Nissan ကတော့ မြောက်အမေရိက ဈေးကွက်ထဲမှာ Rogue ကားတွေထဲ နောက်ဆုံးမျိုးဆက်ကို နှစ်အတော်ကြာကတည်းက မိတ်ဆက်ပေးခဲ့ပြီးဖြစ်ပြီး ‌ရှန်ဟိုင်း ကားပြပွဲ ကြီးမှာတော့ အဆိုပါ ကားနဲ့ အမျိုးအစားတူ X-Trail အသစ် ကို ပြန်လည် ချပြလာခဲ့ပြန်ပါတယ်။ အခု ဆိုရင်တော့ အရွယ်အစား အလယ်အ လတ်ရှိတဲ့ အဆိုပါ SUV က ဂျပန် ဈေးကွက် ထဲကိုပါ ပြန်ရောက်လာခဲ့ပြီဖြစ်ပြီး ဥရောပ ဈေးကွက်ကိုလည်း အခုလာမယ့် နွေရာသီ လောက်မှာ ပြန်ဝင်လာနိုင်ပါ တယ်။ အမေရိက က Rogue ကားနဲ့ ယှဉ်မယ် ဆိုရင်တော့ အခုကားမှာ အဓိက ပြောင်းလဲ သွားတာ က အင်ဂျင်အပိုင်း ဖြစ်ပါတယ်။ အမေရိကရဲ့ ကားမှာတော့ Naturally Aspirated 2.5 Liter အင်ဂျင် မပါလာခဲ့ပဲ အခု 2022 Model မှာတုန်းကတော့ Turbocharged Three-Cylinder Engine ကို ထည့်ပေးထားပါ တယ်။ အခု ဂျပန် ပြည်တွင်း ဈေးကွက်အတွက် ကားမှာတော့ ပိုကောင်းတဲ့ e-4ORCE Setup ကိုပါ ထည့်သုံးပေးထားပြီး စွမ်းဆောင်ရည် ၊ ငြိမ့်ညောင်းမှုနဲ့ တိတ်တိတ်ဆိတ်ဆိတ် ရှိမှုတွေကိုက အစ ပိုတိုးတက် ကောင်းမွန်အောင် လုပ်ပေးနိုင်တဲ့ နည်းပညာသစ် ဖြစ်ပါတယ်။

Photo Credit: motor 1.com

အခု ကားသစ် ရဲ့ အဓိက နောက်တစ်ချက်ကတော့ Variable Compression အနေနဲ့ တွဲဖက် ထားတဲ့ ဓာတ်ဆီ အင်ဂျင် ပါပဲ။ ဒါပေမယ့် ထူးခြားတာကတော့ အဆိုပါ အင်ဂျင်က ဘီးတွေကို ‌တွန်းအားပေးတာမဟုတ်ပဲ ကားရဲ့ လျှပ်စစ်စွမ်းအင်အတွက် မီးစက်သဘောမျိုး ထည့်ပေးလိုက်တာပါ။ ဒါကြောင့် ကားမောင်းနေ တဲ့ တစ်လျှောက်မှာ အခု အင်ဂျင် က ကားရဲ့ စွမ်းအင်သုံးစွဲမှု ပိုကောင်းအောင် လုပ်ပေးနေနိုင်မှာဖြစ်ပြီး သာမန် အင်ဂျင်သုံး ကားတွေနဲ့ ယှဉ်မယ်ဆိုရင် လည်း ဆီစားသက်သာစေပြန်ပါတယ်။ အခုလို နည်းပညာကို သုံးထားတာ ကတော့ အခု X-Trial မှာ ပထမဆုံး မဟုတ် သေးပဲ Qashqai ဆိုတဲ့ ကားမှာလည်း စသုံးခဲ့ ဖူးပါသေးတယ်။ ကားရဲ့ Base Model ကတော့ 2 WD ကို မှ 1.5 Liter Engine ကိုပဲ ထည့်ပေးထားတာဖြစ်ပြီး အရှေ့ အနောက်မှာတော့ လျှပ်စစ်မော်တာတွေ ပါမလာတော့ပဲ ရိုးရိုး ပဲသုံးပေးထားပါတယ်။ လျှပ်စစ် စွမ်းအင်သုံး မော်ဒယ်မှာတော့ e-Pedal Step ပါဝင်လာပြီး အရှိန်လျှော့ ချင်ရင် ဘရိတ်ကို အမြဲနင်းနေစရာ မလိုအောင် လီဘာလွှတ်လိုက်တာနဲ့ အရှိန်စလျော့ပေးမယ့် စနစ် ဖြစ်ပါတယ်။

Photo Credit: motor 1.com

ဂျပန် ဈေးကွက် ထဲမှာတော့ အခုကားကိုထိုင်ခုံ ၂ တန်း ဒါမှမဟုတ် ၃ တန်းအထိ ထိုင်လို့ရနိုင်ပြီး  အမြင့်ဆုံး 1,500 W အထိ ထုတ်ပေးနိုင်မယ့် 100V AV Power ကို သုံးပေးထားပါတယ်။ Nissan ကတော့ အဆိုပါ Power Source ကနေ အရေးပေါ် မီးအားလိုရင် လုံလုံလောက်လောက် သုံးပေးနိုင်မယ်လို့ ဆိုထား ပါတယ်။ Digital Instrument Cluster အပိုင်းကိုလည်း ၁၂.၃ လက်မ အရွယ် Screen သုံးထားကာ Touchscreen Infotainment အတွက်လည်း အရွယ်တူ Screen ပဲ ဖြစ်ပါတယ်။ ဒါပေမယ့် ၁၀.၈ လက်မ အရွယ်ရှိမယ့် အမိုးပေါ်က Head-Up Display ကိုလည်း ထပ်မံ ရွေးချယ် ဝယ်ယူနိုင်ပါသေးတယ်။ ဈေးနှုန်း တွေ အနေနဲ့ကတော့ လက်ရှိ ငွေကြေးနှုန်းတွေအရဆိုရင် အမေရိကန် ဒေါ်လာ 23,100 ကနေ အခြေခံပြီး အမြင့်ဆုံး $ 32,600 အထိ ရှိလာနိုင်ပါတယ်။ 2 WD Model မှာတော့ ထိုင်ခုံတန်း ၂ တန်းပဲ သီးသန့်ရနိုင်မှာ ဖြစ်ပြီး ကိုယ်ထည် အရောင်ကို ၁၂ ရောင် အထိ ရနိုင်မှာဖြစ်ကာ နှစ်ရောင်စပ်လေးတွေလည်း ရွေးချယ် နိုင်ပါသေးတယ်။ ကားရဲ့ အတွင်းခန်းမှာတော့ Fabric နဲ့ လယ်သာ Upholstery သားတွေကို Nissan ရဲ့ ကိုယ်ပိုင် Water-Repellent Tailor Fit နဲ့ အဝတ်စ သားတွေနဲ့ ပေါင်းစပ် ဖန်တီးပေးထားတာပဲ ဖြစ်ပါတယ်။

Ref: motor 1.com