၂၀၁၆ ခုနှစ် တုန်းကမှ ဘရာဇီး ကားဈေးကွက်ထဲ စတင်မြင်လာရတဲ့ Nissan Kicks ကားကတော့ မြောက် အမေရိက ကားဈေးကွက်ထဲကို ၂၀၁၈ ခုနှစ်တုန်းက Nissan Juke အစား စတင်ဝင်ရောက်လာခဲ့တာပါ။ အခုဆိုရင် တော့ ၃ နှစ်ကျော်ကြာအပြီးမှာ အဆိုပါ Crossover အသစ်ကို အရှေ့ဘက် ခေါင်းပိုင်းဒီဇိုင်း အပြောင်းအလဲ ၊ နည်းပညာသစ်တွေနဲ့ 2023 Model အသစ်အဖြစ် ပေါ်ထွက်လာ ခဲ့ပါတယ်။ အမြင်ပိုင်းအရ အပြောင်းအလဲမှာ အရမ်းကြီးမားတာမျိုး မဟုတ်ပေမယ့်လည်း အစိတ်အပိုင်းတွေ နည်းပညာသစ်တွေနဲ့အတူ ဈေးနှုန်းတွေလည်း အနည်းငယ်တော့ ပိုတက်လာခဲ့ပါပြီ။ အခု ကားသစ်တိုင်းမှာ Nissan ရဲ့ Safety Shield 360 လုံခြုံရေးစနစ်ကို ရရှိလာမှာဖြစ်သလို Base Trim ဖြစ်တဲ့ Kicks S Model တောင်မှ $ 20,290 က စတင်လာတော့မှာပါ။ အဆိုပါ Entry-Level Model မှာ Standard အနေနဲ့ ပါဝင်လာမှာတွေက တော့ ၇ လက်မအရွယ် Touchscreen Infotainment ကိုမှ Apple Carplay နဲ့ Android Auto စနစ်တွေပါ ပေါင်းစပ်ထည့်ပေးထားတော့မှာ ဖြစ်ပါတယ်။ ဒါ့အပြင် USB အပေါက် ၃ ပေါက်နဲ့ အင်ဂျင် အပိတ်အဖွင့် အတွက်လည်း ခလုတ်နဲ့ ဖြစ်လာပါတယ်။ ပိုမြင့်တဲ့ Kicks SV ကားကို ကြည့်မယ် ဆိုရင်တော့ ၁၇ လက်မအရွယ် ဘီးတွေ ၊ အမိုးကိုင်း အသစ်တွေနဲ့ Adaptive Cruise Control စနစ် ၊ ပိုကြီးမားလာတဲ့ ၈ လက်မ အရွယ် Infotainment Display တို့ ပါဝင်လာကာ အင်ဂျင်ကို အဝေးထိန်း စနစ်နဲ့ စက်နှိုးနိုင်မယ့် လုပ်ဆောင်ချက်ပါ ပါဝင်လာပါတယ်။ အဆိုပါ ကားကတော့ ဈေးအနေနဲ့ $ 22,150 ကနေစတင် လာမှာပါ။
Range ထဲ အမြင့်ဆုံးဖြစ်တဲ့ Kicks SR ကတော့ $ 22,850 ကနေ စတင်လာမှာဖြစ်ပြီး အနက်ရောင် အမိုးနဲ့ ဘက်မှန်တွေ ၊ LED Headlights တွေနဲ့ Fog Lamps အသစ်တွေအပြင် လယ်သာသားနဲ့ စတီယာတိုင် ၊ အလို အလျောက် Climate Control စနစ်တွေလည်း ပါဝင်လာတော့မှာပါ။ ရွေးချယ်လို့ရဦးမယ့် Premium Package မှာဆိုရင်လည်း Bose High-End စပီကာ ၈ လုံးပါ အသံစနစ်ပါ ပါဝင်လာပါသေးတယ်။ ဒါ့အပြင် အပူပေးစနစ်နဲ့ ထိုင်ခုံတွေ ၊ စတီယာတိုင်နဲ့ Nissan Connect Services တွေ ၊ ကိုယ်ပိုင် ဝိုင်ဖိုင် စနစ်တို့ပါ ပါဝင်လာအုံးမှာပါ။ Trim Level တွေကို ခဏဖယ်ထားပြီး ကားအားလုံးကို ခြုံကြည့်မယ်ဆိုရင် တော့ ကားမှာ 1.6 Liter Four-Cylinder Engine ကို သုံးထားပြီး ယခင်ကားမော်ဒယ်တွေ အတိုင်းပဲ ရှိသေးတာ ဖြစ်ပါတယ်။ ဒါကြောင့် အမြင့်ဆုံး စွမ်းဆောင်ရည်ကလည်း 122 hp နဲ့ 144 lb-ft Torque အထိ ရှိနေမှာဖြစ်ကာ Continuously Variable Transmission ဂီယာနဲ့ Front-Wheel Drive စနစ်တွေအဖြစ် ဝယ်ယူရရှိနိုင်မှာပါ။
2021 Facelift Version တုန်းကတော့ Kicks ကားအနေနဲ့ အနောက်ဘက် မီးလုံး ဒီဇိုင်းအသစ်တွေကို ရထားခဲ့ ပြီးသားဖြစ်ပြီး LED Bar ကိုလည်း အနောက်ဘက် Trunk Lid တစ်လျှောက် ထည့်ပေးထားကာ အရှေ့ဘက်မှာ ထက် ပိုပြီးမြင်သာတဲ့ ပုံလည်းပေါက်နေပြန်ပါတယ်။ နောက်ထပ် အမြင်ပိုင်းဆိုင်ရာ အပြောင်းအလဲ တစ်ရပ် ကတော့ Double V-Motion Grille လို့ခေါ်ဆိုလို့ရတဲ့ LED Headlights တွေအကြားက အပြင်အဆင် လှလှပပနဲ့ Grille Design အသစ်ပါပဲ။ ဒါ့အပြင် ကားရဲ့ ဘန်ဘာကလည်း ပိုပြီး အချွန်အထက် ပုံစံမျိုးနဲ့ ဒီဇိုင်း ပြန်ပြောင်းလာခဲ့ ကာ LED Fog Lamps တွေကိုလည်း Trim Level တွေ အတော်များ များမှာ မြင်ရဦးမှာ ဖြစ်ပါတယ်။
Ref: motor 1.com