Kia ကတော့ 2023 Model Lineup အတွက် Kia Soul အမျိုးအစားတွေကို ပြီးခဲ့တဲ့ မေလ ကတည်းက ကြေညာခဲ့ပြီး ဖြစ်ပေမယ့် ‌ကားအမျိုး အစားအလိုက် ဈေးနှုန်းတွေကိုတော့ တစ်ပါတည်း မချပြခဲ့တာ ဖြစ်ပါ တယ်။ ဒါပေမယ့် အခု တော့ အဆိုပါ ကားဈေးတွေကို သေချာသိရပြီ ဖြစ်ပြီး 2023 Kia Soul မှာ ဈေးနည်း နည်း ထပ်ထက်လာကာ Entry Level Soul LX Trim ရဲ့ အခြေခံဈေး $ 21,085 ကနေ စတင်လာမယ်လို့ သိရပါတယ်။ 2023 Kia Soul ကိုတော့ Trim ၄ ခု ခွဲကာ ထုတ်လုပ် ထားတာ ဖြစ်ပြီး LX ၊ S ၊ GT-Line နဲ့ EX တို့ ဆိုပြီး ရ နိုင်မှာ ဖြစ်ပါတယ်။ S Trim ရဲ့ ဈေး ကတော့ $ 23,585 ဖြစ်ပြီး GT-line ဆိုရင်တော့ S Trim ထက်ကို  $ 1,100 လောက် ဈေးတက်လာမှာ ဖြစ်လို့ $ 25,685 အထိ ရှိလာမှာပါ။ အမြင့်ဆုံး ဖြစ်တဲ့ EX Trim ဈေး ကတော့ $ 25,385 အထိ ကျသင့်မှာပဲ ဖြစ်ပါတယ်။

Photo Credit: motor 1.com

အခု 2023 Soul Model အသစ်မှာ LX Trim  တွေရဲ့ ဈေးတွေကို ကြည့်ရမယ် ဆိုရင်တော့ ယခင် 2022 Model LX Trim  တွေထက် $ 600 လောက်ကို ဈေးထပ် တက်လာခဲ့တာ ဖြစ်ပြီး Kia ကတော့ Destination Fee အခွန်ကိုလည်း ယခင် $ 50 ကနေ $ 1,175 အထိကိုတိုးမြှင့်လိုက်တာပါ။ ၂၀၂၁ တုန်းက တော့ Entry Level Soul ကိုမှ Manual Gear နဲ့ ဆိုရင် $ 17,490 ကနေပဲ စတင်တာ ဖြစ်ပြီး $ 1,120 တန် Destination Fee နဲ့ဆိုရင်တော့ စုစုပေါင်း $ 18,610 အထိ ရှိနေပြီ ဖြစ်ပါတယ်။ Kia ကတော့ အခု ကားကို ဈေးတက်လာခဲ့တာ အပြင် ဝယ်ယူသူတွေ ရွေးချယ်နိုင်မယ့် Features တစ်ချို့နဲ့ ရွေးစရာတွေကိုလည်း တဖြည်းဖြည်း လျှော့ချထားခဲ့တာ တွေ့ရမှာပါ။ ၂၀၂၁ တုန်းကဆိုရင် Kia အနေနဲ့ အခု Soul ကားမှာ ယခင် ရွေး ချယ်လို့ ရခဲ့တဲ့ အရောင် တစ်ချို့ကို ဖယ်ထုတ်ပစ်လိုက်ပြီး အခုဆိုရင်လည်း Entry Level မှာ မြင်ခဲ့ရဖူး တဲ့ Manual Gear ပိုင်းကိုပါ ရွေးချယ်စရာ အဖြစ် မရတော့တာပဲ ဖြစ်ပါတယ်။

Photo Credit: motor 1.com

လက်ရှိမှာတော့ Kia Soul က တတိယမြောက် မျိုးဆက်အထိ ရောက်နေပြီ ဖြစ်ကာ ၂၀၂၀ ကတည်းက စတင် ရောင်းချ လာခဲ့တာပါ။ ဒါပေမယ့် Soul ရဲ့ ရောင်းအားတွေကတော့ ၂၀၁၅ လောက် ကတည်းက ကျလာခဲ့တာ ဖြစ်ပြီး အဖတ်ပြန်မဆည် နိုင်ခဲ့ တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း ထူးထူးခြားခြားပဲ ၂၀၂၁ မှာတော့ ရောင်းအား ပြန်ထောင် တက်လာခဲ့ပြီး ၂၀၂၂ အထိတော့ ဒီ ရောင်းအားကို ပြန်မထိန်းထား နိုင်ခဲ့ ပြန်ပါဘူး။ ၂၀၂၁ တုန်းကဆိုရင် Soul ကား အစီးရေ ၇၅,၀၀၀ လောက်အထိ ရောင်းချခဲ့ရပေမယ့် အခု ၂၀၂၂ အခု အချိန်ထိကိုတော့ ၂၂,၅၀၀ စီးပဲ ရောင်းချ ရသေးတာပါ။ အဆင့်မြှင့်တင် ပေးထားတဲ့ 2023 Soul Lineup ကိုတော့ လာမယ့် နွေရာသီနှောင်းပိုင်း လောက်မှာ စတင် ရောင်းချလာမှာ ဖြစ်ပြီး Kia ဘက် ကတော့ ရက်အတိအကျ မပြောထားသေးပါဘူး။ 2023 Lineup အသစ်တွေ မှာတော့ X-Line နဲ့ Turbo Trim တွေ မရတော့ပြန်ပဲ Kia ကတော့ Lineup တွေအစား သူတို့ရဲ့ လုပ်ဆောင်ချက် အတော်များများကို အခြား Lineup အတော် များများမှာ ပြန်ထည့် ပေးနေတာပါ။ 2023 Kia Soul မှာတော့ 2.0 Liter Four-Cylinder Engine ပါဝင်လာမှာဖြစ်ပြီး 147 hp နဲ့ 132 lb-ft Torque အထိ စွမ်းဆောင်လာနိုင်မှာပဲ ဖြစ် ပါတယ်။

Ref: motor 1.com