2023 Mitsubishi ASX ကားသစ် တွေကတော့ ဥရောပ ဈေးကွက်ထဲမှာ Compact Crossover တစ်စီး အနေနဲ့ ပွဲထွက်လာခဲ့ပါပြီ။ ထူးခြားတာ ကတော့ အတော်လေးကို အမျိုးအစား စုံလင်တာဖြစ်ပြီး သာမန် ICE အင်ဂျင် ၊ Hybrid နဲ့ PHEV အမျိုးအစားတွေလည်း ပါဝင်လာခဲ့တာပါ။ ကားသစ်တွေကိုတော့ လာမယ့် ၂၀၂၃ မတ်လမှာ စတင် ရောင်းချဖို့ ရှိနေပါတယ်။ ASX အနေနဲ့ အပြင်ပိုင်းမှာ ဒီဇိုင်းပိုင်း ကြီးကြီးမားမား အပြောင်းအလဲတွေ ရှိလာခဲ့တာ တွေ့ရမှာပါ။ ကားရဲ့ အရှေ့ဘက် Grille က ခြင်းကြား ပုံစံ Trim တွေ ဖြစ်လာခဲ့ပြီး ရှေ့မီးကြီး တွေကလည်း နည်းနည်း ခပ်ရှုပ်ရှုပ် ပုံစံ ပေါက်လာခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် Running Lights တွေကလည်း အဓိက မီးကြီးတွေနဲ့ မချိတ်ခင် Hook- Shaped အသွင်လေးတွေနဲ့ ဖြစ်လာခဲ့ပါတယ်။ ကားသစ်ကတော့ အရောင် ၆ မျိုးနဲ့ ထွက်ပေါ်လာတာဖြစ်ပြီး Trim အမြင့်ပိုင်းတွေမှာ ဆိုရင် အနက်ရောင်အမိုးနဲ့ ၂ ရောင်စပ်ပုံမျိုး ရရှိနိုင်မှာပါ။

Photo Credit: motor 1.com

Trim Level တွေပေါ်မူတည်ပြီး ပြောင်းလဲ သွားမှာကတော့ အတွင်းခန်း Cabin ပိုင်းတွေပါပဲ။ Entry-Level Trim အဆင့်မှာဆိုရင် Analog Instrument Cluster ပဲ ပါဝင်လာမှာဖြစ်ပြီး  Screen ကလည်း ၄.၂ လက်မ အရွယ်ပဲ ရှိလာမှာ ပါ။ Range အမြင့် ရောက်သွားတဲ့ ကားတွေ အတွက် ဆိုရင်တော့ ၇ လက်မအရွယ် Digital Instrument Display ဒါမှ မဟုတ် ၁၀.၂၅ လက်မ အရွယ် Screen တွေ အထိကို ရွေးချယ် လာနိုင်ပါလိမ့်မယ်။ Standard Infotainment Screen ကတော့ ၇ လက်မ ရှိပြီး အလျားလိုက် ပုံစံ ထည့်ပေးထားကာ အဆင့်မြှင့်တင် ချင်တယ် ဆိုရင်တော့ ၉.၃ လက်မ ပုံစံ ဒေါင်လိုက် Display ကို Wireless Apple CarPlay နဲ့ Android Auto စနစ်တွေနဲ့ တွဲဖက်ရရှိနိုင်မှာပါ။

Photo Credit: motor 1.com

ASX ကားသစ်တိုင်းကို တော့ Renault-Nissan-Mitsubishi တို့ ပူးပေါင်း ဖန်တီးထားတဲ့ CMF-B Platform ပေါ် အခြေခံ ထုတ်လုပ် ထားတာဖြစ်ပြီး အင်ဂျင် အတွဲအစပ် အမျိုးအစား ၅ မျိုး အထိကိုလည်း ရရှိ နိုင်မှာ ဖြစ်ပါတယ်။ ပထမဆုံး 1.0 Liter Three-Cylinder Engine ကို Six-Speed Manual Gear နဲ့ တွဲပေးထားမယ့် ကားမှာတော့ 90 hp နဲ့ 118 lb-ft Torque အထိ စွမ်းဆောင် နိုင်ပါလိမ့်မယ်။ 1.3 Liter Four-Cylinder Mild Hybrid Engine မှာ ဆိုရင်တော့ Six- Speed Manual Gear နဲ့ပဲ တွဲဖက်လာမှာ ဖြစ်ပြီး စွမ်းဆောင်ရည်ကလည်း 138 hp နဲ့ 192 lb-ft Torque အထိ ရှိလာ ပါတယ်။ နောက်တစ်မျိုးကတော့ 1.3 Liter Four-Cylinder Mild Hybrid Engine ကိုပဲ Seven-Speed Dual-Clutch Gear နဲ့ ရလာမှာဖြစ်ပြီး 156 hp နဲ့ 199 lb-ft Torque အထိ စွမ်းဆောင်လာနိုင်ပါတယ်။ 1.6 Liter Four-Cylinder Hybrid Engine မှာ ဆိုရင်တော့ 1.3 kWh ရှိတဲ့ ဘက်ထရီလည်း တွဲဖက်ပါဝင်လာခဲ့ပြီး 141 hp နဲ့ 109 lb-ft Torque အထိ စွမ်းဆောင် နိုင်မှာပါ။ နောက်ဆုံး တစ်မျိုးကတော့ 1.6 Liter Plug-In Hybrid Engine ဖြစ်ပြီး 10.5 kWh Battery နဲ့လည်း တွဲထားတာကြောင့် 160 hp နဲ့ 106 lb-ft Torque အထိ စွမ်းဆောင်လာ နိုင်မှာပါ။ လုံခြုံရေးပိုင်းတွေ အတွက် ကတော့ အလိုအလျောက် ဘရိတ်တွေ ၊ Lane Departure Warning စနစ် ‌၊ Traffic Sign တွေကို သိရှိ နိုင်တာတွေနဲ့ ပါကင် အကူအညီ စနစ်တွေ စသဖြင့် အစုံပါဝင်လာမှာပါ။ Trim ပိုမြင့်တဲ့ ကားတွေမှာကတော့ Blind Spot Assist စနစ်၊ Active Lane Departure Warning စနစ်နဲ့ မြန်နှုန်း သတိပေးစနစ်တွေ ပါဝင်လာပါတယ်။ Range အမြင့် ဆုံးကားတွေ မှာတော့ Adaptive Cruise Control စနစ်နဲ့ Active Lane-Following Assist စနစ်တွေအထိ ပါဝင် လာတော့မှာပဲ ဖြစ်ပါတယ်။ Mitsubishi ကတော့ အခု ကားသစ်တွေအတွက် ဈေးကိုတရားဝင် မဖော်ပြထားသေးပဲ ရောင်းချခါနီးမှသာ သိရှိလာရနိုင်ပါတယ်။

Ref: motor 1.com