2022 Model အနေနဲ့ ထွက်ပေါ်လာခဲ့ရာမှာ ကြီးကြီးမားမား အပြောင်းအလဲတွေနဲ့ ထွက်ပေါ်လာခဲ့တဲ့ Lexus LX 600 ကားသစ်ကတော့ အခုလာမယ့် 2023 Model အတွက် အပြောင်းအလဲ အနည်းငယ်ပဲ ပြုလုပ် ပေးထားတာ တွေ့ရမှာ ပါ။ ကားမှာ အပူပေးစနစ် စတီယာတိုင်နဲ့ အနောက်ခုံတွေရဲ့ Screen အဖုံး‌တွေကို Lexus LX 600  ကားအမျိုးအစား အကုန်လုံးမှာ ရရှိလာပြီ ဖြစ်ပါတယ်။ ဒါပေမယ့် Ultra-Luxury လို့ ဆိုရမယ့် ဇိမ်ခံသီးသန့် Trim Level ဆိုရင်တော့ Takanoha Wood Trim နဲ့ Sunflare အတွင်းခန်း အရောင်တို့ကို ရလာနိုင်မှာပါ။

Photo Credit: MotorAuthority

နောက်တစ်ချက် ထူးခြားတာ ကတော့ F Sport Handling Model မှာ Nori Green Pearl ဆိုတဲ့ အရောင်သစ်တစ်မျိုး ပါဝင်လာတာ ဖြစ်ပါတယ်။ ဒါ့အပြင် အဆိုပါကားမှာပဲ သီးသန့်ရမယ့် Dampers တွေ ၊ Torsen Limited-Slip Differential စနစ် ၊ Adaptive ဖြစ်တဲ့ Suspension စနစ်တို့လည်း ပါဝင်လာပြီး ၂၂ လက်မ အရွယ်ဘီးတွေနဲ့ Sport ပိုဆန်တဲ့ အပြင်အဆင်မျိုးတွေကိုလည်း မြင်လာရဦးမှာပါ။  အဆိုပါ LX ကားတိုင်းကိုတော့ Land Cruiser ကားသစ်နဲ့ အတူတူ GA-F Platform ပေါ်မှာပဲ အခြေခံ ဖန်တီးထားတာဖြစ်ပြီး လမ်းကြမ်းပိုင်း တကယ်ကောင်းတာတော့ သေချာ ပါတယ်။ ဒါ့အပြင် ဘယ်လမ်းမဆို မောင်းနိုင် မယ့် Multi Terrain Off-Road Drive Mode အသစ်တွေ ၊ Crawl Control စနစ်နဲ့ တောင်တက်ဖို့ အတွက် Assist စနစ် တွေလည်း ပါဝင်လာတာပါ။ ဒါ့အပြင် Multi-Terrain မော်နီတာ ကင်မရာ စနစ်ကလည်း လမ်းကြမ်းပိုင်းအတွက် ပိုပြီး အထောက်အကူပြု လွယ်ကူစေနိုင်ပါတယ်။ ကားရဲ့ အင်ဂျင်ပိုင်းကတော့ 3.4 Liter Twin-Turbocharged V6 Engine ကို သုံးပေးထားပြီး 409 hp နဲ့ 479 lb-ft Torque စွမ်းဆောင် ရည် အထိ လည်း ရှိထားတာပါ။ ကားမှာတော့ 10-Speed Transmission ဂီယာ စနစ်နဲ့ Standard Four-Wheel Drive စနစ်တွေ ကိုလည်း မောင်းလို့ကောင်းအောင် တွဲထည့်ပေးထားပါသေးတယ်။

Photo Credit: MotorAuthority

ကား အတွင်းခန်းမှာတော့ Dual-Screen ၂ ခု တွဲကိုမှ ၁၂.၃ လက်မအပေါ် Screen နဲ့ ၇ လက်မအောက် Screen ပုံစံ ပဲ သုံးပေးထားတာပါ။ ဒါ့အပြင်ယခင် ကားတွေတုန်းကလိုပဲ Lexus ရဲ့ ကိုယ်ပိုင် Interface Infotainment စနစ်ကိုပဲ သုံးထားတာ ဖြစ်ပါတယ်။ ကြိုးမဲ့ Apple CarPlay စနစ်နဲ့ Android Auto ချိတ်ဆက်မှု စနစ်တွေကိုလည်း အခုဆိုရင် Standard အနေနဲ့ ပါဝင်လာခဲ့ပါပြီ။ ဒါပေမယ့် မပြောင်းလဲသေးတဲ့ နောက်တစ်ချက်ကတော့ Adaptive Cruise Control ၊ အရှေ့ဘက်မှာ ယာဉ်တိုက်နိုင်တာကို ကြိုသတိပေးတဲ့ စနစ်နဲ့ အလိုအလျောက် အရေးပေါ် ဘရိတ်စနစ် တွေ စတဲ့ လုပ်ဆောင်ချက်တွေ ပါဝင်မယ့် Lexus Safety System+ 2.5 ကိုလည်း ထည့်သုံးပေးထားသေးတာပါပဲ။ အခု 2023 Lexus LX ကားသစ် တွေကိုတော့ အခုနှစ်ကုန် ပိုင်းလောက်မှာမှ ဈေးကွက်ထဲ စရောက်လာလိမ့်မယ်လို့ ခန့်မှန်းရပြီး ဈေးကတော့ $ 90,505 လောက်ကနေကို စတင်လာနိုင်ပါတယ်။

Ref: MotorAuthority