2023 Kia Sorento ကားသစ် တွေကတော့ ယခင်နှစ် အမျိုးအစားတွေ ထက်စာရင် အနည်းငယ် ဈေးပိုတက်လာ ခဲ့ပါတယ်။ အဆိုပါ Crossover ရဲ့ အခြေခံဈေးကတော့ $ 31,285 ကနေ စတင်ထားတာဖြစ်ပြီး မနှစ်က Entry-Level ဖြစ်ခဲ့တဲ့ 2022 Sorento LX ထက် ဒေါ်လာ ၄၀၀ လောက် ပိုများလာခဲ့တာပါ။ အခု ကားသစ်မှာတော့ Naturally Aspirated 2.5 Liter Four-Cylinder ဒါမှမဟုတ် Turbocharged ပါတဲ့ အင်ဂျင်စသဖြင့် ရွေးချယ်နိုင်အောင် ထည့်သွင်း ပေးထား ပြီး 191 hp နဲ့  181 lb-ft Torque အထိ စွမ်းဆောင်ထားနိုင်ပါတယ်။ Turbocharged Motor ပါတဲ့ အမျိုး အစား ဆိုရင်တော့ 281 hp နဲ့ 311 lb-ft Torque အထိ ကိုစွမ်းဆောင်ရည် မြင့်တက်သွားမှာ ဖြစ်ပါတယ်။ အဆိုပါ အင်ဂျင် နဲ့ ကားတွေ မှာ တော့ Eight-Speed Dual-Clutch Gear ကို သုံးပေးထားပြီး Naturally Aspirated အင်ဂျင်နဲ့ ကားတွေမှာ ဆိုရင်တော့ Eight-Speed Automatic Gear ကို သုံးပေးထားမှာပါ။

Photo Credit: motor 1.com

ဒီဇိုင်း ပိုင်းတွေ အရတော့ အခုနှစ်အတွက် အပြောင်းအလဲ ကြီးကြီးမားမား ရှိမလာခဲ့ပေမယ့် Trim တွေ အကုန်လုံးမှာ ရနေကျ Package တွေကိုတော့ ပြောင်းလဲ ပေးလာခဲ့ပါတယ်။ အခု ဆိုရင်တော့ Range အမြင့် ဆုံး SX Prestige SX-P Trim အမျိုးအစားမှာ ဆိုရင် All-Wheel Drive က စံစနစ်အနေနဲ့ ပါဝင်လာပြီ ဖြစ်ပါတယ်။ ဒါ့အပြင် အနောက်ဘက် တံခါးအတွက် Shades ပါဝင်လာတာတွေ ၊ 115-Volt ရှိတဲ့ Power Inverter ပါလာတာတွေ၊ Blind-Spot သတိ ပေးစနစ်နဲ့ ကားအနောက်ဘက် လူရှိ၊ လူကူး သတိ‌ပေးစနစ်တွေကအစ ပါဝင်လာတာပါ။ ဒါတင်မက သေးပဲယာဉ် မောင်းအတွက် Assistance စနစ်အသစ်နေ တစ်ဆင့် အလုပ်လုပ် နိုင်မယ့် အရေးပေါ် ထွက်ပေါက် လမ်းကြောင်း စတာ တွေအထိကို စုံစုံလင်လင် ပါလာခဲ့ပါတယ်။

Photo Credit: motor 1.com

တစ်ခြားသော Trim တွေမှာတော့ အပြောင်းအလဲတွေ အသင့်အတင့်ပဲ ပါဝင်လာခဲ့ပြီး S Trim မှာတော့ ကြိုးမဲ့ ဖုန်းအားသွင်း စနစ် ပါဝင်လာပါတယ်။ EX Trim မှာတော့ ၈ မျိုး အထိ ပုံပြောင်းနိုင်တဲ့ ခရီးသည် ထိုင်ခုံနဲ့ အတူ ဘောင် ပျောက် အနောက်ကြည့်မှန်တို့ ထပ်တိုးလာခဲ့တာပါ။ SX Trim မှာဆိုရင်တော့ ၁၂.၃ လက်မအရွယ် Digital Instrument Cluster ၊ Power-Folding ဘက်မှန်တွေ ၊ မိုးရွာတာကို အလိုအ လျောက် သိနိုင်မယ့် Wipers ‌တွေစသဖြင့် ပါဝင်လာ ပါတယ်။ X-Line Package မှာဆိုရင်တော့ ကားရဲ့ပုံစံကို အဓိက ပြောင်းပေးမယ့် ၂၀ လက်မ အရွယ်ဘီးတွေ ၊ ဘန်ဘာ ပုံစံအသစ်နဲ့ အပြင်ဘက်ပိုင်းလက်ရာ အသေးစိတ်တစ်ချို့တို့အပြင် အမိုးကိုင်းတွေလည်း ထပ်ထည့်ပေး လာခဲ့တာ ဖြစ်ပါတယ်။ အခြားသော Sorento Lineup ထဲက ကားဈေးတွေကိုလည်း Kia တို့ တစ်ပါတည်း ကြေညာခဲ့ပြီး 2023 Kia Sorento Hybrid ဆိုရင် $ 37,885 က နေ ဈေးစတင်ကာ Plug-In Hybrid ကားဆိုရင်တော့ $ 51,185 အထိကို ဈေးရှိမယ်လို့ သိရပါတယ်။

Ref: motor 1.com