လာမယ့် ဧပြီလ ၂၀ ရက် နေ့ အရောက်မှာတော့ Lexus ကနေ သူတို့ရဲ့ ပထမဆုံးသော လျှပ်စစ်ကားကို တရားဝင် စတင်ချပြတော့မှာ ဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါ ကားကတော့ RZ Crossover အသေးတစ် စီး ဖြစ်ပြီး အခုနှစ် နှောင်းပိုင်း လောက် မှာပဲ 2023 Model အနေနဲ့ ထွက်ပေါ် လာတော့မှာပါ။ RZ 450e Grade အနေနဲ့ ပွဲထွက်လာမယ့် အဆိုပါ ကားမှာ ထူးခြားချက် တစ်ချက်ကတော့ Yoke စတီယာတိုင် ဒီဇိုင်း ဆိုတဲ့ စတီယာတိုင် တစ်ဝက် ဒီဇိုင်းကို သုံးထားတာ ဖြစ်ပါတယ်။ အခု ထွက်ပေါ်လာတဲ့ အတွင်းခန်း ဒီဇိုင်း ပိုင်းတွေမှာ ဆိုရင်တော့ ကြည့်ရသလောက် UX Compact Crossover နဲ့ ဆင်တူနေပါတယ်။ အဓိက ကွဲ ပြားသွားတာကတော့ အဆိုပါ စတီယာတိုင် တစ်ဝက် ဒီဇိုင်းပဲ ဖြစ်ပြီး အမေရိက ဈေးကွက်ကို ရောက်မ ရောက် ဆိုတာကတော့ မသေချာသေးတာ ဖြစ်ပါတယ်။ 2023 Toyota BZ4X ကားမှာလည်း အခုလို စတီ ယာတိုင် တစ်ဝက်ကို ပွဲထုတ်ခဲ့ပေမယ့် တရုတ်ဈေးကွက်အတွက် သီးသန့်ပဲ ထုတ်ထားတာပါ။ အခု ကားရဲ့ အတွင်းခန်း Infotainment Screen ကတော့ NZ ကားနဲ့ အတူတူ ၁၄ လက်မ ဖြစ်ပြီး Digital Instrument Cluster လည်း ပါဝင်လာပါတယ်။

Photo Credit: MotorAuthority

အခု ထွက်လာမယ့် RZ ကားသစ်ရဲ့ ဒီဇိုင်း ပုံကြမ်းတစ်ချို့ကိုတော့ ပြီးခဲ့တဲ့ ဒီဇင်ဘာ ‌လ လောက်ကတည်းက စမြင်ခဲ့ ရတာ ဖြစ်ပြီး Toyota ရဲ့ လာမယ့် ၂၀၃၀ အရောက် လျှပ်စစ် ကားပေါင်း ၃၀ အထိ ထုတ်လုပ်သွား မယ့် အစီအစဉ်ထဲ ပါဝင်ခဲ့တာပါ။ အခြားသော လျှပ်စစ်ကားတွေ ထဲမှာဆိုရင်တော့ LFA Inspired Supercar ၊ အရွယ်အစားအလယ် အလတ်ရှိ SUV နဲ့ အမိုးဖွင့် ဒါမှမဟုတ် Wagon Version နဲ့ Sports Sedan ကားတွေ လည်း ပါဝင်လာပါတယ်။ အဆိုပါ ကားရဲ့ Platform ကတော့ BZ4X နဲ့ 2023 Subaru Solterra ကားတို့မှာ သုံးခဲ့တဲ့ e-TNGA Platform ကိုပဲ သုံးထားတာ ဖြစ်ပါတယ်။ ဒါကြောင့် Steer By Wire နည်းပညာနဲ့ လျှပ်စစ် မော်တာ ၂ လုံး ၊ All Wheel Drive စနစ် တို့ပါ ပါလာ လိမ့်မယ်လို့ မျှော်လင့်ရ ပါတယ်။ အခု ကားကို BZ4X နဲ့ Solterra တို့နဲ့ သိသိသာသာ ကွဲပြားလာစေဖို့ အတွက် 214 hp လောက် ထိရှိတဲ့ ပိုပြီးစွမ်းဆောင်ရည် ကောင်းအောင်တော့ ပြင်ဆင်ပေးလာနိုင်ပါတယ်။ ဒါတင်မကသေးပဲ ဘက်ထရီ ပိုင်းကလည်း 71.4 kWh ပမာဏ လောက် အထိကို ထည့်ပေးလာဖို့ ရှိပါတယ်။

Photo Credit: MotorAuthority

ဘယ်လိုပဲ ဖြစ်ဖြစ် Lexus ရဲ့ လျှပ်စစ် ကားတွေမှာ လျှပ်စစ် စွမ်းအင်နဲ့ လည်ပတ်မယ့် All-Wheel Drive System Drive 4 ကို သုံးလာဖို့ ရှိနေခဲ့ပြီး ကားဘီးတွေရဲ့ စွမ်းဆောင်ရည်နဲ့ ထိန်းချုပ်မှု အားကောင်းစေဖို့ အတွက်ကို Torque ကို အလို အလျောက် ချိန်ညှိ ပေးမယ့် စနစ်လည်း ဖြစ်ပြန်ပါတယ်။ Lexus ကတော့ လာမယ့် ၂၀၃၀ အရောက် မှာ လျှပ်စစ် ကားကုမ္ပဏီ တစ်ခုအဖြစ် ယှဉ်ပြိုင်နိုင်အောင် ရည်ရွယ်ထားပြီး အဆို ပါ နှစ်မှာပဲ အမေရိက ၊ ဥရောပ နဲ့ တရုတ်ဈေးကွက် တွေမှာ လျှပ်စစ်ကားတွေကိုပဲ ရာနှုန်းပြည့် ရောင်းချ တော့မှာ ဖြစ်ကာ အခြား ဈေးကွက်တွေထဲမှာတော့ ၂၀၃၅ အရောက်မှာ လျှပ်စစ် ကားသီးသန့် ဖြစ်တော့ မှာပါ။ တကယ်တော့ အခု မြင်ရမယ့် RZ က Lexus ရဲ့ ပထမဆုံးသော လျှပ်စစ် ကားတစ်စီး မဟုတ်သေးပဲ ယခင် UX Compact Crossover ရဲ့ လျှပ်စစ် ကားမျိုးကွဲကို လွန်ခဲ့တဲ့ ၂၀၁၉ ကတည်းက ကမ္ဘာ့ ဈေးကွက် တစ်ချို့မှာ စတင် ရောင်းချခဲ့တာပဲ ဖြစ်ပါတယ်။

Ref: MotorAuthority