Mini အနေနဲ့ ပြီးခဲ့တဲ့ နွေဦးရာသီ ကားဈေးကွက်ထဲ ချပြခဲ့တဲ့ ကားတွေမှာ 6-Speed Manual Transmission ဂီယာ ကို ဖယ်ထုတ်ခဲ့ပါတယ်။ အဓိက ကတော့ အဆိုပါ ကာလတုန်းက ကြုံတွေ့နေခဲ့ရတဲ့ ကုန်ကြမ်း ပစ္စည်း ရှားပါးမှုတွေ ကြောင့်ဖြစ်ကာ နောက်ပိုင်း မှာတော့ Manual Gear ကို ပြန်လည် ယူဆောင်ပေးလာမယ်လို့လည်း ကတိပေးထားခဲ့ တာ ဖြစ်ပါတယ်။ အခုဆိုရင်တော့ လာမယ့် 2023 Model ကားတွေကစပြီး Manual Gear ရွေးချယ်စရာ အသစ်ကို ထည့်ပေးတော့မယ်လို့ သိရပြီး အဆိုပါ ကားတွေကတော့ လာမယ့် နိုဝင်ဘာ ကနေကို စတင် မှာယူနိုင်တော့မှာပါ။

Photo Credit: MotorAuthority

ဒါပေမယ့် အစပိုင်းမှာတော့ Manual Gear နဲ့ ကားတွေဟာ အမိုးဖွင့် မဟုတ်တဲ့ သာမန် အမိုးပိတ် ကားတွေမှာပဲ ရနိုင်ဦးမှာ ဖြစ်ကာ Cooper ၊ Cooper S နဲ့ John Cooper Works Grade ကားတွေမှာ စပြီး ရလာ နိုင်ပါတယ်။ ဒါပေမယ့် အဆိုပါ ကားတွေမှာကိုပဲ Signature တံခါး ၂ ပေါက် နဲ့ Hardtop Body Style ကားတွေမှာပဲ ရမှာ ဖြစ်ကာ Hardtop တံခါး ၄ ပေါက် ကားတွေမှာတော့ မရနိုင်သေးပါဘူး။ Manual ဂီယာ အပြင် နောက်ထပ်ရနိုင်ဦးမှာ ကတော့ 8-Speed Automatic ဂီယာတွေ ဖြစ်ပါတယ်။ အခုလို Manual Gear အသစ် ရွေးချယ်စရာတွေကို လာမယ့် Lineup တွေထဲက ကားမော်ဒယ် အသစ်တွေထဲ ထည့်ပေးလာဦး မယ်လို့လည်း Mini က ဆိုထားပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ တုန်းက စတင် မိတ်ဆက်ထားခဲ့တဲ့ 2023 Lineup တွေမှာ ပါလာမယ့်အပြင် Mini Hardtop ၊ Hardtop 4 Door ၊ Convertible နဲ့ Clubman ကား တွေရဲ့ တစ်ချို့သော Grade အမြင့်တွေမှာ နောက်ပိုင်းရလာဖို့ ရှိနေပါတယ်။

Photo Credit: MotorAuthority

Mini ကတော့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ လပိုင်းတုန်းက ကြေညာခဲ့သလိုမျိုး 2023 Lineup တွေကို ဈေးသက်သက်သာသာ နဲ့ စတင် ရောင်းချပေးနိုင်မလား ဆိုတာကိုတော့ အတည်မပြုထား သေးပါဘူး။ တကယ်သာ ဈေးသက်သာလာမယ် ဆိုရင်တော့ 2023 Model တွေထဲ Cooper Hardtop Signature Model က ဈေး အသက်သာဆုံး ကားဖြစ်လာ နိုင်ကာ $ 29,450 ပဲ ကျသင့်ပါလိမ့်မယ်။ ယခင်တုန်းကတော့ အဆိုပါ ကား ကိုပဲ $ 24,250 နဲ့ မိတ်ဆက်ခဲ့ဖူးတာ ဖြစ်ပြီး အဆိုပါ ကားဈေးတွေမှာတော့ $ 850 တန် အခွန်အခတွေ ပါဝင်ထားပြီးသားပဲ ဖြစ်ပါတယ်။

Ref: MotorAuthority