အသစ် ထွက်ပေါ်ထားတဲ့ Refreshed 2023 Nissan Leaf အသစ်ရဲ့ အခြေခံ ဈေးနှုန်းကတော့ $ 28,895 ကနေ စတင်လာပြီ ဖြစ်ပါတယ်။ ကားသစ်မှာတော့ ရိုးရိုးရှင်းရှင်းအနေနဲ့ Trim Level ၂ မျိုး တည်းနဲ့ ပဲ ထွက်လာတာ ဖြစ်ပြီး အခု ဆိုရင်တော့ အဆိုပါ ကားတိုင်းကို Showroom တွေမှာ ရရှိနိုင်ပါပြီ။ အခု ဒီဇိုင်း အပြောင်းအလဲ တစ်ချို့နဲ့ Leaf အသစ်မှာကတော့ ယခင် Nissan အမှတ်သညာ V-Shared Grille ပုံ သိပ်မပေါက်တော့မယ့် ရုပ်ထွက်အသစ် ဖြစ်အောင် ဖန်တီးပေးထားပါတယ်။ ကားရဲ့ ဘန်ဘာကလည်း ယခင်ထက် ပိုပြီး ကြွကြွရွရွ ရှိလာခဲ့သလို Headlight တွေကိုလည်း အပြောင်းအလဲတွေ လုပ်ပေးထား ပါသေးတယ်။ ကားရဲ့ အရှေ့ဘက်က တံဆိပ်ကိုတော့ မီးရောင် လေးနဲ့ အတူ ရုပ်လုံးကြွ လုပ်ပေးလာပြီ ဖြစ်ကာ ၁၇ လက်မ အရွယ် Multi-Spoke ဘီး တွေကလည်း SV Model မှာ စံ အနေနဲ့ကို ပါဝင်လာပါပြီ။ S Model မှာဆိုရင်တော့ ရွေးချယ်စရာ အနေနဲ့ ရလာနိုင်မှာဖြစ်ပြီး ကားရဲ့ အနောက်ဘက် မှာ ကတော့ Diffuser နဲ့ Spoiler တို့ကို Aerodynamic ပိုကောင်းစေမယ့် ပုံစံတွေနဲ့ ဖန်တီး ပေးထားပါတယ်။
Cabin အပိုင်း ကလည်း အနက်ရောင် Fabric Upholstery တွေ သုံးပေးလာပြီး S Trim မှာ ဆိုရင်တော့ မီးခိုးရောင် Trim ၊ SV Model မှာ ဆိုရင်တော့ Gloss Black Accents တွေ အနေနဲ့ ရနိုင်မှာပါ။ ဒါ့အပြင် ကားရဲ့ Instrumental Panel ထဲက စက်နှိုး ပြီးရင်စစချင်း မြင်ရမယ့် Video က အစ အသစ် ဖြစ်သွား ခဲ့ပါပြီ။ Trim တွေ အကုန်လုံး ကတော့ Nissan ရဲ့ Safety Shield 360 Tech ပါဝင်လာခဲ့ပြီ ဖြစ်ပြီး SV Plus မှာ ဆိုရင်တော့ Pro Pilot Assist 3 ယာဉ်မောင်း အကူ လုံခြုံရေးစနစ်နဲ့ Intelligent Around View Monitor လည်း ပါဝင်လာပြီ ဖြစ်ပါတယ်။ စက်ပိုင်းဆိုင်ရာမှာ ကတော့ ယခင် မော်ဒယ် အတိုင်း ဆက်သုံး ပေးထားပြီး S Model မှာ ဆိုရင် လျှပ်စစ်မော်တာ တစ်လုံးနဲ့အတူ 147 hp ၊ 238 lb-ft Torque အထိ ရှိလာမှာဖြစ်ကာ SV Plus မှာကတော့ 214 hp နဲ့ 250 lb-ft Torque အထိ ရှိလာ နိုင်ပါတယ်။
Nissan Leaf အသစ်ကိုမှ သေချာပြင်ဆင်ထားတဲ့ ကားတစ်စီးကလည်း အခုနှစ်ရဲ့ Pikes Peak International တောင်တက် ကားမောင်းပြိုင်ပွဲ အထိကို ဝင်ရောက် ယှဉ်ပြိုင် နေပါတယ်။ အဆိုပါ အထူး ဖန်တီးထားတဲ့ Nissan Leaf မှာတော့ အပြင်ပိုင်းမှာ Aerodynamic ပိုကောင်းသထက် ကောင်းအောင် အပြင်အဆင်တွေ လုပ်ပေးထားပြီး ပိုကြီးတဲ့ အရှေ့ဘက်က Splitter တွေကိုလည်း ထည့်ပေးထားပါတယ်။ ပိုကျယ်တဲ့ Fenders တွေ ၊ တကယ်ကြီးတဲ့ အတောင်ပံ Wing ကြီး တစ်ခုနဲ့ ပိုသိသာလာတဲ့ Diffuser တွေကြောင့် အဆိုပါကားက ပြိုင်ပွဲဝင်ဖို့ ဆိုတာ ပိုထင်ရှားနေစေသလို ကားကိုလည်း ပိုပြီး ပေါ့ပေါ့ပါးပါး ရှိအောင် စီစဉ်ပေးထား ပါသေးတယ်။ အဆိုပါ ပြိုင်ပွဲဝင် Leaf ရဲ့ စက်ပိုင်းဆိုင်ရာ အပြောင်းအလဲတွေ ကို တော့ မသိထားရတာပဲ ဖြစ်ပါတယ်။ Leaf ရဲ့ နောက်ထပ် မျိုးဆက်သစ်ကတော့ ၂၀၂၅ လောက်မှ ရောက် လာမယ်လို့ ခန့်မှန်းထားပြီး လက်ရှိ Hatchback ကိုယ်ထည်ထက်စာရင် Crossover ဘက်ကို ပုံပြောင်း သွားနိုင်ကာ Renault-Nissan-Mitsubiahi ပူးပေါင်း လုပ်ငန်ကြီးရဲ့ CMF-EV Platform ကို သုံးလာနိုင် လိမ့်မယ်လို့ ယူဆရတာပဲ ဖြစ်ပါတယ်။
Ref: motor 1.com