LS 400 ကားတွေကတော့ ဇိမ်ခံ သမိုင်းကြောင်းကောင်းတယ် ဆိုပေမယ့် Lexus အတွက် တကယ်အောင်မြင်မှု ရခဲ့တာ ကတော့ RX ကားတွေနဲ့ပဲ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ နှစ်တွေ ကတည်းက အောင်မြင်မှုရခဲ့တဲ့ ရောင်းအားတွေနဲ့ အတူ အခု ဆိုရင်တော့ ၅ ခုမြောက် မျိုးဆက် Lexus RX ကို စတင်ချပြလိုက်ပါပြီ။ အခု ကားသစ်ကတော့ လုံးဝကို ဒီဇိုင်း ပြောင်းလဲ သွားတာတွေ့ရပြီး အထူးသဖြင့် ပိုပြီး တိကျကာ လေးထောင့် ဆန်တဲ့ အသွင်တွေကို မြင်လာရပါတယ်။ အရှေ့ဘက်က Fascia တွေ ဆိုရင်လည်း လုံးဝပြောင်းလဲ ထားတဲ့ Lexus ရဲ့ Grille Design ကိုသုံးထားပြီး ထုထည် ပိုရှိတဲ့ ပုံပေါက်လို့နေကာ Headlight တွေကိုတော့ ခပ်ပါးပါးပဲ ထည့်ပေးထားပါတယ်။ ယခင်ထက် ပိုကြီး လာတဲ့ ကားဖြစ်‌တာကြောင့် ဘီးတွေကိုလည်း ၁၉ လက်မကို Standard ၊ ၂၁ လက်မကို ရွေးချယ်စရာအဖြစ် ဖန်တီးပေးထားပြီး အနောက် ဘက် မှာတော့ လှပတဲ့ Lightbar လေးထည့် ပေးထားကာ Audi e-Tron SUV ရဲ့ ထူးခြားတဲ့ အသွင်နဲ့တောင် ခပ်ဆင်ဆင် တူလာခဲ့ပါ တယ်။

Photo Credit: CARBUZZ

အင်ဂျင်ပိုင်း ကတော့ Turbocharged 2.4 Liter ကိုသုံးထားတာကြောင့် 275 hp နဲ့ 317 lb-ft Torque အထိ ရှိလာကာ ဖြစ်ပါတယ်။ Mid-Range အမျိုးအစားအဖြစ် RX 350h ကို 246 hp နဲ့ 233 lb-ft Torque တို့ စွမ်းဆောင်နိုင်ကာ ထုတ်လုပ် ပေးထားပြီး စွမ်းဆောင် ရည် အနည်းငယ်ပိုလျော့ကျမယ့် Hybrid အမျိုးအစားတွေကို သုံးပေးထားပါတယ်။ ဒါ့အပြင် စိတ်လှုပ်ရှားစရာ အကောင်းဆုံး ကားတစ်မျိုး ကတော့ RX 500h F Sporty Performance ဆိုတဲ့ ကားပဲ ဖြစ်ပါတယ်။ ဒါ့အပြင် 2.4 Turbocharged Engine ကို မှ အနောင်ဘက် eAxle  မှာ Hybrid Electric စနစ်ကို ထည့်ပေးထားတာကြောင့် ပိုပြီး စွမ်းဆောင်ရည် ကောင်းကာ ရလဒ်ကလည်း 367 hp အထိ ရှိလာ ခဲ့တာပါ။ ဒါကြောင့် RX 500 h ဆိုရင် ၅.၉ စက္ကန့်အတွင်း မိုင် ၆၀ အထိ အရှိန်တင် နိုင်မှာပါ။ စွမ်းဆောင်ရည် ပိုင်းကောင်းမွန် ရတာ က တော့ GA-K Platform ကြောင့်ဖြစ်ပြီး ပေါ့ပါးတဲ့ ကိုယ်ထည်ဖြစ်တဲ့ အပြင် ပိုကောင်းတဲ့ မောင်းနှင်မှုဖြစ်ဖို့ အတွက်လည်း Multi Link Suspension စနစ်က အားဖြည့်ပေးထားတာပဲ ဖြစ်ပါတယ်။

Photo Credit: CARBUZZ

စက်ပိုင်းဆိုင်ရာ တွေထက် နည်းပညာပိုင်းမှာ ဆိုရင်တော့ Lexus ဟာ အခုကားမှာ ခလုတ်တွေ ရှုပ်ယှက်ခတ် နေအောင် ထည့်ထားတာ ထက် ရိုးရှင်းပြီး သုံးရလွယ်တဲ့ Layout ဖြစ်အောင် ဖန်တီးပေးထားတယ်လို့ ဆိုထား ပါတယ်။ ၁၄ လက်မ အရွယ် Touchscreen ကို သုံး ထားပြီး လိုအပ်တာတွေ စိတ်ကြိုက် ရွေးချယ်လုပ်ဆောင် နိုင်မယ့်အပြင် အတွင်းပိုင်း အရောင်ကိုလည်း ၆ မျိုးနဲ့ Trim ကိုလည်း ၄ မျိုးအထိ ရွေးချယ် နိုင်ဦးမှာပါ။ RX 500h ကတော့ F Sport ရဲ့ အသေးစိတ် အချက်အလက်တွေ အနေနဲ့ ဖန်တီးထားတာကြောင့် Sport ဆန်တဲ့ ခြေနင်းတွေ ၊ လယ်သာတွေ ၊ F Sport Scuff Plate ‌တွေကိုလည်း မြင်ရမှာပဲ ဖြစ်ပါတယ်။ အခု ကားသစ်မှာ တစ်ခုကောင်းတာကတော့ Lexus Safety System+ 3.0 လုံခြုံရေး စနစ်ကို ထည့်ပေးထားကာ ဖြစ်တာကြောင့် ယာဉ်တိုက်မှု ကြိုတင် ကာကွယ်ပေးတဲ့ စနစ် ၊ လမ်း သွား လမ်းလာတွေကို သိရှိနိုင်မယ့် စနစ်တို့ အပြင် Lane Departure စနစ်တွေနဲ့ အများကြီး မြင်ရဦးမှာပါ။ ကားရဲ့ အပြင်ပိုင်း ‌အရောင်ကို လည်း ၁၀ ရောင် လောက်အထိ စိတ်ကြိုက်ရွေးလို့ ရလာနိုင်ပြီး ဈေးနှုန်းတွေ မသိ ရသေးပေမယ့် ၂၀၂၂ မော်ဒယ် တွေထက် များမယ်ဆို တာကတော့ သေချာတဲ့ အချက်ပဲ ဖြစ်ပါတယ်။

Ref: carbuzz.com