2023 McLaren Artura ကားသစ်ကတော့ အခုဆိုရင် ဆီယိုစိမ့်မှု ဖြစ်နိုင်လောက်တဲ့အထိ တပ်ဆင်ထားတဲ့ နပ်တွေ မူလီတွေ ချောင်နေတာကြောင့် အမေရိက ဈေးကွက်ထဲက ကားအနည်းငယ်‌ကို ပြန်လည် သိမ်းဆည်းရတော့မှာ ပါ။ High Pressure အားနဲ့ ဆီပိုက်နေရာတွေကို ဆက်ထားတဲ့နပ်တွေက Fuel Pipe နဲ့ အချိတ်မှာ ချောင်နေတာကြောင့် ဆီယိုစိမ့်မှု ဖြစ်နိုင်တာပါ။ ဒါ့အပြင် အဆိုပါ ချိတ်ဆက်တွေက အင်ဂျင်အစိတ် အပိုင်းတွေနဲ့လည်း နီးနီးကပ်ကပ် ရှိနေတာကြောင့် တကယ်လို့သာ ပိုပြီးပူလာခဲ့ရင် မီးစွဲလောင်နိုင်ခြေပါ ရှိတာ ကြောင့် ပိုအန္တရာယ် များရတာလည်း ဖြစ်ပါတယ်။

Photo Credit: MotorAuthority

McLaren ရဲ့ အပြောအရ ဆိုရင်တော့ အခုကိစ္စမှာ သုံးထားတဲ့ ချိတ်ဆက်ထားတဲ့နပ် အမျိုးအစားတွေကြောင့် ဖြစ်နိုင်တယ်လို့ သိရပါတယ်။ အခု ပြန်လည် သိမ်းဆည်းရနိုင်မယ့် ကားတွေမှာ သုံးထားတဲ့ Cold Formed Nuts တွေကတော့ ကြာလာလေ ချိတ်ဆက်မှု အားနည်းလာလေ ဖြစ်တာကြောင့်လည်းပါ ပါတယ်။ တစ်ချို့သော ကားတွေမှာ ကတော့ သေချာတပ်ဆင်ထားတာကြောင့် ပြန်လည် သိမ်းဆည်းစရာ မလိုပဲ အဆင်ပြေစေမှာပါ။ သတင်းတွေ အရတော့ အခုတစ်ခေါက် ပြန်လည် သိမ်းဆည်းရမယ့် အပိုင်းမှာ ကားအစီးရေ ၁၆၄ စီး အထိ ပါဝင်လာနိုင်ပြီး အဆိုပါ ကားတွေထဲကမှ အစီးရေ ၅၀ လောက်ကတော့ ပိုင်ရှင်တွေဆီက ရောက်ပြီးသားကနေ ပြန်သိမ်းရမှာ ဖြစ်ကာ ကျန်ကားတွေကတော့ ပို့ဆောင်ဆဲ အဆင့်ပဲ ရှိပါသေးတယ်။

Photo Credit: MotorAuthority

အခု ပြင်ဆင်မှုမှာတော့ High Pressure Fuel Pipe တွေကိုအခမဲ့ ပြင်ဆင်အစားထိုးပေးမှာဖြစ်ပြီး ဘယ်အချိန် လောက်မှာ ကားပြန်သိမ်းဖို့ အကြောင်းကြားမယ် ဆိုတာတော့ မသိရသေးပါဘူး။ အဆိုပါ Plug-In Hybrid ကားသစ် ကိုတော့ ၂၀၂၁ ခုနှစ် ကတည်းက စတင်ပြသခဲ့တာ ဖြစ်ပြီး အခု နှစ်လယ်လောက်မှာမှ မှာယူထားသူတွေဆီ ‌စတင် ပို့ဆောင် နိုင်ခဲ့တာပါ။ အခုကား Artura အတွက် ထူးခြားတာကတော့ McLaren ဟာ တစ်ချို့သမိုင်းဝင် ကားတွေကို ရောင်းချပြီးတော့တောင်မှ နည်းပညာပိုင်း အဆင့်မြှင့်တင်ဖို့အတွက် အသုံးချပေးခဲ့ရတာပဲ ဖြစ်ပါတယ်။

Ref: MotorAuthority