Kia Sportage မဟုတ်တဲ့ Compact Crossover ကားတစ်မျိုးကို ပြပါဆိုရင်တော့ XCeed ကားကိုပဲ ပြရမှာပါ။ အဆိုပါ ကားကတော့ Hatch ကိုယ်ထည်ကိုမှ နည်းနည်းပိုမြှင့်ပေးထားတဲ့ ကားဖြစ်ပြီး Sportage ထက်စာရင်တော့ ပိုပြီး တိုပါတယ်။ လက်ရှိ ကားကတော့ ၂၀၁၉ နှစ်လယ်လောက် ကတည်းက ထွက်ထား တာဖြစ်ပြီး အခုလာမယ့် ၁၈ ရက်နေ့မှာတော့ GT-Line Trim နဲ့ အတူ Mid-Cycle Facelift Update ကို ထုတ်ပေးတော့မှာပါ။ အခု ကားသစ်မှာ တော့ ယခင် ကတည်းက မမြင်ရတာကြာပြီဖြစ်တဲ့ Sport ဆန်ဆန် အရသာကို ပြန်မြင်ရမယ့်အပြင် ရောင်းအား အကောင်းဆုံးသော XCeed ကားလည်း ဖြစ်လာနိုင်ပါတယ်။ အခုဆိုရင်တော့ XCeed ကားအသစ်မှာ Kia ရဲ့ ပြန်လည် ဆန်းသစ်ထားတဲ့ တံဆိပ်ပါလာတော့မှာဖြစ်ပြီး မနှစ်က Ceed GT / GT-Line မှာ မြင်ရတဲ့ ‌အနောက် ဘက် Taillight Pattern တွေကိုလည်း ထည့်ပေးလာ တော့မှာပါ။ ဒါ့အပြင် Boomerang ဒီဇိုင်းနဲ့ LED Daytime Running Lights တွေကိုလည်း ကားသစ် မှာ စတင်မြင်လာ ရနိုင်ပြီး Fog Lights တွေကိုလည်း ယခင် သီးသန့် ထားထားရာကနေ အခု ဆိုရင် Headlights နဲ့ အတူတူ တွဲထားတော့မယ့် သဘောပါပဲ။ ဒါ့အပြင် ကားရဲ့ ဘန်ဘာအပိုင်း ကတော့ လေးထောင့် ကျကျ Air Intake အပိုင်းနဲ့ အနက်ရောင် ခပ်ပြောင်ပြောင် Trim တွေကို ရောစပ်ပြီး လှလှပပ ပိုဖြစ် လာပါတယ်။

Photo Credit: motor 1.com

ဒါ့အပြင် အခု 2023 XCeed ကားမှာတော့ Mild-Hybrid နဲ့ Plug-In Hybrid ကား အမျိုးအစားတွေကို သီးသန့် ရောင်းချ လာမှာဖြစ်ပြီး အခုလို ကားအသစ် တွေ ပါလာတာကြောင့် ဈေးတွေလည်း နည်းနည်းတော့ ပိုများလာ ပါလိမ့်မယ်။ PHEV ကား မှာဆိုရင် 1.6 Liter Gasoline Engine ကိုမှ Dual-Clutch ၊ Six-Speed Automatic Transmission နဲ့ 44.5 kW လျှပ်စစ် မော်တာ ၊ 8.9 kWh Battery တွေကို ပေါင်းစပ်ထည့်ပေးထားမှာပါ။ ဒါကြောင့် ကားရဲ့ စုစုပေါင်း လျှပ်စစ် စွမ်းအင် သီးသန့်နဲ့ပဲ ဆိုရင် တစ်ခါအားသွင်းထားတာနဲ့ ၃၇ မိုင် မောင်းနှင်နိုင်ကာ စွမ်းဆောင်ရည် စုစုပေါင်းကတော့ 139 hp နဲ့ 195 lb-ft Torque အထိ ရှိလာမှာပဲ ဖြစ်ပါတယ်။ PHEV ကား အနေနဲ့ ထွက်လာတယ် ဆိုကတည်းကကို တစ်ချို့အပိုင်းတွေမှာ ကားရဲ့ကိုယ်ထည် နေရာတွေ စတေးလိုက်ရတာ မျိုးတွေရှိခဲ့ပြီး အထူးသဖြင့် ပစ္စည်းထည့်စရာ နေရာတွေကို ယခင် ၄၂၆ လီတာ ဆံ့တာ ကနေ ၂၉၁ လီတာ အထိကို လျော့ကျသွားတာပါ။

Photo Credit: motor 1.com

ဒါပေမယ့် တကယ်လို့ သင်က All-Wheel Drive အမျိုးအစားပဲ မောင်းရတာ ကြိုက်မယ် ဆိုရင်တော့ Sportage အသစ် ကို ရွေးလိုက်တာပဲ ပိုကောင်းပါလိမ့် မယ်။ အကြောင်းကတော့ အခု XCeed ကားမှာဆိုရင် FWD ကိုပဲ မိတ်ဆက်လာမှာမို့လို့ဖြစ်ပြီး ကျန်တဲ့ Ceed Range ကားတွေနဲ့ပိုသေးတဲ့ Stonic Crossover ကားတွေလိုပဲ ဖြစ်လာမှာပါ။ GR Trim သီးသန့် အကြမ်းစား ကား အနေနဲ့ ကတော့ သိပ်ပြီး မျှော်လင့်လို့ မရနိုင်ပဲ အကြောင်းကတော့ Sport ဆန်တဲ့ အရသာ ဆိုတာကို Ceed နဲ့ Proceed တွေမှာပဲ မိတ်ဆက်ပေးလို့ ဖြစ်ပါတယ်။ ကားရဲ့ လုံခြုံရေးစနစ်တွေနဲ့ အခြားသော Infotainment စနစ် အသေးစိတ်တွေကိုတော့ လာမယ့် ဇူလိုင် ၁၈ တရားဝင် မိတ်ဆက်တဲ့ အခါသိရမှာ မို့လို့ စောင့်ကြည့်ရတော့မှာပါ။

Ref: motor 1.com