မူလ 2023 Nissan Z ကားကတင်ပဲ Rear-Wheel Drive၊ 3.0 Liter Twin-Turbo V6 Engine တွေနဲ့အတူ 400 hp ကျော်အထိ ကြမ်းပြထားနိုင်ခဲ့ပြီး ဖြစ်ပါတယ်။ 0-60 mph ပမာဏကိုမှ ၄ စက္ကန့် အောက် လောက်နဲ့တင်ရအောင် အရှိန်တင်မောင်းနိုင်တဲ့ ကားတစ်စီးကိုတော့ $ 40,000 ဝန်းကျင်လောက်နဲ့ ရောင်းချပေးနေခဲ့တာပါ။ ဒါပေမယ့်လည်း အခုတော့ ချီကာဂို အခြေစိုက် AMS Tuning Company ကနေ ကြမ်းပြီးသား Z ကားကိုပဲ ပိုပြီးတော့ အဆင့်မြှင့်တင် ပေးပြီး အလန်းစား စွမ်းဆောင်ရည်တွေဖြစ်အောင် ချပြလာနိုင်ခဲ့တာ တွေ့ရပါတယ်။

Photo Credit: AllAutoExperts

AMS အဖွဲ့ကတော့ 373 hp ရှိတဲ့ မူလကားရဲ့ စွမ်းဆောင်ရည်ကိုပဲ ဘီးတွေပြောင်းတပ်ရုံနဲ့ 440 hpအထိ စွမ်းဆောင်ရည် တိုးတက်လာအောင် ပြောင်းလဲပေးထား‌နိုင်တာပါ။ ဒါတောင်မှ အရေးကြီးတဲ့ ပြုပြင်ပြောင်း လဲမှုတွေ ထပ်မလုပ် ရသေးတာ ဖြစ်ပါတယ်။ အခု ပြုပြင်ထားတဲ့ မူလကားမှာတော့ ဂီယာက အော်တိုဂီယာ ဖြစ်ပြီး တစ်နာရီ ၁၁၆ မိုင် နှုန်းနဲ့ တစ်နာရီ ၄ ပုံ ၁ ပုံကို  ၁၂.၃ စက္ကန့်အတွင်းမှာတင် မောင်းပြထားနိုင်ခဲ့ တာပါ။ ဒါပေမယ့် အခု AMS ရဲ့ အဆင့်မြှင့်တင့်မှုမှာ ဆိုရင်တော့ ကားရဲ့ အင်ဂျင်စွမ်းဆောင်ရည်က အားလုံး အသေးစိတ် အဆင့်မြှင့်တင်အပြီးမှာ 500 hp အထိ ရောက်သွားခဲ့ပါတယ်။ တစ်မိုင်ရဲ့ လေးပုံတစ်ပုံ ပမာဏကို ၁၁.၄၃ စက္ကန့် အတွင်း ရအောင်မောင်းပြနိုင်ခဲ့တာဖြစ်ပြီးစွမ်းဆောင်ရည်ကလည်း တစ်နာရီကို ၁၂၄ မိုင်အထိ မြင့်တက်လာခဲ့ပါတယ်။

Photo Credit: AllAutoExperts

အခုလို အတော်လေး တိုးတက်သွားတဲ့ စွမ်းဆောင်ရည်ပိုင်းတွေအတွက် AMS က ပြင်ဆင်ပေးလိုက်တဲ့ အထဲမှာဆိုရင် အိတ်ဇောစနစ်အသစ် ၊ Downpipe အသစ်တွေ ၊ Heat Exchanger အသစ်တွေ၊  Intercooler နဲ့ 100-Octane Fuel ပမာဏတို့လည်း ပါဝင်လာတာ ဖြစ်ပါတယ်။ ဒါ့အပြင်ကားရဲ့ Diameter မှာ ၂၈ လက်မရှိမယ့် Hoosier Drag တွေကိုလည်း တပ်ဆင်ပေးထား သေးတာကြောင့် ကောင်းပြီးသား Nissan Z ကိုမှ အပျံစားဖြစ်သွားစေခဲ့တဲ့ ပြင်ဆင်မှုလို့ပဲ ဆိုရတော့မှာပါ။

Ref: AllAutoExperts