Mitsubishi ကား ကုမ္ပဏီ ကတော့ အမေရိက ကားဈေးကွက် အတွင်း ရောင်းချလာတာ နှစ်ပေါင်း ၄၀ ပြည့်တဲ့ အထိမ်း အမှတ် အနေနဲ့ ဈေးကွက်အတွင်းလူကြိုက် အများဆုံး Outlander ကို 40th Anniversary Edition အနေနဲ့ ထုတ်လုပ် ပေးလာခဲ့ပါတယ်။ အခု အထူးထုတ်ကားကတော့ သာမန် Outlander ရဲ့ Grade အမြင့် SEL Premium Package Model ပေါ်မှာ အခြေခံပြီး Black And Tan တံခါး ပုံတွေကို အသုံး ပြုလာတာ ဖြစ်ပါတယ်။ ဒါ့အပြင် အဆိုပါ Package ရဲ့ အနက်ရောင် Headliner နဲ့ Semi-Aniline လယ်သာထိုင်ခုံတွေ ကိုလည်း ပြန်ထည့်ပေးလာတာ ဖြစ်ပါတယ်။ ဒါ့အပြင် Panoramic Sunroof အမိုး ၊ ၁၀.၈ လက်မအရွယ် Head-Up Display Center Console Illumination တွေနဲ့ Bose အသံစနစ်တွေ စသဖြင့် အစုံအလင် ပါဝင်လာတာပါ။ ထူးခြားတာကတော့ အခုအထူးထုတ် ကားအတွက် အနက် နဲ့ ကြေးနီရောင် စပ်ထားတဲ့ နှစ်ရောင်စပ် ကားကိုယ်ထည်ကို သုံးပေးလာတာဖြစ်ပြီး 40th Anniversary ဆိုတဲ့ တံဆိပ် လေးတွေကိုလည်း ကားအနှံ့ ထည့်ပေးထားဦးမှာ ဖြစ်ပါတယ်။ 

Photo Credit: motor 1.com

အခု အထူးထုတ် SUV ကိုတော့ Standard Version အနေနဲ့ရော Plug-In Hybrid အနေနဲ့ပါရနိုင်မယ့် အပြင် Mitsubishi ရဲ့ Super All-Wheel Control All-Wheel Drive စနစ်ကိုပါ ထည့်ပေးထား ဦးမှာပါ။ နဂိုကတည်း ကကို အခု 2022 Outlander Version က ဒီဇိုင်းပိုင်း တော်တော်ကို ပြောင်းပေးထားတာဖြစ်ပြီး အပြင်ဘက် ဒီဇိုင်းပိုင်း အသစ် ၊ ခေတ်ပေါ် နည်းပညာတွေ ပါလာတဲ့ အတွင်းခန်းစသဖြင့် စုံစုံလင်လင် ဖြစ်လာတာပါ။ အခုကားရဲ့ ဂတ်စ် Version မှာ တော့ 2.5 Liter Four-Cylinder Engine ကို တပ်ဆင်ထားပြီး 181 hp အထိ စွမ်းဆောင်နိုင်ပါတယ်။ PHEV Version မှာ ဆိုရင်တော့ 2.4 Liter Four-Cylinder အင်ဂျင်ကို လျှပ်စစ်မော်တာ ၂ လုံး ပေါင်းစပ်ကာ 248 hp အထိ စွမ်းဆောင် လာ နိုင်ပါတယ်။ ဒါ့အပြင် လျှပ်စစ်အား သီးသန့်နဲ့ကိုပဲ ၃၈ မိုင် အထိကို မောင်းနှင်နိုင်မှာပါ။ 

Photo Credit: motor 1.com

Mitsubishi တို့ကတော့ ၁၉၈၁ ခုနှစ် ကတည်းက အမေရိက ဈေးကွက်ထဲ ရောက်လာခဲ့တာ ဖြစ်ပါတယ်။ အစပိုင်း တုန်းကတော့ ကုမ္ပဏီ အနေနဲ့ Chrysler Corporation ကနေ တံဆိပ်ပြောင်း Dodge ကားတွေနဲ့ Plymouth Models တွေကိုပဲ စတင် ရောင်းချနေခဲ့တာပါ။ နောက်ပိုင်းမှာတော့ Fountain ၊ ကယ်လီဖိုးနီးယား စတဲ့ ဒေသတွေမှာ အရောင်း ကိုယ်စားလှယ်ပေါင်း ၇၀ လောက်နဲ့ စတင်လာခဲ့တာ ဖြစ်ပါတယ်။ နောက်ပိုင်း မှာတော့ Cypress ၊ ကယ်လီဖိုးနီးယား နေရာ အနှံ့အပြားနဲ့ Franklin Tennessee ဒေသတွေ အထိကို ၂၀၁၉ လောက်မှာ ခြေဆန့်လာခဲ့ပါတယ်။ ဒီ မတိုင်ခင် မှာ ကတည်းက အရောင်းကိုယ်စားလှယ် ပေါင်း ၃၃၀ ‌နီးပါးနဲ့ အတူ ကားအစီးရေ ၅.၅ သန်း အထိကို ထုတ်လုပ် ရောင်းချ ပေးလာနိုင်တာပဲ ဖြစ်ပါတယ်။ အခု Outlander အထူးထုတ် ကားကိုတော့ $ 41,340 နဲ့ ဝယ်ယူနိုင်မှာဖြစ်ပြီး PHEV Version ကိုတော့ $ 51,340 နဲ့ ရရှိနိုင်မှာပါ။ 

Ref: motor 1.com