ဒီဇင်ဘာမှာ အရောင်းဈေးကွက် ဝင်လာမယ့် 2023 Nissan Versa ကားသစ်တွေရဲ့ ဈေးနှုန်းတွေကိုတော့ စတင်သိလာ ရပြီဖြစ်ပါတယ်။ အတော်လေး အဆင့်မြှင့်တင် ပြောင်းလဲထားတဲ့ ကားတွေကို ပြီးခဲ့တဲ့ အောက်တို ဘာလကမှ မိတ်ဆက်ထားတာဖြစ်ကာ ဈေးကွက်အတွင်း တစ်နေရာရဖို့ အတွက်လည်း ရေပန်းစားလာနေပါတယ်။ အဆိုပါ ကား Lineup ထဲမှာမှ Base Model S Trim ကို 5-Speed Manual Gear နဲ့ ဝယ်ယူမယ်ဆိုရင်တော့ $ 15,730 ကျသင့်မှာဖြစ်ပြီး အဆိုပါ ကားကိုပဲ Xtronic CVT Gear နဲ့ဆိုရင်တော့ $ 17,400 ကျသင့်မှာပါ။ အလယ် အလတ်အဆင့် မော်ဒယ် Versa SV ကားဆိုရင်တော့ $ 19,020 ကျသင့်မှာဖြစ်ပြီး အမြင့်ဆုံး Versa SR ကားဆိုရင် တော့ $ 19,720 ကနေ စတင်ကျသင့်မှာပဲ ဖြစ်ပါတယ်။
အခု ကားရဲ့ အမြင်ပိုင်း သိသိသာသာ ပြောင်းလဲမှုကတော့ အရှေ့ပိုင်း ဖြစ်ပြီး Fascia အသစ်ကိုရလာခဲ့တာပါ။ V-Motion Grille Design ဆိုရင်လည်း ယခင်ကထက် ပိုကျယ်လာသလို ဒီဇိုင်းကပါ အသစ် ဖြစ်သွား ပါတယ်။ ဒါတင် မကသေးပဲ Chrome Accent လေးတွေနဲ့ ပြင်ပေးထားတဲ့ ကားရဲ့ မီးကြီးအောက် ဘေးထောင့်လေးတွေ ကလည်း အတော်ကို သပ်ရပ်ကြည့်ကောင်းနေတာ တွေ့ရမှာပါ။ Nissan အနေနဲ့ ကားသစ်ရဲ့ ဘန်ဘာ အောက်နားမှာလည်း အပြင်အဆင်လေးတွေ လုပ်ပေးထားပြီး ကားတံဆိပ်ကိုလည်း ခပ်ပြားပြားနဲ့ ရိုးရိုးရှင်းရှင်း ပုံပြောင်းပေးထား လိုက်ပါတယ်။ S Trim မှာတော့ အခုလို အပြောင်းအလဲတွေကို သိသိ သာသာရနိုင်မှာ မဟုတ်ပဲ S Plus Package မှာ ဆိုရင်တော့ Apple CarPlay နဲ့ Android Auto စနစ်တို့ကိုပါ ရလာဖို့ ရှိပါတယ်။ ဒါ့အပြင် 60/40 ပမာဏ လောက် အထိ ချိုးချလို့ရတဲ့ အနောက်ဘက် ထိုင်ခုံတွေနဲ့ ၁၆ လက်မ အရွယ် အလွိုင်းဘီး တွေကလည်း ကားသစ်အတွက် လိုက်ဖက်နေပါတယ်။ အလယ်အလတ် ရှိတဲ့ Versa SV Trim ကားကတော့အတွင်းခန်း အလယ် Center Console မှာ လက်တင်စရာနေရာ ၊ ကြိုးမဲ့ ဖုန်းအားသွင်းစနစ်နဲ့ Chambray ဆိုတဲ့ အတွင်းခန်း အရောင်သစ်တို့ပါဝင် လာပါတယ်။ Lineup ထဲ အမြင့်ဆုံး ဖြစ်တဲ့ SR Grade ကတော့ ၈ လက်မ အရွယ် Touchscreen ၊ Intelligent Cruise Control စနစ်၊ အလိုအလျောက် အပူချိန် ထိန်းစနစ်နဲ့ အခြားသော ချိတ်ဆက်ဆက်သွယ်ရေး စနစ်တွေပါ တော်တော်များများ ပါဝင်လာပြီ ဖြစ်ပါတယ်။
SV နဲ့ SR Model တွေမှာ ထူးခြားတာ တစ်ခုကတော့ Gray Sky Pearl ဆိုတဲ့ အရောင်သစ် ပါဝင်လာတာဖြစ်ပြီး SR ကားမှာဆိုရင်တော့ ၁၇ လက်မ အရွယ်ဘီးဒီဇိုင်းတွေကိုပါ မြင်ရဦးမှာပါ။ Versa ကားတိုင်းမှာ စံအနေနဲ့ ထည့်ပေးထားမှာ ကတော့ အလိုအလျောက် အရေးပေါ် ဘရိတ်စနစ်ကိုမှ လူသွားလူလာကို ထောက်လှမ်းနိုင်မယ့် နည်းပညာ ၊ Lane Departure Warning သတိပေး စနစ် ၊ အလိုအလျောက် အနောက် ဘရိတ်စနစ်နဲ့ High Beam Assist စနစ်တို့ပဲ ဖြစ်ပါတယ်။ နောက်ထပ် Blind Spot Warning သတိပေးစနစ်နဲ့ Rear Cross Traffic Alert စနစ် တို့ကိုတော့ ရွေးချယ်စရာတွေ အနေနဲ့ပဲ မြင်ရမှာပါ။ အဆိုပါ 2023 Nissan Versa ကားသစ်တွေကိုတော့ လာမယ့် ဒီဇင်ဘာ ၂၁ ရက် နေ့မှာ စတင် ဝယ်ယူနိုင်တော့မှာပဲ ဖြစ်ပါတယ်။
Ref: motor 1.com