Stonic နဲ့ Sportage တို့ အကြားက XCeed Crossover အသစ် ကတော့ အခု ဆိုရင် ၂၀၂၃ မော်ဒယ်အနေနဲ့ တရားဝင် ထွက်ရှိလာခဲ့ပါပြီ။ အခု ကားမှာထူးခြား တာ ကတော့ သက်တမ်းတစ်လျှောက် ပထမဆုံး အနေနဲ့ GT-Line Trim ကိုပါ အံ့အားသင့်ဖွယ် ထည့်ပေးလိုက်တာဖြစ်ပြီး သာမန် Hatchback တစ်စီးမှာ မြင်နိုင်တဲ့ ပုံစံနဲ့မတူတဲ့ Sport ဆန်ဆန် အရသာတွေကို မြင်နိုင်ပါတယ်။ ပိုဆန်းတာကတော့ အခုကားမှာ အတော်လေး ဆွဲဆောင်မှုရှိတဲ့ အစိမ်းရောင် တောက် တောက်နဲ့အတူ ၂ ရောင်စပ် ၁၈ လက်မ ဘီးလေးတွေပဲ ဖြစ်ပါတယ်။ XCeed ရဲ့ အရွယ်ကတော့ Ceed Hatchback ထက် ၁.၇၃ လက်မပိုမြင့်ပြီး ၇ လက်မ Ground Clearance နဲ့ ပိုလိုက်ဖက်တဲ့ ၁၈ လက်မ ၊ ဒါမှမဟုတ် ၁၆ လက်မ ဘီးတွေအဖြစ် ရွေးချယ် နိုင်ပါသေးတယ်။ ယခင်သာမန် တံခါး ၅ ပေါက်ပါ Hatchback နဲ့ ယှဉ်ရင်တော့ အရှေ့ဘက် တံခါးတွေလောက်သာ တူတူပဲ ဖြစ်လာခဲ့တာ ဖြစ်ပါတယ်။

Photo Credit: motor 1.com

ဒီဇိုင်းပိုင်းတွေမှာတော့ မနှစ်ကတည်းက ပြောင်းလဲလာခဲ့တဲ့ အပိုင်းတွေကို ဆက်လက် ယူဆောင်ပေးလာခဲ့ပြီး Logo အသစ် နဲ့အတူ GT-Line Trim အတွက် ဆိုရင်လည်း Hexagonal Line တွေနဲ့ Taillight အသစ်တွေ ပါဝင်လာခဲ့ ပါတယ်။ အိတ်ဇောအပိုင်းမှာလည်း ခပ်ကြမ်းကြမ်းအသွင် ထင်ရစေမယ့် Discreet Exhaust ပုံကို ထည့်ပေးထားပြီး Headlights တွေနဲ့ Bumper တွေကအစ ခပ်ပြတ်ပြတ် ပုံစံမျိုးနဲ့ လှပနေပါတယ်။ ဘေးဘက်က ကြည့်မယ်ဆိုရင် တော့ ကားက အတော်လေး ခပ်ကြမ်းကြမ်း အသွင်နဲ့ Sports အရသာ ကိုပိုပေးထားနိုင်ပါတယ်။ အတွင်းခန်းပိုင်း ကတော့ ယခင်နဲ့ ခပ်ဆင်ဆင် ဖြစ်ပေမယ့် GT-Line မှာတော့ Sport ဆန်တဲ့ အရသာထိုင်ခုံတွေ ၊ အောက်ခြေ အပြား စတီယာတိုင် ၊ အနက်ရောင် Headliner နဲ့ အလွိုင်း ခြေနင်းတွေကိုတော့ ထည့်ပေးထားပါ တယ်။ Kia ကတော့ ဂီယာ အုံ ကိုလယ်သာသားနဲ့ ထည့်ပေးထားပြီး အနီရောင် GT-Line တံဆိပ်ကိုလည်း စတီယာတိုင် အောက်ဘက်က အဖြူရောင် လိုင်း သေးလေးနဲ့ ကောင်းကောင်း ပေါင်းစပ် ပေးထားတာပါ။ တစ်ခြား အဆင့်မြှင့်တင် လာတဲ့ အပိုင်းလေးတွေ အနေနဲ့တော့ ဘောင်ပျောက်ဘက်မှန် ဒီဇိုင်းတွေ ၊ အနက်ရောင် ခပ်ပြောင်ပြောင် Transmission Tunnel နဲ့ Digital ၁၂.၃ လက်မ အရွယ် Instrument Cluster ကိုလည်း ရရှိ နိုင်ပါသေးတယ်။ အင်ဂျင်ပိုင်း တွေ ကတော့ ရွေးချယ်စရာ အတော်များပြီး အနိမ့်ဆုံး Turbocharged 1.0 Liter Three-Cylinder Engine ကို ယူမယ်ဆိုရင် 118 hp နဲ့ 127 lb-ft Torque အထိ စွမ်းဆောင်နိုင်ပါတယ်။ တကယ်လို့ ပိုကြီးတဲ့ 1.5 Liter Engine ကို ယူမယ် ဆိုရင်တော့ 158 hp နဲ့ 187 lb-ft Torque ကို စွမ်းဆောင်ပေးနိုင်ပြီး Ceed GT နဲ့ Proceed GT ကားတွေက ယူဆောင်ထားတဲ့ 1.6 Liter Engine နဲ့ ဆိုရင်တော့ 201hp နဲ့ 195 lb-ft Torque အထိကို စွမ်းဆောင် နိုင်မှာပါ။ အဆို ပါ အင်ဂျင်ကိုမှ Seven-Speed ဂီယာ ၊ ဒါမှမဟုတ် Dual-Clutch Automatic Transmission တွေ ဆိုပြီး ရွေးနိုင် သေးကာ တစ်နာရီ ၆၂ မိုင် နှုန်း အရှိန်တင် နိုင်ဖို့အတွက် ၇.၅ စက္ကန့် ပဲကြာမှာ ဖြစ်ပါတယ်။

Photo Credit: motor 1.com

Kia အနေနဲ့ XCeed ကားကိုပဲ Mild-Hybrid နဲ့ပဲ ထုတ်ပေးလိုက်ပြီး 1.6 Liter ဒီဇယ်အင်ဂျင်နဲ့ ပေါင်းကာ 134 hp နဲ့ 207 lb-ft Torque အထိ စွမ်းဆောင် ပေးထားနိုင်ပါတယ်။ အဆိုပါ စွမ်းဆောင်ရည်ကတော့ Six-Speed Manual Gear နဲ့မှာ ရနိုင်တာဖြစ်ပြီး Seven-Speed DCT gear နဲ့သာ ဆိုရင်တော့ 236 lb-ft Torque အထိ စွမ်းဆောင်ရည် တိုးတက် လာ နိုင်ပါတယ်။ အဆိုပါ Hybrid ကားမှာတော့ 48 V နည်းပညာကြောင့် ကာဗွန်ထုတ်လုပ်မှုကို ၁၀ % အထိ လျှော့ချ ပေးလာနိုင်ပါတယ်။ နောက်တစ်မျိုး ရွေးချယ်စရာကတော့ Plug-In Hybrid ကား ဖြစ်ပြီး 1.6 Liter Gasoline Engine ကိုမှ 44.5 kw လျှပ်စစ်မော် တာ ၊ Six-Speed Dual-Clutch Auto ဂီယာ ၊ 8.9 kWh Lithium Ion Battery တို့ကို ပေါင်းထားတာကြောင့် 139 hp နဲ့ 195 lb-ft Torque အထိကို စွမ်း ဆောင်နိုင်မှာဖြစ်ကာ လျှပ်စစ်သီးသန့်နဲ့ကိုပဲ ၃၇ မိုင် အထိ မောင်းနှင်နိုင်မှာပါ။ အဆိုပါ ကားသစ်တွေကိုတော့ ဥရောပ ဈေးကွက်ထဲ လာမယ့် စက်တင်ဘာ လောက်ကစလို့ ပုံမှန်အတိုင်း ၇ နှစ် အာမခံနဲ့ စတင်ရရှိလာတော့မှာပဲဖြစ်ပါတယ်။

Ref: motor 1.com