Kia အနေနဲ့ မနှစ်တုန်းကပဲ သူတို့ရဲ့ ၅ ခုမြောက်မျိုးဆက် ၂၀၂၃ Sportage ကို အမေရိက ဈေးကွက်ထဲအထိ တင်ပို့လာခဲ့ပြီး နောက်ပိုင်းမှာ တော့ လျှပ်စစ် စွမ်းအင်သုံး အနေနဲ့ပါ ရလာမှာ ဖြစ်တယ်လို့ ဖော်ပြလာခဲ့ပါတယ်။ Kia ကတော့ တကယ်ကတိတည်တယ်လို့ ဆိုရမှာဖြစ်ပြီး အခု ဆိုရင်တော့ အဆိုပါ ကားရဲ့ နောက်ဆက်တွဲ 2023 Sportage PHEV ကို မိတ်ဆက်ပေးလာခဲ့ပြီဖြစ်ကာ Standard Hybrid ကား တစ်စီးအနေနဲ့ မြင်လာခဲ့ရပြီပဲ ဖြစ်ပါတယ်။ Kia ကတော့ X Line နဲ့ X Line Prestige တို့ ဆိုပြီး ၂ မျိုး ခွဲကာ မိတ်ဆက်ခဲ့ပေမယ့် ကား ၂ စီးလုံးမှာကတော့ Chrome Satin Trim တွေကို အရှေ့ နဲ့ အနောက်ဘက် ဘန်ဘာတွေ မှာ ပါဝင်လာခဲ့တာပါ။ ဒါ့အပြင် Gloss-Black Mirror တွေ ၊ အမိုး Rack တွေနဲ့ Window Surround တွေပါ ပါဝင်လာ ခဲ့တာပဲ ဖြစ်ပါတယ်။ ဒါတင်မကသေးပဲ ၁၉ လက်မ အရွယ် Alloy ဘီးတွေကလည်း Standard အနေနဲ့ ရရှိလာပြီ ဖြစ်ပြီး Kia ကတော့ အခု ကားကို အတွင်းရော အပြင်မှာပါ ဒီဇိုင်းတွေ ဆန်းသစ်ပေး ခဲ့တာပဲ ဖြစ်ပါတယ်။
အင်ဂျင်ပိုင်းမှာကတော့ 1.6 Liter Turbocharged Four-Cylinder Engine ကိုသုံးထားပြီး 177 hp အထိ စွမ်းဆောင် နိုင်ပါတယ်။ လျှပ်စစ်စွမ်းအင် အပိုင်းကတော့ 66.9 kWh လျှပ်စစ် မော်တာနဲ့ 13.8 kWh Lithium-Ion Battery တွေ ကို ပေါင်းစပ် ပေးထားတာ ဖြစ် ပါတယ်။ တကယ်လို့ Level 2 အဆင့် Charger နဲ့ချိတ်ပြီး အားသွင်းမယ်ဆိုရင် ဘက်ထရီကို ၂ နာရီ အတွင်း အားပြည့်အောင် သွင်းနိုင်ပါ လိမ့်မယ်။ ဂီယာ အနေနဲ့ကတော့ Six-Speed Automatic စနစ်ကိုပဲ သုံး ပေးထားပြီး Standard All-Wheel Drive စနစ်ကိုလည်း ထည့် ပေးထားသေးတာကြောင့် လျှပ်စစ် Range အနေနဲ့ ကလည်း ၃၂ မိုင် လောက် အထိတော့ ရှိတယ်လို့ သိရပါတယ်။ အဆိုပါ ကားမှာကတော့ ပိုပြီး စိတ်ချ လာရတဲ့အဆင့်မြင့် လုံခြုံရေး စနစ်တွေ ယာဉ်မောင်း အကူနည်းပညာတွေလည်း ပါဝင်လာခဲ့ပါတယ်။ အထူးသဖြင့် တော့ ယာဉ်မောင်းရဲ့ အာရုံ စူးစိုက်မှု ရှိမရှိ သတိပေးနိုင်မယ့် စနစ် ၊ High Beam Assist ပါဝင်မယ့် LED Headlight ၊ Lane Keep Assist စနစ် ၊ ယာဉ်တိုက်မှုကို ကြိုတင်ကာကွယ်ပေးနိုင်မယ့်စနစ် ၊ Rear Cross Traffic Alert တို့ အပြင် အစုံအလင် ပါဝင်လာခဲ့သေးတာ ဖြစ်ပါ တယ်။
X-Line Prestige မှာဆိုရင်တော့ Smart Cruise Control စနစ်ပါ အပိုပါဝင်လာမှာ ဖြစ်ပြီး အရှေ့အနောက် ပါကင် သတိပေးစနစ်တွေ ၊ Blind-Spot View Monitor တွေလည်း ထည့်ပေးလာပါတယ်။ နောက်တစ်ချက် ကောင်းတာ ကတော့ ၃၆၀ ပတ်ပတ်လည် မြင်နိုင်မယ့် Surround View Monitor ဖြစ်ပြီး Harman Kardon အသံစနစ် ကြောင့်လည်း အရာရာပြီးပြည့် စုံစေပါသေးတယ်။ 2023 Kia Sportage PHEV ကားသစ်ကိုတော့ အခုနှစ်ရဲ့ တတိယ မြောက် ကာလအပိုင်းအခြားလောက်မှာ စတင် ရောင်းချလာဖို့ရှိပြီး ဈေးနှုန်းတွေ ၊ Economy Rating တွေ ရောင်းချ မယ့် ရက်စတဲ့ အသေးစိတ် အချက်အလက်တွေကိုတော့ သီးသန့် ကြေညာပေးလာမှာပဲ ဖြစ်တာမို့ စောင့် ကြည့် ကြရဦးမှာပါ။
Ref: motor 1.com