လက်ရှိ ကျင်းပနေတဲ့ ၂၀၂၂ နယူးယောက် ကား ပြပွဲကြီးထဲမှာတော့ တောင်ကိုရီးယား ကားကုမ္ပဏီ Kia ရဲ့ Telluride ကားအသစ်ကို စပြီး မြင်တွေ့ရပြီ ဖြစ်ပါတယ်။ တစ်ဖက်မှာလည်း Hyundai ရဲ့ Palisade ကား သစ်ကိုပါ ပြသနေတာ ကြောင့် အဓိက ပြိုင်ဘက်တွေ ဖြစ်ကြတဲ့ ထိုင်ခုံ ၃ တန်းပါ အရွယ်အစား အလယ်အ လတ် SUV ၂ မျိုးကို တစ်နေရာ တည်းမှာတည်း ကောင်းကောင်း ယှဉ်ကြည့်လို့ရနေပြီပဲ ဖြစ်ပါတယ်။ အခု Telluride အသစ်ရဲ့ အပြင်ပိုင်း ဒီဇိုင်း ကတော့ ကြီးကြီးမားမား ပြောင်းလဲ သွားတာမျိူး မရှိပါဘူး။ ဒါပေမယ့် လည်း နဂိုကတည်း ခန့်ခန့်ညားညားနဲ့ ပြီးပြည့်စုံတဲ့ အလှတရား တစ်ခု ပိုင်ဆိုင်ထားတာကြောင့် ဒီဇိုင်းမ ပြောင်းရင်လည်း သိပ်တော့ အရေးမကြီးဘူးလို့ ဆိုလို့ ရပါတယ်။ ဒါပေမယ့် Headlight တွေနဲ့ အရှေ့ဘက် Grille တွေကတော့ ယခင်ကထက် ခပ်ထူထူ ခပ်ကြီးကြီး ဒီဇိုင်းအသစ် တွေနဲ့ ပိုလေးနက် ပုံပေါက်လာခဲ့တာ ပါ။ အရှေ့ဘက် Fascia ရဲ့ ပိုနိမ့်ပြီး ထုထည်ပိုကြီးတဲ့ ပုံစံကြောင့် ကားကို ပိုကြမ်းနိုင်မယ်ဆိုတဲ့ အသွင်အပြင် မျိုး ပေးလာနိုင်တာ တွေ့ရပါတယ်။

Photo Credit: MotorAuthority

အပြင်ပိုင်း ထက်စာရင် ကားအတွင်းပိုင်း အပြောင်းအလဲတွေက ပိုအရေးပါတာ တွေ့ရပြီး Instrument Cluster နဲ့ Infotainment System ပိုင်း ပြောင်းလဲမှုတွေကလည်း ပိုသိသာ လာပါတယ်။ အဆိုပါ Screen ၂ ခု လုံး ကတော့ ၁၂.၃ လက်မ စီ ရှိလာခဲ့တာ ဖြစ်ပြီး အပေါ်ဘက်က Head-Up Display အသစ်ကလည်း ပိုကြီးလာခဲ့ ကာ Dashboard နဲ့ စတီယာတိုင် တို့ကအစ ဒီဇိုင်းအသစ်တွေ ဖြစ်လာခဲ့တာပါ။ ဒါတင်မက သေးပဲ ဝိုင်ဖိုင် စနစ်နဲ့ Digital Car Key စနစ် တွေလည်း ပါဝင်လာပြီ ဖြစ်ပါတယ်။ အဓိက ထူးခြားလာတာ ကတော့ X-Line နဲ့ X-Pro Grade အသစ်တွေ ပါဝင် လာတာ ဖြစ်ပြီး အဆိုပါ Grade တွေကတော့ လမ်း ကြမ်းပိုင်းအတွက် အဓိက ဖြစ်လာခဲ့တာပါ။ အဆိုပါ နှစ်မျိုးမှာမှ X-Line က ပိုပြီး စတိုင်ကျတဲ့ အသွင်ပေါက် လာနေပြီး အမိုးလိုင်းလို အရာမျိုးတွေ ၊ မြေပြင်ကင်းလွတ် အမြင့် ၁၀ မီလီမီတာ ပိုလာတာ မျိုးတွေနဲ့ အတူ နောက်ကား တစ်စီးကို ကောင်းကောင်းဆွဲလို့ရတဲ့ Tow Mode ‌တွေကို ပိုပြီး ကွဲထွက်လာ စေပါတယ်။ အဆိုပါ Tow Mode မှာ ဆိုရင်တော့ ဂီယာရဲ့ Shift Program ကနေ ချိန်ညှိတာတွေ ပါဝင် လာသလို ကား ဘီးတွေကလည်း လက်မ ၂၀ အရွယ်တွေ ဖြစ်လာတော့တာပါ။

                                                               Photo Credit: MotorAuthority

X-Pro ကတော့ ပိုကြမ်းတဲ့ ကားတစ်စီးအဖြစ် ထွက်ပေါ်လာတာဖြစ်ပြီး X-Line ရဲ့ စွမ်းဆောင်ရည် အကုန် ပါဝင်လာတဲ့ အပြင် ဘီးတွေ ကတော့ ၁၈ လက်မ အရွယ်နဲ့ Continental All-Terrain တာယာတွေ တွဲ ဖက်လာတာ ဖြစ်ပါတယ်။ အခြား Grade ကားတွေမှာ ပေါင် ၅,၀၀၀ လောက် အထိပဲ ဆွဲနိုင်တဲ့ အားကို အခု X-Pro မှာ ပေါင် ၅,၅၀၀ အထိ ရနိုင် တာ ဖြစ်ပြီး ကိုယ်တိုင် ချိန်ညှိနိုင်မယ့် အနောက်ဘက် Suspension စနစ်လည်း ပါဝင်လာပါသေးတယ်။ ကား အင်ဂျင် ပိုင်းတွေ ကတော့ ယခင်အတိုင်း အတူတူပဲ ဖြစ်ပြီး 3.8 Liter V6 Engine ကိုမှ 291 hp နဲ့ 262 lb-ft Torque အထိ ကို ရှိလာမှာပါ။ 8-Speed Automatic ဂီယာနဲ့အတူ Front-Wheel Drive ဒါမှမဟုတ် All-Wheel Drive တို့ ကိုလည်းရွေးချယ် နိုင်မှာ ဖြစ်ပြီး AWD ကားမော်ဒယ်တွေမှာ ဆိုရင်တော့ နှင်းတောထဲ မောင်းနှင် နိုင်ဖို့ နဲ့ AWD Lock တွေ ပါဝင်ပါတယ်။ Telluride ကလည်း အမေရိကမှာ ရောင်းအား အကောင်းဆုံး ကားတွေထဲ တစ်စီး အပါအဝင် ဖြစ်ပြီး ၂၀၂၁ တုန်း ကဆိုရင် ၉၃,၇၀၅ စီး အထိ ရောင်းချခဲ့ရကာ အမေရိကန် နိုင်ငံ ၊ ဂျော်ဂီယာမှာ ရှိတဲ့ West Point က Kia စက်ရုံ မှာထုတ်လုပ်နေတာပဲ ဖြစ်ပါတယ်။ အခု ကားသစ်တွေအတွက် ဈေးနှုန်းတွေ မသိရသေး ပေမယ့် လည်း 2022 Model တွေတုန်းကတော့ $ 34,015 အထိ ဈေးရှိခဲ့တာကြောင့် ဈေးအနည်းငယ်တော့ မြင့် တက်လာနိုင်ပါ သေးတာပဲ ဖြစ်ပါတယ်။

Ref: MotorAuthority