Nissan Versa ကားအမျိုးအစား ကတော့အပြောင်းအလဲ တစ်ချို့နဲ့အတူ 2023 Version အဖြစ် ထွက်ပေါ်လာခဲ့ ပါပြီ။ ကားသစ်မှာတော့ Grille အပိုင်း ကို ဒီဇိုင်း ပြောင်းထားပြီး Trim အသစ်လည်း ထည့်ပေးထား ကာ အပြင်ဘက် ကား အရောင်သစ်လည်း ပါလာမယ်လို့ သိရပါတယ်။ အခု ကားသစ်တွေကိုတော့ လာမယ့် ဆောင်းဦးမှာတင် စတင် ရောင်းချတော့မှာဖြစ်ပြီး သိသိသာသာပြောင်းသွားတဲ့ အပိုင်းကို ပြပါဆိုရင်တော့ အရှေ့ဘက် Fascia ပါပဲ။ သာမန် Nissan ရဲ့ V-Motion Grille က ယခင်ကထက် ပိုကျယ်လာပြီး Chrome Accents လေးတွေကိုလည်း Headlights တွေ အောက်မှာ ထည့်ပေးလာတာ မြင်ရပါတယ်။ ဒါပေမယ့် Fascia တစ်ခြားအပိုင်းတွေ အထိ ကားရဲ့ တံဆိပ်နဲ့ ဆက်စပ် ထည့်ပေးထားတဲ့ Chrome Accent လေးတွေကိုတော့ မမြင်ရတော့ပါဘူး။ Nissan အနေနဲ့ အခုကားရဲ့ SR Model မှာ ကားဘန်ဘာ အနိမ့်ပုံစံ ထည့်ပေး ထားပြီး အပြင်ဘက်မှာလည်း ရိုးရှင်းပြီး လှပတဲ့ Brand တံဆိပ် ကိုထည့်ပေးထားပါတယ်။

Photo Credit: motor 1.com

ကားသစ်မှာတော့ S ၊ SV နဲ့ SR ဆိုတဲ့ Trim ၃ ခုအထိ ရလာမှာဖြစ်ပေမယ့် S Trim ကတော့ 2023 Model Upgrade အနေနဲ့ ရလာမှာ မဟုတ်ပါဘူး။ ဒါပေမယ့် အဆိုပါ Trim အစား S Plus Package ကို ရောင်းချ ပေးမှာ ဖြစ်ပြီး Apple CarPlay နဲ့ Android Auto စနစ်တို့ကို တစ်ပါတည်း ထည့်ပေးထားတဲ့အပြင် 60/40 အထိ ချိုးချလို့ရမယ့် အနောက်ဘက် ထိုင်ခုံတွေနဲ့ ၁၆ လက်မ အရွယ် အလွိုင်းဘီးတွေလည်း ပါဝင်လာ ပါတယ်။ Standard Versa S အနေနဲ့ ကတော့ ၇ လက်မအရွယ် Touchscreen Display ၊ USB အပေါက် ၃ ပေါက်နဲ့ သော့မလိုတဲ့ Remote စနစ် တို့ ပါဝင်လာတာပဲ ဖြစ်ပါတယ်။ အလယ်အလတ် SV Trim မှာ ဆိုရင်တော့ Center Console ကိုမှ လက်တင်စရာ လေး ပါလာသလို ကြိုးမဲ့ဖုန်းအားသွင်းစရာ နေရာနဲ့ Chambray ဆိုတဲ့ အတွင်းခန်း အရောင်အသစ်တွေ ပါဝင်လာ ပါတယ်။ SR trim မှာကတော့ အခု အချက် အလက်တွေအပြင် ၈ လက်မအရွယ် Touchscreen ၊ Intelligent Cruise Control ၊ Automatic Climate Control စနစ်တို့အပြင် အခြားသော ဆက်သွယ်ရေးပိုင်း ဝန်ဆောင်မှုတွေလည်း အစုံ ပါဝင်လာမှာပါ။ SV နဲ့ SR Models အသစ်တွေမှာတော့ Gray Sky Pearl အရောင်သစ်ကိုထည့်ပေးထားပြီး ၁၇ လက်မ အရွယ်ဘီး ဒီဇိုင်းအသစ်ကိုလည်း တပ်ဆင်ပေးထားပါတယ်။ လုံခြုံရေးပိုင်းအတွက်ကိုလည်း အလိုအ လျောက် ဘရိတ်နဲ့ လမ်းသွားလမ်းလာတွေ ထောက်လှမ်းနိုင်တဲ့ စနစ်တွေကို စံအနေနဲ့ ထည့်ပေးထားပါတယ်။ ဒါတွေတင် မကသေးပဲ High Beam Assist၊ အနောက်ဘက် အလိုအလျောက် ဘရိတ်နဲ့ လမ်းအဝင် အထွက် ကား အနေအထား သတိပေး စနစ်တွေကို လည်းထည့်ပေးထားသေးပြီး အခြားသော လိုအပ်တဲ့စနစ်တွေဖြစ်တဲ့ Rear Cross-Traffic Alert နဲ့ Blind-Spot Warning စနစ်တွေလည်း ပါဝင်ပါတယ်။

Photo Credit: motor 1.com

အင်ဂျင်ပိုင်းတွေ ကတော့ 1.6 Liter Four-Cylinder Engine ကို သုံးထားပြီး ယခင်အတိုင်းပဲ ဖြစ်ကာ 122 hp နဲ့ 114 lb-ft Torque အထိ စွမ်းဆောင်နိုင်ပါတယ်။ Entry-Level S Trim မှာဆိုရင်တော့ Five-Speed Manual Transmission ပါဝင်လာမှာ ဖြစ်ပြီး Nissan ရဲ့ Xtronic Continuously Variable Transmission ဂီယာစနစ်ကို တော့ S Trim မှာ ရွေးချယ်စရာအနေနဲ့ ထည့်ပေးထားကာ SV နဲ့ SR တို့မှာတော့ တစ်ပါတည်း ထည့်ပေးထားပါတယ်။ ဈေးနှုန်းတွေကိုတော့ စတင်ရောင်းချခါနီးမှသာ ချပြကြေညာလာမှာပဲဖြစ်ပါတယ်။ 2022 Versa S ကားအနေနဲ့ကတော့ $ 20,085 ကနေ စတင်ခဲ့တာဖြစ်ပြီးအရာရာဈေးတက် လာနေခဲ့တဲ့ အခြေအနေတွေ ကြောင့်တော့ အခု Versa ကားဈေးတွေကလည်း မနှစ်ကထက်တော့ပိုလာဖို့ပဲ ရှိပါတယ်။

Ref: motor 1.com