ကား Tuning ပိုင်းတွေထဲမှာ နာမည်ရှိထားတဲ့ TRD တို့ ကတော့ အခုဆိုရင် 2023 Lexus RX ကားသစ်တွေ အတွက်ကို ပိုပြီး Aggressive ဆန်တဲ့ အသွင်အပြင် မျိုးရအောင် Tuning လုပ်ပေးလိုက်ပြန်ပါတယ်။ ဂျပန်မှာရှိတဲ့ Lexus အရောင်း ကိုယ်စားလှယ်တွေ ဆီမှာတင် အလွယ်တကူရနိုင်မယ့် အဆိုပါ Tuning Package အသစ်မှာတော့ ကားရဲ့ အရှေ့ပိုင်း Splitter ကို ဒီဇိုင်း အတော်လေး ပြန်ပြောင်းထားတာ တွေ့ရနိုင် ပြီး မူလဘန်ဘာနဲ့လည်း ပိုပြီးလိုက်ဖက် ကြည့်ကောင်းသွားတာ ဖြစ်ပါတယ်။

Photo Credit: AllAutoExperts

ကားကို ပုံမှန်ထက် ပိုပြီးခပ်နိမ့်နိမ့် အသွင်ဖြစ်အောင်ပါ ပြုလုပ်ပေးထားခဲ့ပြီး ထူးခြားတာကတော့ Suspension ပိုင်း ပြင်ဆင် စရာမလိုပဲ ပိုကြီးတဲ့ ဘေးဘက်က Side Skirts တွေနဲ့ အနောက်ဘက် ဘန်ဘာ Extension တွေကို ထပ်ထည့်ပေးထားတာ ကြောင့်ပဲ ဖြစ်ပါတယ်။ ကားရဲ့ အနောက်ဘက်မှာတော့ ပိုပြီး တိတိကျကျနဲ့ သိသာနေတဲ့ Diffuser ကို ထည့်သွင်းပေးထားပြီး Tailpipe ကလည်း ၄ ခု အထိ ရှိခဲ့ကာ ခပ်သေးသေး အတောင်ပံ တစ်ခုကိုလည်း ထပ်ပေါင်းထည့် ပေးထားပါသေးတယ်။ ကား အတွက် Body Kit အသစ် တစ်ခုလုံး ရဲ့ အပိုင်းတွေကိုစိတ်ကြိုက် အရောင် ၃ မျိုးနဲ့ ရွေးချယ်နိုင်မှာဖြစ်ပြီး Matte Black ၊ White Gunmetal နဲ့ မူလကားကိုယ်ထည် အရောင်တို့ဆိုပြီး ရရှိမှာဖြစ်ပါတယ်။

Photo Credit: AllAutoExperts

နောက်ဆုံး အရေးကြီးတဲ့ တစ်ချက်ကတော့ ကားရဲ့ ဒီဇိုင်းပိုင်း တင်မကပဲ Chassis ပိုင်းကိုပါ ပြင်ဆင်ပေးထားလိုက်တာ ပါပဲ။ အခုလို ပြင်ဆင်ပေးထားမှုကြောင့် တုန်ခါမှုတွေလည်း ယခင်ကထက် နည်းလာခဲ့သလို စီးရတာ သက်တောင့် သက်သာရှိမှုနဲ့ ထိန်းချုပ်နိုင်စွမ်းကပါ ပိုကောင်းလာမှာ ဖြစ်ပါတယ်။ တစ်ဖက်မှာတော့ ကားရဲ့ မူလအင်ဂျင်ကို ဘာမှမပြုပြင်ပေးထားတော့ပဲ မူလ SUV ရဲ့ Plug-In Hybrid အတိုင်းပဲ ဆက်သုံး ပေးထားတာကြောင့် Direct4 All-Wheel Drive စနစ်နဲ့အတူ 367 hp နဲ့ 406 lb-ft Torque အထိကို စွမ်းဆောင် နိုင်မှာပဲ ဖြစ်ပါတယ်။

Ref: AllAutoExperts