Kia ကတော့ သူတို့ရဲ့ 2023 Soul ကားမော်ဒယ်အသစ်ကို ဒီနေ့ပဲ တရားဝင် ချပြခဲ့ပြီ ဖြစ်ပြီး အခုနှစ် နွေရာသီ နှောင်းပိုင်းလောက်မှာ ဈေး ကွက်ထဲ ရောက်လာ နိုင်ပါတယ်။ ကားကတော့ ရုပ်ထွက် အပြင်အတွင်းရော ၊အပြင်ရော ဒီဇိုင်းပိုင်း အပြောင်းအလဲ အများကြီး ပါလာခဲ့ပြီး အရောင်အသစ် ၊ Model Range အသစ်တွေ အပြင် နောက်ထပ် ရွေးစရာ Package ၂ မျိုးနဲ့ စုံစုံလင်လင် ပွဲထွက်လာခဲ့ပါတယ်။ လူကြိုက် အများဆုံးသော Compact SUV အဖြစ် ရှိနေဆဲ ဖြစ်တဲ့ အဆိုပါ ကားလေးကိုမှ အသစ်အသစ်တွေ ပေါင်းထည့် ပေးလိုက်တာကတော့ တကယ် အကြိုက် တွေ့စရာပါပဲ။ Stinger နဲ့ EV 6 အသစ်တို့ မမိတ်ဆက်ခင် ကတည်းက အခု Soul ကားလေးက Kia ရဲ့ အကောင်း ဆုံး ဒီဇိုင်းနဲ့ကားလေး ဖြစ်ခဲ့တာပါ။ အခု 2023 Model အသစ်မှာတော့ အရှေ့ဘက်မှာ Fascia အသစ် ပါဝင်လာပြီး Grille အသစ်ကလည်း LED Headlight တွေ ၊ Design ပြန်ပြောင်းထားတဲ့ Fog Lights တွေကိုလည်း Trim Level အမြင့် တွေမှာ မြင်ရဦးမှာပါ။ ဒါ့အပြင် Daytime Running Lights အသစ်တွေနဲ့ ‌Signal မီးအသစ်တွေက အစ လိုက်ဖက်နေပြီး အနောက်ဖက်မှာလည်း Fascia နဲ့ Taillight Cluster တွေကို လုံးဝ အသစ် ပြောင်းလဲပေးထား ပါတယ်။ ကားဘီးတွေကလည်း ၁၇ လက်မ နဲ့ ၁၈ လက်မ အရွယ်  အလွိုင်းဘီးတွေ သုံးလာတာဖြစ်ပြီး Kia အနေနဲ့ ကား အရောင်ကိုလည်း ၂ ရောစပ် ထည့်ပေးလာကာ အဖြူသီးသန့်ကိုမှ Fusion Black အနက်ရော ထား တာရယ် Surf Blue ကိုမှ Fusion Black အမိုးအရောင် ပေါင်းထားတာရယ် ဆိုပြီး ၂ မျိုး ရနိုင်မှာပါ။

Photo Credit: CARBUZZ

အတွင်းခန်းမှာလည်း တကယ်ကို ဒီဇိုင်း ကောင်းမွန်ထူးခြားမှုတွေ ဆက်ရလာအောင် ဖန်တီးပေးထားပြီး အသိသာ ဆုံး တစ်ချက်ကတော့ ၁၀.၂၅ လက်မ အရွယ် Touchscreen Infotainment Display ကြီး ထည့်ပေးထားတာ ဖြစ်ပါတယ်။ ဒါ့အပြင် လမ်းညွှန် စနစ်ကိုလည်း  Base LX Version ကလွဲလို့ အခြား မော်ဒယ်တွေ အကုန်လုံးမှာ နဂို ထည့်ပေးထားပါတယ်။ Kia အနေနဲ့ LX ၊ S ၊ EX ၊ GT-Line နဲ့ GT Line Tech တွေဆိုပြီး Trim ၅ ခု အထိ ခွဲပေးထားကာ X-Line နဲ့ Turbo တို့ ကိုတော့ ယခင်လို မပါလာတော့ပါဘူး။ ဒါကြောင့် ယခင်လို မျိုး 201 hp အထိ ရှိတဲ့ Turbocharged 1.6 Liter Four-Cylinder Engine နဲ့ ကားကိုတော့ မြင်ရတော့မှာ မဟုတ်တာ ဖြစ်ပါတယ်။ အခု 2023 Model မှာဆိုရင်တော့ 2.0 Liter Four-Cylinder Engine တစ်မျိုးတည်းကိုသာ ရနိုင်မှာ ဖြစ်ပြီး 147 hp နဲ့ 132 lb-ft Torque အထိ စွမ်းဆောင် နိုင်ပါလိမ့်မယ်။ ကားအနေနဲ့ Front-Wheel Drive အနေနဲ့ မောင်းနှင် နိုင်ပြီး CVT Transmission ဂီယာ စနစ်နဲ့အတူ ယမန်နှစ်ပါခဲ့ဖူးတဲ့ Manual Transmission ကိုတော့ ဖြုတ်ထား ခဲ့လိုက်ပြီ ဖြစ်ပါတယ်။

Photo Credit: CARBUZZ

Entry Level Model ကိုပဲ ပိုကောင်းအောင် လုပ်ပေးထားမယ့် LX Technology Package ဆိုတာလည်း ရွေးချယ် နိုင်ပါသေးတယ်။ အဆိုပါ Package မှာ ဆိုရင်တော့ Blind-Spot Monitor စနစ် ၊ Rear Cross-Traffic Alert စနစ်တို့ ကို ထည့်ပေးထားပြီး ၁၆ လက်မ အရွယ် အလွိုင်းဘီးတွေလည်း ရနိုင်ပါသေးတယ်။ နောက်ထပ် GT-Line Package မှာ ဆိုရင်တော့ Harman Kardon အသံစနစ်ကိုမှ သံစဉ်နဲ့အတူ လိုက်ပါလှုပ်ရှားနေမယ့် Speaker မီးရောင်တွေ ၊ Heated အရှေ့ဘက် ထိုင်ခုံတွေ ၊ ယာဉ်တိုက်မှုကို ‌ကြိုတင် သတိပေးရှောင် ရှား ပေးနိုင်မယ့် စနစ် ၊ အဝေးပြေး ယာဉ် လမ်းကြောင်းအကူ စနစ်နဲ့ လမ်းညွှန်စနစ် အခြေခံ Smart Cruise Control စနစ်တွေ ပါဝင်လာ ပါတယ်။ ဒါတင် မကသေးပဲ Electronic Parking Brake စနစ် ၊ အမျိုးမျိုး ပြောင်းလဲချိန်ညှိနိုင်မယ့် ယာဉ်မောင်း ထိုင်ခုံ ၊ LED Headlight နဲ့ Taillight တွေ၊ ပစ္စည်းတင်နေရာတွေအတွက် အဖုံးလေးနဲ့ ပစ္စည်းတင်နေရာ နှစ်ထပ်တို့ကိုလည်း ထည့်ပေးထား ပါသေး တယ်။ ဘယ် Package မှ ထပ် မဝယ်ပေမယ့် ကားမှာ နဂိုပါလာမယ့် လုံခြုံရေးစနစ် ‌တွေထဲမှာ ဆိုရင်တော့ ‌အရှေ့ဘက်မှာ ယာဉ်တိုက်မှုကို ရှောင်ရှားသတိပေးနိုင်မယ့် စနစ် ၊ လမ်းကြောင်းမှန်အောင် တည့်မတ် ပေးထားမယ့်စနစ် ၊ ယာဉ်မောင်းရဲ့ သတိထားနိုင်မှုကို အမြဲတမ်း ထောက်လှမ်းပေးနေမယ့် စနစ် ၊ Lane Departure Warning စနစ် ၊ High Beam Assist နဲ့ အနောက်ဘက် ခရီးသည် ရှိမရှိ အချက်ပေး စနစ်တွေ စသဖြင့် စုံစုံ လင်လင် ထည့်ပေးထားပြီ ဖြစ်ပါတယ်။ ကားကို ဈေးကွက်ထဲ ပို့ဆောင်ဖို့ တရားဝင်ရက် နီးကပ်လာနိုင်တာနဲ့ တစ် ပြိုင်နက် ကားရဲ့ ဈေးနှုန်းကိုလည်း သိလာရနိုင်ပါတယ်။

Ref: carbuzz.com