2023 Nissan Altima ကတော့ ကားရဲ့ အရှေ့ပိုင်း ဒီဇိုင်းအပြောင်းအလဲတွေနဲ့အတူ နည်းပညာပိုင်း ဆိုင်ရာ အဆင့်မြှင့်တင်မှုတွေနဲ့ ပွဲထွက်လာခဲ့ပါပြီ။ အခု ကားသစ်ကိုတော့ လာမယ့် ဆောင်းရာသီလောက်မှာ စတင် ရောင်းချ ပေးနိုင်ပြီး Trim တွေကတော့ S ၊ SV ၊ SR ၊ SL နဲ့ SR VC-Turbo Trim Level တွေဆိုပြီး ခွဲခြား ထားတာ တွေ့ရပြီး ဈေးနှုန်း တွေတော့ အတိအကျ မသိရသေးပါဘူး။ ဒါပေမယ့် ကားရဲ့ မျက်နှာစာ ပိုင်းက တော့ အပြောင်းအလဲ များလာတာကြောင့် ယခင်ကလိုမျိုး V ပုံစံ Element ကြီး မပါလာတော့ပဲ Nose Grille က ကားရဲ့ ဘေးနှစ်ဖက် က နေ အလယ်ဘက်ကို ရေတံခွန်စီးသလိုမျိုးသွယ် ဆင်းလာတဲ့ဒီဇိုင်းလေး လုပ်ပေးထားပါတယ်။ ဒါ့အပြင် အလယ် တည့်တည့်မှာလည်း Nissan ရဲ့ Logo အသစ်ကို ထည့်ပေးထားပြီး Headlight တွေကတော့ ယခင်အတိုင်း ပုံစံ အတူတူပဲ ဖြစ်ပေမယ့် Layout ကိုတော့ ပုံပြောင်း ပေးထားပါ တယ်။

Photo Credit: motor 1.com

ကျန်တဲ့ ကားအပြင်ပိုင်းတွေ ကတော့ သိပ်အပြောင်းအလဲ များများစားစား မရှိလာခဲ့ပဲ SV Trim မှာဆိုရင် တော့ ၁၇ လက်မအရွယ် ဘီးတွေ ပါဝင်လာမှာပါ။ ဒါပေမယ့် အခြားသော Trim တွေ မှာကတော့ ဒီဇိုင်းပြန် ပြောင်းထားတဲ့ ၁၉ လက်မ အရွယ်ဘီးတွေ အဖြစ် ထည့်ပေးထားပါတယ်။ အခုပုံထဲမှာ မြင်နေရတာ တွေက တော့ SR Trim တွေ ဖြစ်ပြီး အနက်ရောင် Chrome Grille နဲ့ အတူ Standard LED Headlights တွေကို တွေ့ရမှာပဲ ဖြစ်ပါတယ်။ Nissan ကတော့ အခု ကားအသစ်မှာ Gray Sky Pearl နဲ့ Garnett Pearl Metallic ဆိုတဲ့ အရောင်သစ် ၂ မျိုးကိုပါ မိတ်ဆက်ပေးလာခဲ့ပါတယ်။ ဒါကြောင့် လက်ရှိ ရှိထားတဲ့ အရောင် တွေ ဖြစ်တဲ့ Scarlet Ember Tintcoat၊ Brilliant Silver Metallic၊ Gun Metallic၊ Super Black၊ Pearl White TriCoat၊ Glacier White နဲ့ Deep Blue Pearl  အရောင်တွေနဲ့ ထပ်ပေါင်းလာတော့မှာ ဖြစ်ပါ တယ်။ ကားရဲ့ အတွင်းခန်းပိုင်းမှာလည်း အပြောင်းအလဲ တစ်ချို့တော့ ပါလာခဲ့ပြီး အထူး သဖြင့် ၁၂.၃ လက်မ အရွယ် Infotainment Display ကို ယခင် ၈ လက်မ Screen အစား ပြောင်းလဲ ပေးလာခဲ့ပါတယ်။ ဒါပေမယ့် အခုလို Screen ပြောင်းပေးတာကတော့ SL နဲ့ SR VC-Turbo တွေမှာပဲ လုပ်ပေးတာဖြစ်ပြီး SV Trim မှာ တော့ ‌ရွေးချယ်စရာ တစ်မျိုး အနေနဲ့ ထည့်ပေးထားတာ ဖြစ်ပါတယ်။ ကားမှာတော့ ကြိုးမဲ့ Apple CarPlay စနစ် အပြင် Wifi Hotspot တွေလည်း ပါဝင်လာခဲ့ပြီး ကြိုးမဲ့ Charging Pad လေးလည်း ထည့် ပေးထားပါသေးတယ်။ Cabin ပိုင်းကတော့ အပြောင်းအလဲ နည်းနည်းချင်းစီကို Instrument Panel နဲ့ လိုက်ဖက်အောင် ပြင်ဆင်ပေးထားပြီး SR Trim မှာ ဆိုရင် Dual-Stitch Fabric ‌အဆင်းလေးတွေကို တောင် ရလာနေပြီ ဖြစ်ပါတယ်။

Photo Credit: motor 1.com

အခု 2023 Altima ရဲ့ Grade အကုန်လုံးမှာတော့ Nissan ရဲ့ Safety Shield 360 လုံခြုံရေးစနစ် ပါဝင် လာပြီ ဖြစ်ပါတယ်။ အဆိုပါ စနစ်မှာတော့ အလိုအလျောက် ဘရိတ်စနစ် ၊ အနောက်ဘက် အလိုအလျောက် ဘရိတ် ၊ ယာဉ်လမ်းကြောင်း အတွင်းမှ မထွက်မှီ သတိပေးစနစ် ၊ ရေဒါ သုံးထားတဲ့ Blind Spot Warning စနစ် ၊ အနောက်ဘက် Cross Traffic Alert တွေနဲ့ အတူ မီးအပိုင်းမှာ ဆိုရင်လည်း ပိုလုံခြုံကောင်းမွန်တဲ့ High Beam Assist တို့ ပါဝင်လာ ပါတယ်။ အင်ဂျင်ကတော့ ယခင် 2022 Version နဲ့ အတူတူပဲဖြစ်ပြီး Turbocharged 2.0 Liter ကိုပဲ သုံးထားတာ ကြောင့် 248 hp နဲ့ 273 lb-ft Torque အထိ စွမ်းဆောင်ရည် ရှိလာမှာပါ။ ဒါ့အပြင် နောက်ထပ် အင်ဂျင်ရွေးစရာ အနေနဲ့ ကတော့ 188 hp နဲ့ 180 lb-ft Torque အထိ စွမ်းဆောင်နိုင်မယ့် 2.5 Liter Four-Cylinder Engine ကို ရနိုင်ပါသေးတယ်။ ဒါပေမယ့် ဒီအင်ဂျင်နဲ့ စွမ်း ဆောင်ရည်တို့ ကတော့Four-Wheel Drive Model တွေ အတွက် ဖြစ်ပြီး အဆိုပါ အင်ဂျင် အတိုင်း All-Wheel Drive SV ၊ SR နဲ့ SL Trim Level တွေမှာ ဆိုရင်တော့ 182 hp နဲ့ 178 lb-ft Torque အထိ ရှိမှာ ပါ။ ဘယ်လိုပဲ အင်ဂျင်တွေ များများ ကားသစ်မှာလည်း ယခင်လိုပဲ CVT Gearbox ကို သုံးပေးထား ဦးမှာပဲ ဖြစ်ပါတယ်။

Ref: motor 1.com