ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ကတည်းက ကြေညာခဲ့တဲ့ 2023 Mazda CX-50 ကားသစ်ကတော့ ပိုထူးခြားတဲ့ Meridian Edition Package အသစ်အနေနဲ့ပါ ရလာခဲ့တာပဲ ဖြစ်ပါတယ်။ ပိုပြီးတော့ ရင်ခုန်စိတ်လှုပ်ရှားဖို့ ကောင်းတဲ့ စွန့်စားခန်း ခရီးတွေကို ကြိုက်သူတွေအတွက် ပိုသင့်တော်တဲ့ အဆိုပါ Package အသစ်ကတော့ အပြင်အဆင်တွေအရရော အတွင်း စက်ပစ္စည်း ပိုင်းတွေ အရပါ အဆင့်မြှင့်တင် ပေးထားလိုက်တာဖြစ်ပြီး အခုဆိုရင် $ 39,950 နဲ့ စတင် ရောင်းချနေပြီပဲ ဖြစ်ပါတယ်။ ဒါ့အပြင် CX-50 ရဲ့ အခြားသော ကားတွေမှာလည်း Meridian Choice Package နဲ့ Apex Package တို့ဆိုပြီး နောက်ထပ် ၂ မျိုးပါ ရနိုင်ဦးမှာပါ။ CX-50 2.5 Turbo ပေါ်မှာ အခြေခံထားတဲ့ Meridian Edition ကားတွေ မှာတော့ အပြင်ပိုင်း အဆင့်မြှင့်တင် ပေးထားမှုတွေအနေနဲ့ဆိုရင် ၁၈ လက်မအရွယ် အနက်ရောင် ဘီးကို သုံးပေးထား ပြီး All-Terrain Falken တာယာ‌တွေနဲ့လည်း တွဲဖက် ပေးထားပါတယ်။ ကားရဲ့ အင်ဂျင်စက်ဖုံး ပိုင်းကိုလည်း Matte Black အနေနဲ့ ဖန်တီးထားပြီး မတူညီတဲ့ Headlight Garnish တွေ ၊ Black Wheel Lock တွေနဲ့ Lug Nuts တွေကအစ ပြောင်းလဲပေးထားလိုက်တာဖြစ်ကာ Side Rocker Panels တွေကိုလည်း ထပ်ဖြည့်ပေးထား ပါသေးတယ်။ သီးသန့် အရောင် ၂ ရောင် ကိုလည်း ဒီကားတွေအတွက် ရရှိဦးမှာဖြစ်ပြီး Polymetal Gray ဆိုတဲ့အရောင်နဲ့ Zircon Sand ဆိုတဲ့ အရောင်တွေပဲ ဖြစ်ကြပါတယ်။ ဒါ့အပြင် Terracotta လယ်သာ သားတွေကိုတော့ အတွင်းခန်းအတွက် တစ်မျိုးတည်းသော ရွေးချယ်စရာအဖြစ် အနက်ရောင် Accents လေးတွေနဲ့ တွဲဖက် ပေးထား လိုက်ပါတယ်။

Photo Credit: motor 1.com

အဆိုပါ CX-50 Meridian Edition ကားတိုင်းမှာတော့ 2.5 Liter Turbocharged Inline-Four Cylinder Engine တွေနဲ့ ရနိုင်တာဖြစ်လို့ စွမ်းဆောင်ရည်ကလည်း 256 hp နဲ့ 320 lb-ft Torque အထိကို ရှိနေမှာပါ။ ဒါပေမယ့် ဒီ စွမ်းဆောင်ရည် ပမာဏတွေက Premium 93 Octane ဓာတ်ဆီနဲ့ ဆိုရင်သာ လုပ်ဆောင်နိုင်တာ ဖြစ်ပြီး သာမန် 87 Octane ဆီနဲ့ ဆိုရင်တော့ 227 hp နဲ့ 310 lb-ft Torque အထိပဲ ရှိတော့မှာ ဖြစ်ပါတယ်။ ကားအစုံမှာတော့ Mazda ရဲ့ i-Activ AWD System ကို ထည့်ပေးထားပြီး Six-Speed Automatic Transmission ဂီယာ စနစ်ကိုလည်း Manual Shift Mode နဲ့ပါ ရနိုင်အောင် ထည့်သွင်းပေးထားပါတယ်။ ကားတိုင်းမှာ Standard အနေနဲ့ ပါလာဦးမယ့် နောက်ထပ် လုပ်ဆောင်ချက် တစ်ရပ်ကတော့ Mazda ရဲ့ Mi-Drive System ဖြစ်ပြီး Normal၊ Sport၊ Off-Road နဲ့ Towing ဆိုကာ မတူညီတဲ့ Driving Mode ၄ မျိုး အထိ ရအောင် ဖန်တီး ပေးထားနိုင်တာပဲ ဖြစ်ပါတယ်။

Photo Credit: motor 1.com

နောက်ထပ် Apex Package ဆိုတာကတော့ Meridian Edition ကိုမှ ထပ်အဆင့်မြှင့်ပေးထားလိုက်တာ ဖြစ်ကာ အမိုးမှာ တပ်ဆင်ထားမယ့် အနက်ရောင် Crossbars တွေ ၊ အမိုးပေါ်က Platform နဲ့အတူ အရှေ့အနောက် တို့မှာ လည်း Splash Guard တွေကိုပါ ကာရံပေးထားတဲ့ အထိ ဖြစ်ပါတယ်။ ကျန်တဲ့ CX-50 ကားတွေမှာ ဆိုရင် လည်း  Meridian Edition Package ကိုပဲ Roof Crossbars တွေနဲ့ ၊ Play Form ၊ Splash Guard စတာတွေကို ရွေးချယ် နိုင်အောင် ထည့်ပေးထား ဦးမှာပါ။ ဒါတင်မက‌သေးပဲ ဘေးဘက်က Garnish အသစ် တွေ ၊ Headlight Garnish‌နဲ့ အနက်ရောင် Mattes အင်ဂျင် စက်ဖုံးအသစ် Lug Nuts တို့ကိုပါ ရရှိ ဦးမှာ ဖြစ်ပါတယ်။  ဒါ့အပြင် အဆိုပါ Package ကို ဘယ်အင်ဂျင်မဆို သုံးထားတဲ့ 2023 CX-50 ကားတိုင်းမှာ အလွယ်တကူ ဝယ်သုံးလို့ ရနိုင်မှာပါ။ လက်ရှိ စရောင်းတဲ့  Edition တွေမှာတော့ ယခုနှစ် အစောပိုင်းတုန်းက သိခဲ့တဲ့ ဈေးနဲ့ အတော်လေး ကွာ ခြားကာ ဒေါ်လာ ၇၅၀ လောက်အထိ ဈေးတက်လာခဲ့တာ တွေ့ရပါတယ်။ ဒါကြောင့် အခုလက်ရှိ အဆိုပါ ကားတွေရဲ့ မူလ အခြေခံဈေးတွေကတော့ အခွန်အခတွေ မပါသေးရင်တောင် $ 27,550 လောက်ကျသင့်သွားမှာပဲ ဖြစ်ပါတယ်။

Ref: Motor 1.com

(23) ကမ္ဘာ့ဒိတ်ဒိတ်ကြဲ အနုပညာရှင်တွေနဲ့ သူတိုစီးတဲ့ ကားအကောင်းစားတွေ -၂ – YouTube