Mazda 3 ကားရဲ့ တစ်နှစ်လောက်ကြာ သက်တမ်းအပြီးမှာတော့ ကားစီးနင်းသူ အတော်များများ ကလည်း Volvo ဒါမှမဟုတ် Audi တို့လို စွမ်းဆောင်ရည်မျိုးတွေနဲ့ ပိုပြီး မောင်းကောင်းတဲ့ Mazda 3 ကားသစ်တွေ အဖြစ် ပြောင်းလဲလာဖို့ကို အတော်လေး မျက်စိကျ နေခဲ့ကြပါတယ်။ အခုဆိုရင် တော့လည်း မျှော်လင့်နေကြတဲ့ 2023 Mazda 3 ကားသစ်တွေ ရောက်လာခဲ့ပြီဖြစ်ပြီး ဈေးလည်း ပိုကြီးလာတယ် ဆိုပေမယ့် အတော်လေး ကောင်းလာတဲ့ စွမ်းအင်ချွေတာနှုန်း ၊ စက်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည် အလန်းစားတို့အပြင် Base Trim Level အသစ် ကားတွေပါ ပါလာခဲ့ပြီ ဖြစ်ပါတယ်။ ယခင် Base Model  တွေကိုတော့ 2.0 Liter Engine နဲ့ ပွဲထွက်လာ ခဲ့ပြီး 155 hp နဲ့ 150 lb-ft Torque အထိ စွမ်းဆောင်လာ နိုင်ကာ Front-Wheel Drive ဒါမှမဟုတ် All-Wheel Drive စနစ်တွေ ကိုမှ Automatic Gear နဲ့ ‌ရွေးချယ် ဝယ်ယူနိုင်တာပဲ ဖြစ်ပါတယ်။ အခုဆိုရင် Base Model အတွက်ကိုပဲ အဆိုပါ အင်ဂျင်ကို ဖယ်ထုတ်လိုက်ပြီ ဖြစ်ပြီး 2023 Model အသစ်တွေအတွက် ပိုကောင်းတဲ့ Naturally-Aspirated 2.5 Liter Skyactiv-G အင်ဂျင် အစားထိုး သုံးပေးထားတာကြောင့် စွမ်းဆောင်ရည်က 191 hp နဲ့ 186 lb-ft Torque အထိကို တိုးတက်လာတော့မှာပဲ ဖြစ်ပါတယ်။

Photo Credit: MotorTrend

Base Model အသစ် အပါအဝင် Mazda 3 Trim Level ကားတွေ အကုန်လုံးမှာ ပါဝင်လာမှာ ကတော့ Mazda ရဲ့ G-Vectoring Control Plus စနစ်ပဲ ဖြစ်ပါတယ်။ ဒါ့အပြင် ရေဒါနဲ့ Cruise Control လုပ်နိုင်မယ့် စနစ် ၊ Lane Departure Warning စနစ် ၊ Lane-Keep Assist ၊ Driver Attention စနစ်နဲ့ High Beam Assist စနစ်တွေ အစုံပါဝင်တဲ့ i-Activsense လုံခြုံရေးစနစ် တစ်ခုလုံး ကိုလည်း ကားတွေမှာ ထည့်ပေး ထား ဦးမှာပါ။ ဒါတင်မကသေးပဲ Mazda ရဲ့ ချိတ်ဆက် ထားတဲ့ ဝန်ဆောင်မှုတွေကို ၃ နှစ် သုံးစွဲခွင့်အပြင် ကားအတွင်း Wifi အသုံးပြုဖို့ အတွက် ၃ လ အစမ်းတွေကိုလည်း ခွင့်ပြု ပေးထားပါသေးတယ်။ Lineup တစ်ခုလုံးမှာ နောက်ထပ် Standard အနေနဲ့ ပါဝင်လာတာကတော့ ၈.၈ လက်မ အရွယ် Infotainment Display ၊ Push Button ခလုတ် ၊ သော့မလိုတဲ့ စနစ်တို့အပြင် ၊ Rearview Camera ၊ Bluetooth စနစ် ၊ မိုးရွာတာနဲ့ အလိုအလျောက် ပွင့်မယ့် Wipers တွေ ၊ အနက်ရောင် ထိုင်ခုံတွေ ၊ USB အပေါက် ၂ ပေါက် ၊ စပီကာ ၈ လုံးပါ အသံ စနစ် ၊ အလိုအလျောက် LED Lights စနစ်တွေအပြင် Base Trim Model မှာဆိုရင် ၁၆ လက်မ အရွယ် Aluminum Alloy ဘီးတွေပဲ ဖြစ်ပါတယ်။

Photo Credit: MotorTrend

အင်ဂျင်ပိုင်း ပြောင်းလဲပေးလိုက်တာကလည်း ကားရဲ့ စွမ်းဆောင်ရည်ပိုင်းကိုတင် ပိုကောင်းသွား စေတာ မဟုတ်ပဲ ကားရဲ့ စွမ်းအင်ချွေတာနှုန်းကိုလည်း ပိုမို တိုးတက်စေတာပဲ ဖြစ်ပါတယ်။ Mazda ကတော့ သူတို့ရဲ့ Cylinder Deactivation နည်းပညာသစ်ကြောင့် တစ်ချို့သော အခြေအနေတွေမှာ အတော်လေးကို ပုံမှန်ထက် ပိုစွမ်းအင်ချွေတာနိုင်မှာ ဖြစ်တယ်လို့ ဆိုထားပါတယ်။ ဒါ့အပြင် Naturally-Aspirated 2.5 Liter I4 Engine ကြောင့်ကိုလည်း မြို့တွင်း မောင်းမယ်ဆိုရင် တစ်ဂါလံ ကို ၂၈ မိုင် ၊ အဝေးပြေးအတွက် ၃၇ မိုင်နဲ့ ၂ မျိုးပေါင်း ၃၁ မိုင်စာ အထိ ရမှာပဲ ဖြစ်ပါတယ်။ ပိုပြီး စွမ်းဆောင်ရည်မြင့်မားတဲ့ Turbo Version အသစ် ကားမှာ ဆိုရင်တော့ EPA စံနှုန်းတွေအရ ဆီ တစ်ဂါလံကို မြို့တွင်း ၂၃ မိုင် ၊ အဝေးပြေး ၃၁ မိုင်နဲ့ ၂ မျိုးပေါင်း ၂၆ မိုင် အထိကို ရှိမှာပါ။ Base Model ကတော့ ယခင် 2.0 Liter Engine အစား 2.5 Liter ပါဝင်လာ တာကြောင့် ပိုမြင့်တဲ့ ဈေးတော့ ဖြစ်လာခဲ့ပြီး $ 450 လောက် ဈေးတက်လာခဲ့တာပါ။ ဒါကြောင့် Base Model FWD Sedan အတွက် ဆိုရင် $ 23,615 ကျသင့်ပြီး Select Package Model ဆိုရင်တော့ $ 500 ပို ဈေးတက်လာကာ Preferred နဲ့ Carbon Edition Package တွေဆိုရင်လည်း $ 450 လောက်အထိ ဈေးတက်လာ ဦးမှာဖြစ်ပါတယ်။ Lineup ထဲမှာမှ Premium Model ဆိုရင် $ 1,700 အထိ ဈေးတက်လာခဲ့ပြီး 2.5 Liter Premium Plus Model ကလည်း $ 550 အထိ ဈေးတက်လာ ခဲ့တာကြောင့် ဘာမှမရွေးရ သေးခင် $ 35,065 ခန့် ကျသင့်နေတော့မှာပါ။ Hatchback Model ဆိုရင်တော့ $ 1,000 လောက် ဈေးပို များလာခဲ့ပြီး Manual Gear Trim ပဲရနိုင်မယ့် 2.5 S Premium Package Hatchback ကား ဆိုရင်တော့ $ 550 လောက် အထိ ဈေးတက်လာခဲ့တာကြောင့် $ 30,215 ဈေးရှိလာပါပြီ။ အဆိုပါ Hatchback ကားအသစ်ကိုတော့ အခုလာမယ့် ဆောင်းဦးမှာ စတင် ချပြလာတော့မှာ ဖြစ်ပြီး Sedan ကားအသစ် တွေကိုတော့ ဆောင်းတွင်းမှာ စတင် ရောင်းချတော့မှာ ဖြစ်ပါတယ်။

Ref: MotorTrend