2022 Model အတွက် ဒီဇိုင်းပြောင်းလဲ မှုတွေကိုရခဲ့တဲ့ Range Rover ဟာ အခုဆိုရင်တော့ သူ့ထက် အနည်းငယ် ပိုသေးပြီး Sports လည်းပိုဆန်တဲ့ SUV တစ်စီးအနေနဲ့ နောက်ထပ် လိုက်ထွက်လာခဲ့ပြီ ဖြစ်ပါ တယ်။ အဆိုပါ ကားကတော့ တတိယမြောက်မျိုးဆက် Range Rover Sport ဖြစ်ပြီး စတင်မှာယူလို့တောင် ရပြီဖြစ်ကာ ၂၀၂၃ မော်ဒယ် အနေနဲ့ ပို့ဆောင် ပေးလာဖို့ရှိနေပါတယ်။ ကားရဲ့ ဈေးနှုန်းကတော့ $ 84,350 အထိ ကျသင့်ပေမယ့် Platform အသစ် ၊ ခံ့ညားတဲ့ ဒီဇိုင်းအသစ်တို့အပြင် Hybrid နဲ့ V8 Engine တို့ပါ ပါလာတာကတော့ တကယ်ကို ဈေးတန်တယ်လို့ပဲ ဆိုရမှာပါ။ MLA Platform ပေါ်မှာ အခြေခံထားတဲ့ Land Rover ရဲ့ ဒုတိယမြောက် ကားတစ်စီး ဖြစ်လာပြီ ဖြစ်ပြီး ပထမကတော့ 2022 Range Rover မှာ စတင်သုံးခဲ့တာ ဖြစ်ပါတယ်။ အဆိုပါ Platform ကတော့ ကိုယ်ထည် မာကျောမှာ အပိုင်းမှာ ၈၁ % အထိကို အလူမီနီယံတွေချည်း သုံးထားတာဖြစ်ပြီး မာကျောမှာအပိုင်းကလည်း ယခင် Platform တွေထက် ၅၀ % လောက်ကို တိုးတက်လာတာပါ။

Photo Credit: MotorAuthority

အဆိုပါ Platform ကတော့ လျှပ်စစ်စွမ်းအင် အပြင် အင်ဂျင်အမျိုးမျိုးအတွက် အဆင်ပြေတာဖြစ်ပြီး Land Rover ကလည်း လာမယ့် ၂၀၂၆ အရောက်မှာ လျှပ်စစ်ကားသစ် ၆ မျိုး အထိ မိတ်ဆက်ထားနိုင်မယ်လို့ ဆိုထားဖူးပါတယ်။ ဒါကြောင့် Range Rover နဲ့ Range Rover Sport တို့ကို လာမယ့် ၂၀၂၄ အရောက်မှာ လျှပ်စစ်ကားတွေ အဖြစ် စတင် ကူးပြောင်းပေးလာ နိုင်ပါတယ်။ နောက်ပိုင်း လျှပ်စစ်ကားတွေကတောင် ပိုပြီး စွမ်းဆောင်ရည်ကောင်း သွားနိုင်ပေမယ့် လည်း လက်ရှိမှာတော့ V8 Engine ကို ထည့်ပေးထားပြီး ပါပြီ။ အဆိုပါ ကားရဲ့ P530 First Edition မှာ ဆိုရင် 4.4 Liter Twin-Turbocharged V8 Engine ကို တပ်ဆင်ပေးထားတာကြောင့် 523 hp နဲ့ 533 lb-ft Torque အထိ စွမ်းဆောင်ထားနိုင်တာ ဖြစ်ပြီး တစ်နာရီ မိုင် ၆၀ ပမာဏကို ၄.၃ စက္ကန့်အတွင်း မောင်းနှင်နိုင်ပါလိမ့်မယ်။ Entry Level ဖြစ်တဲ့ P360 SE Grade မှာတော့ 3.0 Liter Turbocharged Inline-6 Engine နဲ့အတူ Mild Hybrid ပါ ပါသေးတာကြောင့် 355 hp နဲ့ 369 lb-ft Torque အထိ စွမ်းဆောင်လာနိုင်ပါတယ်။ အဆိုပါ ကားရဲ့ အထက်မှာတော့ P 400 SE Dynamic ရှိနေပေမယ့် အင်ဂျင် အတူတူပဲ သုံးထားတာကြောင့် 395 hp နဲ့ 406 lb-ft Torque ပဲ စွမ်း ဆောင် နိုင်မှာပါ။ R‌ange ပိုကောင်းလာစေတာကတော့ P440e အမျိုးအစားမှာ ဖြစ်ပြီး 3.0 Liter Turbocharged Inline-6 Engine နဲ့အတူ လျှပ်စစ်မော်တာကိုပါ Hybrid တပ်ဆင် ထားတာကြောင့် ဖြစ်ပါတယ်။ အဆိုပါ ကားမှာတော့ စွမ်းဆောင်ရည်က 434 hp နဲ့ 610 lb-ft Torque အထိ ရှိထားနိုင်ပြီး 31.8 kWh Battery ကြောင့်လည်း လျှပ်စစ် သီးသန့်ကို တစ်ခါ အားသွင်းထားရင် မိုင်  ၅၀ လောက်အထိ မောင်းနှင်နိုင်မှာပါ။

Photo Credit: MotorAuthority

Grade တွေ ထည့်မတွက်ရင်တောင်မှ ကားသစ်တိုင်းမှာ ပါလာတဲ့ 8 Speed Automatic ဂီယာ နဲ့ All-Wheel Drive စနစ်တွေက တော်တော် စိတ်ဝင်စားဖို့ ကောင်းနေပါပြီ။ ဒါ့အပြင် Air Suspension စနစ် ၊ All Wheel စတီယာတိုင်နဲ့ Land Rover ရဲ့ လမ်းအနေအထားပေါ်မူတည်ပြီးစွမ်းဆောင်နိုင်တဲ့ Driver Assist Features နောက်ဆုံး Version တွေ ကိုလည်း ထည့်ပေးထားပါသေးတယ်။ နောက်တစ်ချက် ကောင်းတာကတော့ အခုကားမှာ လမ်းကြမ်းပိုင်း သီးသန့် အတွက် Adaptive Cruise Control ပါဝင်လာ တာပါပဲ။ ယာဉ်မောင်း အနေနဲ့ကတော့ မောင်းနှင်မှုပုံစံ ရွေးချယ်စရာ ၄ မျိုးအထိ ရမှာဖြစ်ပြီး လမ်းကြမ်း မောင်းမယ် ဆိုရင်တောင် ယာဉ်မောင်းက စတီယာတိုင် အသွားအလာ တစ်ခု တည်းကိုပဲ ထိန်း ပေးထားရမှာ ဖြစ်လို့ အတော် လွယ်ကူသွားပါတယ်။ Range Rover တုန်းကလိုပဲ အခုကားရဲ့ ဒီဇိုင်း ကလည်း ရိုးရိုးလေးနဲ့ ပြည့်စုံနေအောင် ဖန်တီးထားတာပါ။ အပြင်ပိုင်း ပုံစံကလည်း အရောင်တစ်ရောင်တည်းကိုပဲ ကျကျနန သုံးပေးထားပြီး အတွင်းခန်းမှာလည်း သန့်ရှင်းသပ်ရပ် စမတ်ကျတာကိုပဲသုံးပေးထားပါတယ်။ ၁၃.၇ လက်မ ရှိတဲ့ Instrument Cluster နဲ့ ၁၃.၁ လက်မ ရှိတဲ့ Infotainment Screen တွေကိုလည်း ထည့်ပေးထားပြီး Menu Panels အတော်များများ ကိုတော့ Infotainment Screen မှာပဲ လွယ်လွယ်ကူကူ သုံးနိုင်ပါလိမ့် မယ်။ ဒါ့အပြင် Wireless Apple CarPlay နဲ့ Android Auto တွေ ၊ လျှပ်စစ်ပစ္စည်းတွေ ကားထဲမှာတင် အားသွင်းဖို့တွေလည်း အကုန် စုံစုံလင်လင် ပါဝင်လာပါတယ်။ အမြင့်ဆုံး ကားမော်ဒယ်မှာ ဆိုရင် စပီကာ ၂၉ လုံး အထိ ပါဝင်မယ့် Meridian အသံ စနစ်ကို ရွေးချယ်နိုင်ဦးမှာ ဖြစ်ပြီး Subwoofer နဲ့ 1,430 W အထိ ရှိတဲ့ Amplifier တို့လည်း ပါဝင်ပါသေးတယ်။ အသံ ဆူညံမှုကို လျှော့ချပေးမယ့် Noise Cancellation စနစ်ကိုလည်း ပိုပြီး ဇိမ်ခံအရသာ ရနိုင်ဖို့ ဖန်တီးထည့်ပေးထား ဦးမှာ ပါ။ အဆိုပါ ကားသစ်တွေကိုတော့ အမေရိကရဲ့ Range Rover တွေ ထုတ်လုပ်ရာ Solihull က Jaguar Land Rover ရဲ့ စက်ရုံမှာပဲ ထုတ် လုပ်သွားဖို့ ရှိပါတယ်။ ဈေးနှုန်းတွေ အနေနဲ့ကတော့ 2023 Land Rover Range Rover Sport P360 SE ကို $84,350 ၊ 2023 Land Rover Range Rover Sport P400 SE Dynamic ကို $91,350 ၊ 2023 Land Rover Range Rover Sport P440e Autobiography ကို  $105,550 နဲ့ 2023 Land Rover Range Rover Sport P530 First Edition  ကို $122,850 ဆိုပြီး  အသီးသီး ကျသင့်မှာပဲ ဖြစ်ပါတယ်။

Ref: MotorAuthority