Nissan ကတော့ 2023 Armada ကားသစ်တွေရဲ့ ဈေးနှုန်းတွေကို တရားဝင် ကြေညာလိုက်ပြီဖြစ်ပြီး ဈေးတွေ တက်လာတာ သိသာပေမယ့် အများကြီးတော့ မဟုတ်ဘူးလို့ပဲ ဆိုရမှာပါ။ ဒါပေမယ့် ကားမော်ဒယ် သစ် ဖြစ်သွားတာနဲ့အညီ Features အသစ်တွေကိုလည်း Trim အလိုက် ထည့်ပေးလာပါတယ်။ 2023 Nissan Armada ကတော့ အခု ‌ဆိုရင် S 4×2 Trim အတွက်ကို $ 50,400 ကနေ စတင်လာပြီ ဖြစ်တာ ကြောင့် မနှစ်က အမျိုးအစားတူထက် ဒေါ်လာ ၅၀၀ လောက် ပိုတက်လာတာပါ။ SV Trim ကားသစ်ကတော့ဈေးအတက်ဆုံးလို့ ဆိုနိုင်ပြီး ဒေါ်လာ ၈၈၀ လောက် ဈေးတက်သွားတာကြောင့် $ 54,950 အထိကို ဖြစ်သွား ပါတယ်။ နောက်ထပ် SL နဲ့ Platinum Trim တွေမှာကတော့ $ 610 နဲ့ $ 520 လောက်အထိ အသီးသီး ဈေးတက်လာတာ တွေ့ရမှာပါ။

Photo Credit: moto 1.com

ဒါပေမယ့် အခုတရားဝင် ဈေးနှုန်းတွေ ကြေညာလိုက်တဲ့အထဲမှာ Armada Midnight Edition အသစ် မပါလာခဲ့တာ ကြောင့် ဈေးမသိ ရ‌နိုင်သေးပါဘူး။ ဒါ့အပြင် အပေါ်မှာ ဖော်ပြထားတဲ့ ကားတွေရဲ့ ဈေးအသီးသီး မှာ အခွန်အခ ပမာဏတွေ ဖြစ်တဲ့ $ 1,695 လောက်ကို မပါဝင်သေးတာကြောင့် အဆိုပါ နှုန်းထားတွေပါ ထည့်တွက်မယ်ဆိုရင် $ 52,095 လောက် ကနေကို ကားသစ်တွေက စတင် ကျသင့်လာတော့မှာပါ။ တကယ် လို့ 4×4 Drivetrain ပုံစံမျိုးတွေ ကိုဝယ်ချင်တယ် ဆိုရင်လည်း မနှစ်က ကားဈေးထက် 4×2 ကားတွေ တုန်းကလို အလားတူ ပမာဏတွေပဲ ဈေးတက် မှာ ဖြစ်ပါတယ်။ လက်ရှိ 2023 Nissan Armada ကားသစ်ရဲ့ Trim တိုင်းမှာ အသစ် ပါဝင်လာမှာကတော့ Amazon Alexa စနစ်ဖြစ်ပြီး သီချင်းနားထောင်တာ ၊ နေရာတွေ ရွေးခိုင်းတာနဲ့ Smart Home Devices တွေကို ထိန်းချုပ်တာ ၊ အသံနဲ့ခိုင်းစေတာတွေကအစ ကောင်း ကောင်းလုပ်ပေးနိုင်မယ့် Assistant စနစ် ဖြစ်ပါတယ်။ Armada SV Trim မှာဆိုရင်တော့ Remote Engine Start စနစ် ပါဝင်လာပြီး LED အရှေ့ဘက် Fog Lights မီးတွေ ၊ အလိုအလျောက် အလင်းအမှောင် လုပ်ပေးနိုင်မယ့် Rearview Mirror တွေလည်း ပါဝင်လာပါတယ်။ ဒါတင်မကသေးပဲ Universal Garage Door Opener လည်း ပါဝင်လာတာကြောင့် ဂိုဒေါင် အဝင်အထွက်တွေအတွက် အဆင်ပြေစေကာ Armada SL မှာဆိုရင်တော့ Standard အနေနဲ့ အပူပေးထားနိုင်မယ့် စတီယာတိုင်တို့ကိုလည်း ထည့်ပေးလာပြီ ဖြစ်ပါတယ်။

Photo Credit: moto 1.com

2023 Armada ကားတွေအတွက် အင်ဂျင်ပိုင်းရွေးချယ်စရာတွေကို ကြည့်ယ် ဆိုရင်တော့ 5.6 Liter Endurance V8 အင်ဂျင် ရှိနေပြီး 400 hp နဲ့ 413 lb-ft Torque အထိ စွမ်းဆောင်နိုင်မှာပါ။ ကားရဲ့ အမြင့်ဆုံး ဆွဲနိုင်မယ့် အလေးချိန် ပမာဏကတော့ ပေါင် ၈,၅၀၀ အထိ ဖြစ်တာကြောင့် လေးပင်တဲ့ နောက်တွဲကြီးကိုလည်း ကောင်းကောင်း ထိန်းပေးနိုင်ပါလိမ့်မယ်။ Nissan USA ရဲ့ တရားဝင် Website ထဲမှာတော့ အခု အချိန်ထိကို 2022 Armada ကားတွေ ကိုသာ စာရင်းသွင်းထားဆဲဖြစ်ပေမယ့် အခု 2023 Model ကားသစ်တွေကို စတင်ဝယ်ယူနိုင်နေပြီ ဖြစ်တယ်လို့ သိထားရပါတယ်။

Ref: motor 1.com