Kia တို့ကတော့ ၂၀၂၂ ရာသီရဲ့ Rebelle Rally ပြိုင်ပွဲထဲကို ထပ်မံဝင်ရောက်လာခဲ့ပြန်ပါပြီ။ အခုဆိုရင် ပြိုင်ပွဲအတွက် အထူးပြုဒီဇိုင်းဖန်တီးထားတဲ့ 2023 Sportage X-Pro ကားရဲ့တရားဝင်ပုံရိပ်တွေကို ချပြလာခဲ့ ပြီဖြစ်ပြီး ယမန်နှစ်က ပြိုင်ပွဲမှာတော့ အထူးပြုပြင်ထားတဲ့ Sorento PHEV ကား ၂ မျိုးနဲ့ ပြိုင်ပွဲဝင်ခဲ့တာပါ။

Photo Credit: AllAutoExperts

X-Pro ကားမှာ ၁၇ လက်မရှိတဲ့ အနက်ရောင် Wheels Shod တွေနဲ့ B.F. Goodrich တာယာတွေ တပ်ဆင်ပေးထားပါတယ်။ ဒါ့အပြင် LED Fog Lights တွေနဲ့ ရွေးချယ်နိုင်တဲ့ LED Projector Headlights တွေ၊ Heated Windshield နဲ့ Windshield Wiper Washer Nozzle, Multi-Terrain Drive Modes တွေနဲ့ နှစ်ရောင်စပ်အမိုးတွေကြောင့် ကားရဲ့ အသွင်သဏ္ဍာန်ကို ပိုမိုပြည့်စုံသွားစေပါတယ်။ အဆိုပါ Sportage X-Pro ကားရဲ့ အပြင်ပိုင်းအသွင်က Kia ရဲ့ ဆောင်ပုဒ်အသစ်ဖြစ်တဲ့ Movement That Inspires အဆိုနဲ့ ကိုက်ညီနေပြီး မီးခိုးရောင်၊ အဖြူနဲ့ အနက်ရောင်တွေကို လိုက်ဖက်စွာ ပေါင်းစပ်ခြယ်သပေးထားတာပါ။

Photo Credit: AllAutoExperts

အဆိုပါ ပြိုင်ပွဲအတွင်းမှာတော့ အသင်း ၂ သင်းက မိုင် ၁၅၀၀ ရှည်လျားတဲ့ နီဗားဒါးနဲ့ ကယ်လီဖိုးနီးယား ပြည်နယ်အတွင်းက ကန္တာရကို ဖြတ်သန်းမောင်းနှင်ကာ ယှဉ်ပြိုင်ကြရမှာပါ။ ပြိုင်ပွဲကိုတော့ အောက်တိုဘာ ၆ ရက်ကနေ ၁၅ ရက်နေ့အထိ ကယ်လီဖိုးနီးယားတောင်ပိုင်းမှာရှိတဲ့ Imperial Sand Dunes မှာ ယှဉ်ပြိုင်ရမှာဖြစ်ပြီး အခုနှစ်မှာတော့ Kia က Hyundai Santa Cruze နဲ့ Nissan Frontier အပါအဝင် အခြားသော ကားတွေနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။ လာမယ့် အပတ်တွေအတွင်းမှာတော့ Sportage X-Pro ကားကို အလုံးစုံတွေ့မြင် လာရတော့မှာပဲ ဖြစ်ပါတယ်။

Ref: AllAutoExperts