ကြည့်ကောင်း ခန့်ညားတဲ့ Lincoln ရဲ့ ကား Lineup တွေထဲ Entry Level ကား တစ်စီး ဖြစ်တဲ့ Corsair ကတော့ အခု တစ်ခေါက် 2023 Model အသစ်ကို အဆင့်မြင့် နည်းပညာသစ်တွေနဲ့ ပွဲထွက်လာခဲ့ပါပြီ။ Brand ရဲ့ မကြာသေးမီကမှ ကြေညာထားတဲ့ အလိုအလျောက် လမ်းကြောင်းပြောင်းပေးနိုင်မယ့် စနစ်ပါဝင်တဲ့ ActiveGlide Driver-Assist စနစ်နဲ့ အတူ အခြားသော ခေတ်မှီ လုပ်ဆောင်ချက် အတော်များများနဲ့ 2023 Corsair ကားသစ်ကို တနင်္လာနေ့ ကပဲတရားဝင် ကြေညာခဲ့ပါတယ်။ ActiveGlide ဆိုတာကတော့ Lincoln အတွက် သီးသန့် ဖန်တီးပေးထားတဲ့ Ford ရဲ့ BlueCruise နည်းပညာဖြစ်ပြီး Cadillac ရဲ့ Super Cruise လည်း ခပ်ဆင်ဆင် တူညီနေကာ သတ်မှတ်ထားတဲ့ လမ်းကြောင်းတွေထက် ယာဉ်မောင်းအကူအညီမလိုပဲ ကားတွေကိုကျော်တက် လမ်းကြောင်းပြောင်းတာတွေအထိ လုပ်ဆောင်နိုင်တော့မှာပဲ ဖြစ်ပါတယ်။ အဆိုပါ စနစ်ကတော့ SAE စံ သတ်မှတ်ချက်အရ ဆိုရင် မောင်းသူမဲ့အဆင့် Level 2 အထိ ရှိလာမှာ ဖြစ်ပြီး Level 3 ဆိုရင်တော့ ယာဉ်မောင်းက အချိန် အတော်များများကို လုံးဝထိန်းစရာ မလိုတော့တဲ့ အထိ ဖြစ် လာတော့မှာပါ။

Photo Credit: MotorAuthority

အဆိုပါ ActiveGlide စနစ်ကိုတော့ 2022 Navigator ကားမှာ စတင် မိတ်ဆက်ခဲ့ပြီး လီဘာ ၊ ဘရိတ်နဲ့ စတီယာတိုင် တွေကို ထိန်းချုပ်ကာ လမ်းကြောင်း တစ်ခုတည်း အပေါ်မှာ တစ်နာရီ မိုင် ၈၀ အထိ အလိုအ လျောက် မောင်းနှင် နေနိုင်ပါပြီ။ ဒါပေမယ့် အခု ကားသစ်မှာတော့ လမ်းကြောင်းပါ ပြောင်းလဲလာနိုင်တာဖြစ်ပြီး Ford ရဲ့ BlueCruise စနစ် ကိုလည်း အလားတူပဲ အဆင့်မြှင့်တင်နေပါပြီ။ အခုစနစ်ကို သုံးမယ်ဆိုရင် တော့ Turn Signal လေး နှိပ်ပေးလိုက်တာ နဲ့ တင် ကားက အလို အလျောက် လုပ်ဆောင် နိုင်မှာ ဖြစ်သလို မောင်းနေရင်း ရှေ့ကားက နှေးနေတယ် ဆိုရင်လည်း ကျော်တက်ဖို့ အကြံ ပေးလာဦးမှာပါ။ ဒ့ါအပြင် ကားရဲ့ ဘေးဘက်မှန်လည်း အဆင့်မြင့် Blind Spot Monitor စနစ် အတွက် အချက်ပြမီးလေး ပါဝင်လာပြီး တကယ်လို့ Blind Spot ထဲ ကားရှိနေတယ် ဆိုရင်လည်း အလိုအလျောက် စနစ်ကို အမြန်ပိတ်ပြီး ယာဉ်မောင်း က ထိန်းချင်ထိန်းလို့ရအောင် ပြောင်းလိုက် နိုင်ပါသေးတယ်။

Photo Credit: MotorAuthority

အတွင်းခန်းထဲမှာတော့ ၁၂.၃ လက်မ အရွယ် Digital Instrument Cluster ကို ၁၃.၂ လက်မ အရွယ် Infotainment Screen ကြီးနဲ့ တွဲဖက် ပေးထားပြီး Built-In Alexa စနစ်လည်း ပါဝင်လာပါတယ်။ ဒါ့အပြင် Cabin အရှေ့ဘက်က လေဆာ Sensor တွေကနေ တစ်ဆင့် အလိုအလျောက် လေသန့်စင်စနစ်လည်း အလုပ်လုပ်နိုင်သေးပြီး တစ်မိနစ်ကို ၁.၅ ကြိမ် လောက်အထိ တိုင်းတာလုပ်ဆောင် ပေးနိုင်ပါတယ်။ အတွင်းခန်း အတွက်တော့ Smoked Truffle လို့ အမည်ပေးထားတဲ့ အရောင်တစ်မျိုးကိုလည်း ရရှိနိုင်ဦးမှာ ဖြစ်ပါတယ်။ အပြင်ဘက်မှာလည်း ယခင် 2020 Model နဲ့ ကွဲပြားနေစေမယ့် အရောင်အပြောင်းအလဲတွေ ထပ်ထည့် ပေးထားပါသေးတယ်။ ဒါ့အပြင် ပိုကြီးတဲ့ Grille နဲ့ အတောင် ပံ ပုံစံ Daytime Running Lights တွေကိုလည်း အခုဒီဇိုင်းမှာ သုံးပေးထားကာ ဘီးပုံစံ အသစ်တွေနဲ့ အတူ Crystal Red နဲ့ Whisper Blue တို့ဆိုတဲ့ အရောင်သစ် ၂ မျိုးကိုပါ ထုတ်လုပ်ပေးလိုက်ပါတယ်။ အင်ဂျင်ပိုင်းမှာတော့ 250 hp အထိ စွမ်းဆောင် နိုင်မယ့် 2.0 Liter Turbo-4 Engine  ကို 8-Speed Automatic Gear နဲ့ တွဲဖက်ထားပြီး Front-Wheel Drive ဒါမှမဟုတ် All-Wheel Drive အနေနဲ့ ရွေးချယ်ဝယ်ယူနိုင်မှာပါ။ နောက်တစ်မျိုး အနေနဲ့ကတော့ 2.5 Liter Inline-4 Engine ကိုမှ အရှေ့ဘက် ဝင်ရိုးမှာ လျှပ်စစ်မော်တာ ပါလာမယ့် Pug-In Hybrid Setup ကိုလည်း ရွေးချယ် နိုင်ဦးမှာ ဖြစ်ပါတယ်။ အဆိုပါ Hybrid ကားရဲ့ အမြင့်ဆုံး စွမ်းဆောင်ရည်ကတော့ 266 hp ဖြစ်ပြီး 295 hp အထိ စွမ်းဆောင်နိုင်ခဲ့တဲ့ 2022 Corsair Model အဟောင်းရဲ့ 2.4 Liter Turbo-4 Engine ကြီးနဲ့ အမျိုးအစားကတော့ အခု တစ်ခေါက် မပါလာတော့တာကို တွေ့ရမှာပဲ ဖြစ်ပါတယ်။ ကားသစ်တွေကိုတော့ အမေရိကန် နိုင်ငံ ၊ ကန်တက်ကီမှာ ရှိတဲ့  Louisville ဒေသက Ford ရဲ့ စက်ရုံ မှာပဲ ထုတ်လုပ်တပ်ဆင်သွားမှာဖြစ်ကာ လာမယ့် ၂၀၂၃ မှာပဲ စတင်ဝယ်ယူ နိုင်တော့မှာပါ။ ဈေးနှုန်းတွေကိုတော့ ဈေးကွက်ထဲ မိတ်ဆက်ခါနီးမှ စတင်ချပြလာ နိုင်တာကြောင့် စောင့်ကြည့်ရဦးမှာပဲ ဖြစ်ပါတယ်။

Ref: MotorAuthority