှာပါ။

Ref: motor 1.com