Mitsubishi ကား ကုမ္ပဏီရဲ့ Delica ကားမော်ဒယ်ကတော့ အခုလာမယ့် ၂၀၂၃ ဆိုရင် ၅၅ နှစ် အထိ ပြည့်ပြီဖြစ်တာ ကြောင့် ကားရဲ့ Lineup ကို ပိုပြီးချဲ့ထွင်ပြောင်းလဲပေးဖို့ ဆန္ဒရှိနေပါတယ်။ လောလောဆယ်မှာ Delica Mini ဆိုတဲ့ နာမည်ပေးထားပြီး လေးထောင့်ကျကျ ခပ်မြင့်မြင့် Van ကား အသေးလေးတစ်စီးကို ဆန်းသစ်ထုတ်လုပ်ဖို့ ပြင်ဆင်နေတာ တွေ့ရပါတယ်။ ကားသစ်ရဲ့ တစ်ချို့သော တရားဝင် ပုံရိပ်တွေကိုလည်း မြင်တွေ့ထားရပြီဖြစ်ပြီး ကားသစ်ကို တော့ လာမယ့် ဇန်နဝါရီ အရောက်မှာ ကျင်းပမယ့် တိုကျိုကားပြပွဲမှာ ချပြသွားမှာပါ။ ခပ်ကြမ်းကြမ်းအသွင် ဆောင်ထားတဲ့ ကားလေးမှာတော့ Ash Green Metallic အစိမ်းရင့် ရောင်ကို သုံးပေးထားပြီး အရောင်းပိုင်းတွေကို တော့ လာမယ့် နှစ်နှောင်းပိုင်း လောက်မှသာ စတင်လာနိုင်မယ်လို့ ခန့်မှန်းရပါတယ်။ အခု ကားလေးတွေက လောလောဆယ်မှာ  အကြိုပြသထားတဲ့ အဆင့်ပဲ ရှိသေး တာကြောင့် အသေးစိတ် စက်ပိုင်းဆိုင်ရာ အချက်အလက် တွေကို မမြင်ရသေးပါဘူး။ ဒါပေမယ့် ကားရဲ့ အရွယ်အရတော့ ဂျပန် ပြည်တွင်းရဲ့ Kei Car အတိုင်း ဖြစ်တာကြောင့် 4 WD ထည့်ပေးလာ နိုင်ပါတယ်။ ဒါ့အပြင် ပုံတွေအရတော့ ကားရဲ့ အနောက်ဘက် Tailgate ပေါ်မှာ Hybrid ဆိုတဲ့ တံဆိပ်ကိုမြင်တွေ့ထားရတာ ဖြစ်ပါတယ်။ အခုကားလေးရဲ့ မူလအခြေခံ Fourth-Gen eK Kei Car လေးကလည်း ဂျပန် ဈေးကွက် ထဲမှာ လျှပ်စစ်စွမ်းအင်ပေါင်းစပ် အင်ဂျင်အပြင် All-Wheel Drive စနစ် တို့ပါ ပါထားတာကြောင့် အခုလည်း တကယ်ဖြစ်လာ နိုင်ပါတယ်။

Photo Credit: motor 1.com

အခု ကားလေးကိုတော့ ခပ်သေးသေး ခပ်မြင့်မြင့် Wagon ကားလေး တစ်စီးအနေနဲ့ ဖော်ပြထပြီး သေးပေမယ့် အကြမ်းခံမယ်ဆိုတဲ့ အမြင်ကိုလည်း တွေ့ရပါတယ်။ ပုံမှန် Minivan တွေအနေနဲ့ ဆိုရင်တော့ eK Space ကားနဲ့ Rebadged Nissan Roox တို့မှာ မြင်ခဲ့ရတဲ့အတိုင်း နေရာစား ပိုသက်သာတဲ့ ထိုးတံခါး ပုံစံနဲ့ ဖြစ်လာနိုင်မှာပါ။ အခု ကားသစ် ရဲ့ ပုံရိပ်တွေ အရတော့ မြင်ဖူးသမျှထဲ အသေးဆုံးသော Skid Plate တွေ ပါလာတာဖြစ်ပြီး Semi-Circular Headlights တွေနဲ့ လေးထောင့်ဆန်တဲ့ Wheel Arches တွေကိုလည်း တွေ့ရပါတယ်။ Mitsubishi ကတော့ အဆိုပါ ကားသေးလေးတွေကို ဈေးကွက်ထဲ ရောင်းချတဲ့အခါကျရင်  ၂ ရောင်စပ် ကားရောင်အပြင် Dark Silver အရောင် အလွိုင်းဘီးတွေပါ ထည့်ပေးလာနိုင်ပါတယ်။

Photo Credit: motor 1.com

ကားရဲ့ အချိုးအစားတွေကတော့ eK ကား အတိုင်းဖြစ်လာနိုင်ပြီး ၁၃၃.၇ လက်မ ရှည်ကာ ၊ အကျယ် ၅၈.၁ လက်မနဲ့ ဘီး နှစ်ဘီးအကြား အကွာအဝေးကြားမှာ ၉၈.၂ လက်မအထိ ရှိနေပါတယ်။ ကားရဲ့ Version ပေါ် မူတည် ပြီး eK ကားရဲ့ အမြင့်အတိုင်းကိုပဲ ပြောင်းလဲပေးထားနိုင်ပြီး ၆၄.၆ လက်မ နဲ့ ၆၅.၄ လက်မအတွင်းလောက် ဖြစ်လာနိုင်ပါတယ်။ အင်ဂျင်ပိုင်းကတော့ Three-Cylinder ၊ 658-Cc Turbocharged Gasoline အင်ဂျင်ကိုမှ လျှပ်စစ်မော်တာနဲ့ တွဲပေးလာနိုင်ပြီး Continuously Variable Transmission (CVT) ဂီယာကိုလည်း ထည့်ပေးထားဖို့ များပါတယ်။ ကားသစ်လေးတွေရဲ့ အသေးစိတ် အချက်အလက်တွေကို လာမယ့် ၂၀၂၃ ဇန်နဝါရီ လလယ် ပိုင်းလောက်  ဂျပန်မှာ ကျင်းပမယ့် TAS ပွဲကြီးမှာ မြင်ရတော့မှာပဲ ဖြစ်ပါတယ်။

Ref: motor 1.com