Mercedes-Benz Sprinter လို့ ပြောလိုက်ရင်တော့ ဇိမ်ခံ ရုံးတစ်ရုံးလိုပဲ ကားကို ပြင်ပြီးသုံးသုံး၊ ဟိုတယ် တစ်ခန်း လိုမျိုးပဲပြင်ပြီး သုံးသုံး ဘက်စုံစွယ်စုံရတဲ့ Van ကားတစ်စီးဆိုတာ လူတိုင်းသိပြီးသားဖြစ်ပါတယ်။ အဆိုပါ ကားက တကယ်ကို နည်းပညာပိုင်းအရလည်း တီထွင် ဆန်းသစ်မှုတွေနဲ့ အမြဲခေတ်မှီနေပေမယ့် ကုမ္ပဏီ ဘက်ကတော့ ဆက်တိုက် တိုးတက်နေဖို့အတွက် အသေးစိတ်ပြင်ဆင် အဆင့်မြှင့်တင်နေဆဲပါ။ အခု ရက်သတ္တပတ်ထဲမှာ ကျင်းပနေတဲ့ 2022 Work Truck Week ပွဲမှာ ဆိုရင်တော့ အဆိုပါ Sprinter ကိုမှ ၂၀၂၃ မော်ဒယ် နှစ်အတွက် အဆင့်မြှင့်တင်ထားတဲ့ ကားသစ်ကို Mercedes တို့ ချပြလိုက်ပြီ ဖြစ်ပါ တယ်။ ပထမဆုံး စသတိပြုရမှာကတော့ ကားက All-Wheel Drive စနစ် ပါဝင်လာတာ ဖြစ်ကာ 9G-Tronic Transmission ဂီယာစနစ် အသစ်ကိုလည်း Mercedes ရဲ့ ခရီးသည်တင်ကားကြီးတွေကအတိုင်း ထည့်သွင်းပေးလိုက်တာပါပဲ။ အင်ဂျင်ပိုင်း ကလည်း အပြောင်းအလဲတွေ အများကြီး လုပ်ထားခဲ့ပြီး လူကြိုက် များတဲ့ Four-Cylinder Engine ကို ပြောင်းသုံးပေးထား ပါတယ်။ အဆိုပါ အင်ဂျင်ကို သုံးထားတာကြောင့် ကားအသစ်အနေနဲ့ မြန်နှုန်းအပိုင်းရော၊ Torque အပိုင်း စွမ်းဆောင်ရည် တွေပါ ကောင်းမွန်မယ့်အပြင် ကာဗွန်ထုတ်လုပ်မှုအပိုင်းနဲ့ အသံကျယ်လောင်မှုတွေကိုလည်း သိသိသာသာလျှော့ချ ပေးနိုင်မယ်လို့ သိရပါ တယ်။
ယခင် ကတည်းက အခု ကားအမျိုးအစားမှာ သုံးလာနေခဲ့တဲ့ OM654 Four-Cylinder Engine တွေက ကောင်းပြီးသား ဆိုပေမယ့် အခု ၂၀၂၃ မော်ဒယ် အတွက် ကနောက်တစ်ဆင့် ကို ခေါ်ဆောင် သွားနိုင်ခဲ့ပါပြီ။ အခု Sprinter အသစ် ရဲ့ စွမ်းဆောင်ရည်ကတော့ 168 hp နဲ့ 208 လောက်အတွင်း ရှိနိုင်ပြီး Nanoslide Cylinder တွေကြောင့်လည်း အင်ဂျင် ပွတ်တိုက်မှု ပိုင်းတွေကို လျော့ကျစေကာ ကားရဲ့ စွမ်းအင်သုံးစွဲမှု အပိုင်းတွေမှာ ကောင်းကောင်း တိုးတက်စေမှာပါ။ တစ်ဖက်မှာ ပိုကောင်းသွားစေတာကတော့ ကားရဲ့ ကာ ဗွန်ထုတ်လုပ်မှု အပိုင်းကို တကယ်ကို လျော့ကျသွား စေနိုင်တာပါပဲ။ ဒါ့အပြင် အဆိုပါ ကားကိုပဲ ဓာတ်ဆီ အင်ဂျင်တွေနဲ့လည်း ထုတ်ပြဦးမယ်လို့သိထားရတာကြောင့် ဆက်လက်စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။ ဂီယာ အပိုင်း မှာကတော့ Nine-Speed 9G Tronic ဂီယာ တွေကို ပြောင်းလဲအသုံး ပြုထားပြီး ယာဉ်မောင်း နှင်ရတဲ့ အခါ ငြိမ့်ညောင်းမှု ပိုကောင်းစေမှာ ဖြစ်သလို အဆိုပါ ဂီယာအသစ်ရဲ့ အားသာချက် ကတော့ ဆီစား လည်း သက်သာစေတာပဲ ဖြစ်ပြီး ဆူညံမှုတွေနဲ့ ကာဗွန် ပမာဏတွေကိုလည်း လျှော့ချပေးနိုင်ပါတယ်။ ဒါ့အ ပြင် Gear Ratio တွေလည်း ပိုကောင်းလာတာကြောင့် ကားကို အရှိန်တင်တာတွေ အနိမ့်အမြင့် အတက်အ ကျ တွေ အားလုံးမှာ အတော်လေး ချောချောမွေ့မွေ့နဲ့ ကောင်းမွန်လာနိုင်ပါတယ်။
လက်ရှိမှာတော့ အဆိုပါ 4×4 System နဲ့ ကားကို All-Wheel Drive စနစ်နဲ့ ပေါင်းစပ်ပေးထားလိုက်တာ ကြောင့် တကယ့်ကို ကောင်းမွန်တဲ့ Torque လုပ်အားနှုန်းတွေကိုလည်း လက်တွေ့ကျကျ အသုံးချနိုင်မှာပါ။ တစ်ခုရှိတာ ကတော့ ကားက စက်ပိုင်းဆိုင်ရာတွေ အတော်လေး ပြောင်းလဲသွားတယ် ဆိုပေမယ့် မြေပြင် ကင်းလွတ်အမြင့် ၊ Approach Angle တွေ ၊ Departure Angle တွေနဲ့ အခြားသော Breakover Angle တွေစတဲ့ ကားတစ်စီးရဲ့ အချိုး အစား ဒီဇိုင်းတွေမှာတော့ ယခင်မော်ဒယ် အတိုင်း အတူတူပဲ ဖြစ်ပါတယ်။ အတွင်း ခန်းရဲ့ နည်းပညာနဲ့ ငြိမ့်ညောင်းမှု အပိုင်းတွေမှာ ဆိုရင်တော့ ဘယ်လို အပြောင်းအလဲတွေ ရှိလာနိုင် မလဲ ဆိုတာ သေချာမသိရသေးပါဘူး။ ဒါပေမယ့် အရေးကြီးတဲ့ စက်စွမ်းဆောင်ရည် ပိုင်းဆိုင်ရာတွေကို ကောင်းကောင်း ပြင်ဆင်ပေးထားတာကြောင့် ကားကို အတွင်း ခန်းမှာလည်း ဒီဇိုင်းပိုင်းအရ မပြောင်းလဲဘူး ဆိုရင်တောင် ဈေးကွက် အပေါ်တော့ သိပ်ပြီး အထိအခိုက် ရှိမှာမဟုတ် ပါဘူး။ လာမယ့်နှစ် အစောပိုင်း လောက်မှာပဲ အဆိုပါ ကားက အမေရိကဈေးကွက်တွေဆီ စတင်ဝင်ရောက် လာတော့မှာဖြစ်လို့ တစ်စထက် တစ်စ အသေးစိတ် အချက်အလက်တွေကို ပိုပိုပြီး သိရှိလာရတော့မှာပဲ ဖြစ်ပါတယ်။
Ref: carbuzz.com