Lamborghini ကုမ္ပဏီကတော့ သူတို့ရဲ့ နာမည်ကျော် ကားတစ်မျိုးဖြစ်တဲ့ Urus Performante ကားအစား ပိုကောင်းတဲ့ Urus S Version အသစ်နဲ့ တဖြည်းဖြည်း အစားထိုး ထုတ်လုပ်ပေးလာနေပြီ ဖြစ်ပါတယ်။ တကယ် တော့ အဆိုပါ Urus Performante ကားကလည်း အခုနှစ် အစောပိုင်းတုန်းကမှ Pikes Peak Record ကို အမြင့်ဆုံး စံချိန် တင်ထားနိုင်သေးတဲ့ ကားဖြစ်ပါတယ်။ အခု Urus ကားအသစ်မှာတော့ 657 hp အထိ စွမ်းဆောင် နိုင်တယ်လို့ သိရပြီး တစ်နာရီ ၆၂ မိုင် နှုန်းအထိ မြန်နှုန်းတင်ဖို့ ဆိုရင်တော့ ၃.၅ စက္ကန့်ပဲ ကြာမယ်လို့ သိရပါတယ်။ ဒီအပိုင်းမှာ တော့ 641 hp စွမ်းဆောင်နိုင်ပြီး ၃.၆ စက္ကန့်အထိ အချိန်ယူရတဲ့ ယခင် Urus ထက်စာရင် သိသိသာသာ တိုးတက်လာတဲ့ စွမ်းဆောင်ရည်ပိုင်းပဲ ဖြစ်ပါတယ်။

Photo Credit: AllAutoExperts

ဒါပေမယ့် ယခင် Performante ကားနဲ့ အခု Urus S ကားတွေမှာ သုံးထားတဲ့ အင်ဂျင်က အတူတူပဲ ဖြစ်ပါတယ်။ တစ်ခု ကွဲပြားသွားတာကတော့ Performante ကားက စွမ်းဆောင်ရည် အသားပေးဖြစ်လို့ Sport ပိုဆန်ပြီး Urus S ကားကတော့ ပိုပြီးဇိမ်ကျကာ သက်တောင့်သက်သာ ပိုရှိတဲ့ဘက်ကို သွားတာလည်း ဖြစ်ပါတယ်။ ဒီဇိုင်း ပိုင်းအရလည်း ကားရဲ့ အရှေ့ဘန်ဘာကို ပုံပြောင်းထားပြီး Matte-Black အရောင်နဲ့ Stainless Steel Skidplate တွေကို အသုံးပြုပေးထားတာကြောင့် ကြည့်လိုက်တာနဲ့တင် သစ်လွင်နေစေပြီး ကားသစ်ကို မူလ Classic Urus ကနေ ကွဲထွက်နေစေတဲ့ အပြင်အဆင်တစ်ခု ဖြစ်လာပါတယ်။

Photo Credit: AllAutoExperts

အနောက်ဘက် ဘန်ဘာကိုလည်း Brand New အသွင်ဖြစ်အောင်နဲ့ Matte Black အောက်ခြေ‌တွေ ဖြစ်အောင် ပြင်ဆင် ပေးထားပါသေးတယ်။ ဒါ့အပြင် ပိုကောင်းသွားတာကတော့ ကားရဲ့အရှေ့စက်ဖုံးက ကာဗွန် သား ဖြစ်သွားတာပါ။ ဒါတင်မကသေးပဲ ကားဘီးတွေကိုလည်း ၂၂ လက်မ ဒါမှမဟုတ် ၂၃ လက်မ အရွယ်ဘီးတွေအဖြစ် ရွေးချယ် နိုင်ပါသေးတယ်။ ကားရဲ့အတွင်းခန်းမှာတော့ Control တွေနဲ့ Dashboard ဒီဇိုင်းတွေ ကို မပြောင်းလဲ ထားတဲ့အရင် အရသာအတိုင်း ခံစားရစေအောင် စီစဉ်ပေးထားလိုက်တာ တွေ့ရပါတယ်။ ဒါပေမယ့် အရောင်သစ် တွေ နဲ့ Trim အသစ်တွေကိုတော့ ရွေးချယ်နိုင်ဦးမှာ ဖြစ်လို့အပြောင်းအလဲတွေ စိတ်ကြိုက် လုပ်နိုင်ဦးမှာပါ။ ဈေးနှုန်း အတိအကျတွေ မထွက်ပေါ်လာ သေးပေမယ့်လည်း အခု Urus S  ကားတွေကတော့ ယခင် Performante ရဲ့ $ 210,358 ဆိုတဲ့ ပမာဏတွေထက် ပိုနည်းနိုင်တယ်လို့ ခန့်မှန်းရပါ တယ်။

Ref: AllAutoExperts