Lexus ကတော့ သူတို့ရဲ့ Crossover တွေထဲ အသေးဆုံးဖြစ်တဲ့ UX ကားကို ၂၀၂၃ အတွက် အဆင့်မြှင့်တင် ပေးလိုက်ပြီ ပဲ ဖြစ်ပါတယ်။ အခု ကားအသစ်မှာတော့ ၈ လက်မ အရွယ်ကနေ ၁၂.၃ လက်မ အရွယ်အထိ Touchscreen Infotainment Display ကို  တိုက်ရိုက် ပြောင်းလဲပေးလိုက်ပါပြီ။ အခုလိုမျိုး Screen ပြောင်းလဲ ပေးလိုက်ရုံတင်မက ပဲ အဆိုပါ Screen တွေရဲ့ ရုပ်ထွက်ကအစ အဆင်မြှင့်တင် ပေးလိုက်တာဖြစ် ကာ OTA Update တွေကနေလည်း ဆက်တိုက်အဆင့်မြှင့်တင် ပေးသွားဦးမယ်လို့ သိရပါတယ်။ အခုလိုမျိုး ကားအတွင်း မီဒီယာပိုင်းကို အပြောင်းအလဲ လုပ်တာက အခု ကားအသစ်အတွက် ပိုသိသာနေတယ်လို့ ဆိုရ မှာဖြစ်ပြီး USB အားသွင်းပေါက် ၂ ပေါက်ကိုလည်း အပို ထည့်ပေးလိုက်ကာ Heated ထိုင်ခုံတွေရဲ့ ခလုတ် တွေ အတွက်ကိုလည်း Dashboard ရဲ့ အောက်ဘက်ကနေ ဂီယာရဲ့ ညာဘက်ကို ပြောင်းပေးလိုက်တာ ကြောင့် ပိုပြီးလက်လှမ်းမှီသွားတယ်လို့တော့ ဆိုလို့ရပါတယ်။ ဒါ့အပြင် Touchpad ကလည်း သုံးရပိုမို လွယ် ကူလာပြီး ကြိုးမဲ့အားသွင်း Pad ကလည်း ယခင်ကထက်ကို သိသိသာသာ ပိုကြီးလာခဲ့တာပါ။ ဒါတင်မက သေးပဲ အခုကားမှာတော့ အတွင်းခန်း အတွင်း LED Ambient Lighting ရောင်ပြေးလေးတွေပါ ထည့်ပေး ထားလိုက်ပြီ ဖြစ်ပါတယ်။

Photo Credit: motor 1.com

ဒါ့အပြင် သာမန် အနေအထားမှာ မမြင်ရတဲ့အပြောင်းအလဲတွေ ပါလာပါသေးတယ်။ အဆိုပါအပြောင်းအလဲ တွေ ထဲမှာတော့ ကားရဲ့ ဘေးပတ်ပတ်လည်နဲ့ အနောက်ဘက် တံခါးတို့မှာ Welding Spots အခု ၂၀ ထပ် ထည့် ပေးထားတာကြောင့် တော်တော်လေး တောင့်တင်းတဲ့ ကားကိုယ်ထည်ကို ပိုင်ဆိုင်သွားပါပြီ။ Lexus ကတော့ အဆိုပါ ကားကို အစမ်းထုတ်လုပ်ခဲ့စဉ်တုန်းက Toyota ရဲ့ မာကျောမှု စမ်းသပ်စစ်ဆေးတဲ့ နေရာ မှာ သေချာပြင်ဆင်ခဲ့တယ် လို့လည်း ဖော်ပြထား ပါတယ်။ အထူးသဖြင့် လျှပ်စစ်စွမ်းအင်သုံး ပါဝါ စတီယာ တိုင် ၊ Shock Absorber တွေနဲ့ အခြား သော အရေးကြီး အစိတ်အပိုင်းတွေ ကိုပါ သေချာပြောင်းလဲပေး ထားပြီး Run Flat တာယာ အမျိုးအစားတွေကိုလည်း သုံးထားတာကြောင့် ယခင်ကထက် ကိုပိ ငြိမ့်ညောင်း တဲ့ အတွင်းခန်း အတွေ့အကြုံကို ရရှိနိုင်မှာ သေချာပါတယ်။ အခု ကားရဲ့ F Sport Model မှာ ဆိုရင်တော့ အမျိုးမျိုး ပြောင်းလဲနိုင်တဲ့ Suspension စနစ် ၊ Yamaha က ဖန်တီး ပေးထားတဲ့ စွမ်းဆောင်ရည် အသား ပေး Dampers တွေကိုပါ ရရှိနိုင်ပြီး အချိုးအကွေ့တွေအတွက် ပိုပြီး တိကျ စေနိုင်မှာပါ။ အတွင်းခန်းမှာ ဆိုရင်လည်းပိုပြီး Sports ဆန်တဲ့ Version ဖြစ်တာကြောင့် Sports ထိုင်ခုံတွေနဲ့ စတီယာတိုင် ဒီဇိုင်းအ ဆန်းတို့ကို မြင်ရတဲ့အပြင် ၊ အလူမီနီယံ ခြေနင်းတွေနဲ့ Shift Knob လေးကိုကအစ သီးသန့် ဒီဇိုင်း ဖန်တီး ပေးထားတာ တွေ့ရပါတယ်။ အခု ကားအသစ်ကတော့ 2023 Model နဲ့ အတူတူပဲ အလူမီနီယံ Footrest နဲ့ Scuff Plate တို့ကို ရရှိလာဦးမှာဖြစ်သလို ဥရောပ ဈေးကွက်ထဲမှာ ဆိုရင်လည်း UX 250h Model အတွက် ကိုပါ အခု F Sport Design အသစ် ရရှိမယ်လို့ သိရပါတယ်။

Photo Credit: motor 1.com

အခု ကားသစ်တွေမှာတော့ Infotainment ပိုင်း ပိုကောင်းလာတာတင်မကပဲ Digital Key လိုမျိုး စမတ် ဖုန်း ကနေကို ကား တစ်စီးလုံးကို ထိန်းချုပ်နိုင်မယ့် နည်းပညာမြင့် တွေကိုတော့ ဖန်တီးပေးလာတာ ဖြစ်ပါ တယ်။ ကား အတွင်းက ပိုမို ကြီးမားလာတဲ့ Screen တွေကြောင့်လည်း ပိုကြည့်လို့ကောင်းပြီး မြင်ကွင်းရှင်း တဲ့ Panoramic View ကို မြင်ရတာ ဖြစ်ပြီး အရှေ့ ၊ အနောက်နဲ့ ဘေးဘက်က ကင်မရာတွေ ကလည်း ပိုပြီး ပြည့်စုံစေမှာပါ။ လုံခြုံရေးပိုင်း ဆိုင်ရာမှာ ဆိုရင်လည်း ရေဒါနဲ့ ကင်မရာတွေကိုပါ အဆင့်မြှင့်တင် ထားတာ ကြောင့် ယခင်ကထက် ပိုမို သိသာကောင်းမွန်မှုကို မြင်ရမှာဖြစ်ကာ ကားသစ်တွေကို အခုနောက်လာမယ့် နွေရာသီမှာပဲ ကမ္ဘာ့ဈေးကွက်တွေဆီ စတင် ဖြန့်ချီမယ်လို့ သိရပါတယ်။

Ref: motor 1.com