Mini ကားလေးတွေရဲ့ မူလကုမ္ပဏီ BMW ကတော့ အဆိုပါ ကားလေးတွေကို အခုလာမယ့် ဆယ်စုနှစ်တစ်ခုရဲ့ အဆုံးသတ်မှာတင်ပဲ သာမန် အင်ဂျင်ကားတွေ အဖြစ် ရပ်တန့် ပစ်တော့မယ်လို့ ဆိုထားပါတယ်။ ဒါပေမယ့် သေချာတာကတော့ Mini Cooper ကို ဓာတ်ဆီ နဲ့ရော ဒီဇယ် အင်ဂျင်နဲ့ပါ အချိန်တစ်ခုကြာကြာ လောက်အထိ ဆက်ရှိ နေနိုင်ပါသေးတယ်။ ဒ့ါအပြင် အဆိုပါ Hatchback ကား ကလည်း သေချာပေါက် Electric SE မျိုးကွဲကို ရလာဦးမှာဖြစ်ပြီး အခုဆိုရင် တော့ ဒီဇိုင်း ပုံကြမ်းတစ်ချို့ကိုတောင် စတင် မြင်တွေ့လာ ရပါပြီ။ ယခင်မြင်ထားရတဲ့ Spy Shots တွေနဲ့ ဒီဂျစ်တယ်ပုံကြမ်းတွေကတော့ ခပ်မှောင်မှောင်ထဲမှာ သာ မြင်ထားရလို့ သိပ်ပြီး ထင်ထင်ရှားရှား မရှိသေးတာ ဖြစ်ပါတယ်။ Mini ဘက်ကတော့ Cooper SE အသစ်ရဲ့ ပုံရိပ်တစ်ချို့နဲ့ Aceman ဆီက ယူဆောင် ထားတဲ့ တစ်ချို့တစ်ချို့သော ဒီဇိုင်းအသစ်အဆန်း လေးတွေကိုလည်း အကြိုချပြထားဖူး ပါတယ်။ အဆိုပါ ကားကတော့ မျိုးဆက်သစ် Countryman ကားရဲ့ အောက်မှာ ထွက်လာမယ့် Crossover ကားသေးတစ်စီး ဖြစ်ပေမယ့် တံခါး ၃ ပေါက်ပါ Hardtop Version ကိုလည်း ထုတ်လုပ်တဲ့ အခါသုံးလာဦးမှာ ဖြစ် တယ်လို့ သိရပါတယ်။

Photo Credit: motor 1.com

တစ်ဖက်မှာတော့ လာမယ့်နှစ် အတွက် BMW1 ရဲ့ ဒီဇိုင်းအပြောင်းအလဲတွေနဲ့အတူ အခု Mini ကားလေးရဲ့ အင်ဂျင်ကားမှာ လည်းအပြောင်းအလဲ အသစ်တွေ ဆက်ရှိလာဦးမှာ ဖြစ်ပါတယ်။ အကြောင်းကတော့ အဆိုပါ ကား ၂ စီးက Front-Wheel Drive Platform အတူတူပေါ်မှာ ဖန်တီးထားကြလို့ပါပဲ။ ရရှိထားတဲ့ ပုံရိပ်တစ်ချို့ အရတော့ John Cooper ကားအသစ်ကိုလည်း ဆက်လက် လုပ်ဆောင်နေပြီး 300 hp ကျော်လောက်အထိ စွမ်းဆောင်ရည်ရှိ လာနိုင်မယ်လို့ ခန့်မှန်း ရပါတယ်။ အကြောင်းကတော့ BMW အနေနဲ့ M135i LCI ကားနဲ့ X1 M35i ကားတွေမှာ B48 Engine ကို ပြန်လည် အဆင့်မြှင့်တင်ခဲ့တာ ဖြစ်ပြီး စွမ်းဆောင်ရည်ကလည်း 315 hp အထိရှိခဲ့လို့ပါပဲ။ Mini ကတော့ ဒီဇယ် အင်ဂျင်တွေကို စွန့်လွှတ်ဖို့အတွက် လောလောဆယ်အလိုမရှိသေးပဲ ကမ္ဘာ့ဈေးကွက် အရပ်ရပ် မှာလည်း အလိုရှိနေကြဆဲမို့လို့ ဖြစ်ပါတယ်။ ဥရောပ ဈေးကွက်ထဲမှာ လည်း အလိုရှိနေကြဆဲ ဆိုပေမယ့် မဖြစ်မနေ လျှပ်စစ်စွမ်းအင် တစ်ခု တည်း ဘက်ကိုသာ ရအောင် ပြောင်းလဲရတော့မယ် ဆိုတဲ့ ကန့်သတ်ချက်တွေ ရှိလာပြီ ဆိုရင်တော့ ဒီဇယ်အင်ဂျင်တွေက အရင် ဆုံး အဆုံးသတ် ပေးရဖို့လည်း ရှိနေ တာပါ။ ဒါပေမယ့် တစ်ခု မျှော်လင့်လို့ ရသေးတာကတော့ စွမ်းဆောင်ရည် မကျစေပဲနဲ့ ကာဗွန် ထုတ်လုပ်မှုတွေ ၊ စွမ်းအင်သုံးစွဲ မှုတွေကို သိသိသာသာလျော့ ကျစေနိုင်မယ့် နောက်ဆုံးပေါ် နည်းပညာသစ်တွေကို Three-Cylinder နဲ့ Four-Cylinder ICE အင်ဂျင်တွေမှာ BMW တို့ သုံးလာ‌နိုင် သေးတယ်ဆိုတဲ့ အချက်ပါပဲ။

Photo Credit: motor 1.com

အတွင်းခန်းနဲ့ ပတ်သက်လာရင်တော့ Aceman မှာကတည်းက Mini တွေရဲ့ အနာဂါတ် အပြင်အဆင်ကို ကြိုမြင်ခဲ့ ရပါတယ်။ အထူးသဖြင့် Dashboard တစ်ခုလုံးကို OLED Round Display ကြီး သုံးကာ တစ်ခြား ခလုတ်အခွဲတွေတောင် မထည့်တော့ပဲ အားလုံး တစ်နေရာ ထဲကနေ ချုံ့လိုက်ချင်ပုံ ရပါတယ်။ ဒါ့အပြင် ကားရဲ့ Cluster Screen ကိုလည်း ခပ်သေးသေး ၊ ဘေးကျယ်ကျယ် Digital Instrument ပုံစံမျိုးနဲ့ ဖန်တီးပေးလာဖို့ ရှိနေတာ ဖြစ်ပါတယ်။ ဒါပေ မယ့် တစ်ခုရှိတာကတော့ BMW ပိုင်တဲ့ကား Brand တွေ အကုန်လုံးမှာ အနာဂါတ် ထုတ်ကုန်တွေအတွက် လယ်သာသား လုံးဝမသုံးစွဲရတော့ဖို့ တားမြစ်ထား တဲ့အတွက် အခု နောက်ပိုင်းကား တွေမှာတော့ Chrome ပုံစံတွေကိုပဲ သုံးလာဖို့ များပါတယ်။ Cooper SE ကားသစ်ကိုတော့ တရုတ်နိုင်ငံထဲက စက်ရုံမှာ တပ် ဆင် ထုတ်လုပ် သွားမှာဖြစ်ပြီး BMW ရဲ့ တရုတ်ပြည်တွင်း ပူးပေါင်းကုမ္ပဏီ Great Wall Motor နဲ့လည်း ဆက်စပ် လုပ်ကိုင်သွားဦးမှာပါ။ ဒါပေမယ့် ကျန်တဲ့ ဓာတ်ဆီနဲ့ ဒီဇယ် အင်ဂျင်ကားတွေကိုတော့ အောက်စ်ဖို့ဒ်ရဲ့ စက်ရုံမှာပဲ ဆက်လက် ထုတ်လုပ်သွားတော့မှာပဲ ဖြစ်ပါတယ်။

Ref: motor 1.com