2023 Kia Sorento Hybrid ကားကို သဘောကျလို့ ဝယ်ချင်သူတွေအဖို့ကတော့ မနှစ်ကထက်ပိုပြီး ဈေးပေးရတော့မှာ ဖြစ်ပါတယ်။ အဆိုပါ ကားအသစ်မှာ Trim အမျိုးအစားအသစ်တွေလည်း ပိုစုံလင်လာခဲ့ တာ ကြောင့် ဈေးတွေ ကလည်း $ 40,000 ကျော်လောက် ဖြစ်လာခဲ့ပြီး Base MSRP မှာတင် မနှစ်ကထက် $ 2,500 လောက် ပိုများလာခဲ့ပါတယ်။ အခု နှစ်အတွက် အသစ်ပါလာတာတွေကတော့ Sorento Hybrid SX Prestige ဒါမှမဟုတ် SX-P လို့ အတိုကောက်ခေါ်လို့ ရမယ့် အမျိုးအစားသစ်ပါပဲ။ Flagship Line အနေနဲ့ ကားသစ်ကို ပွဲထုတ်လာခဲ့ပြီး Standard All-Wheel Drive ကိုလည်း Center Locks Differential စနစ်နဲ့ တွဲပြီး ထည့်ပေးထားပါတယ်။ ဘီးတွေကလည်း ၁၇ လက်မ အရွယ်ကို Standard အနေနဲ့ ထည့်ပေးထားပြီး ၊ လယ်သာသား ထိုင်ခုံတွေ ၊ ဒုတိယတန်းကိုပဲ ယာဉ်မောင်း ထိုင်ခုံ လိုသုံးပေးထားတာ တွေ ၊ အနောက်ဘက် တံခါးကြီးကို အလိုအလျောက် ဖွင့်နိုင်တာတွေစသဖြင့် စုံစုံလင်လင် ထည့်ပေးထား ပါတယ်။ နည်းပညာပိုင်းမှာ ဆိုရင်လည်း အဆင့်မြင့် Bose Stereo အသံစနစ်နဲ့ ၁၂.၃ လက်မ အရွယ် Instrument Cluster တွေကိုပါ တပ်ဆင်ပေးထား ပါသေးတယ်။

Photo Credit: motor 1.com

တစ်ခြားသော နည်းပညာသစ်တွေ အနေနဲ့ဆိုရင်တော့ လုံခြုံရေးပိုင်း ပိုကောင်းစေမယ့် လမ်းညွှန်စနစ်အခြေခံ Cruise Control စနစ်၊ ပတ်ပတ်လည် မြင်နိုင်မယ့် ကင်မရာစနစ်နဲ့ Kia ရဲ့ကိုယ်ပိုင် Drive Wise Suite Driver Assist နည်းပညာတွေ ပါဝင်လာမှာ ဖြစ်ပါတယ်။ အဆိုပါစနစ်မှာ ဆိုရင်တော့ ကားကိုလမ်းကြောင်းမှန်ထဲ ထိန်းပေထားတာ ၊ အရှေ့ဘက်မှာ ယာဉ်တိုက်မှုဖြစ်နိုင်ချေရှိတာနဲ့ အလိုအလျောက် ဘရိတ်အုပ်ပေး တာတွေအပြင် Blind Spot နဲ့ အနောက်ဘက်ကနေ ယာဉ်တိုက်မှု မဖြစ်စေဖို့ ကြိုတင်သတိပေးတာ ၊ Radar Cruise Control စနစ် စတာတွေ ပါဝင် တာပဲ ဖြစ်ပါတယ်။ ခရီးသည်တွေ အတွက်လည်း အရေးပေါ် ထွက်ပေါက်ကို ထည့်ပေးထားပြီး အဆိုပါ လုပ်ဆောင်ချက်ကတော့ Kia Sorento Trim အကုန်လုံးအတွက် တစ်ပါတည်းပါဝင်ပြီး ဖြစ်ပါတယ်။

Photo Credit: motor 1.com

နောက်ထပ် Trim တွေထဲမှာတော့ နောက်ထပ် နှစ်မျိုးပဲ ရှိတော့မှာပါ။ ယခင် Entry-Level S Trim အစား SX-P က တိုက်ရိုက် အစားထိုးဝင်လာခဲ့တာ ဖြစ်ပြီး EX Trim က အခုဆိုရင် Sorento Hybrid ရဲ့ Entry-Level ဖြစ်လာခဲ့ ပါတယ်။ ဒါပေမယ့် အဆိုပါ ကားကိုပဲ Base MSRP ကို $ 2,500 ‌လောက်အထိ ဈေးပိုတက်လာခဲ့ပြီ ဖြစ်ပါတယ်။ တစ်နှစ်အတွင်း တက်လာ ခဲ့တာကတော့ EX အနေနဲ့ ဆိုရင် $ 500 ဖြစ်ပြီး ထိုင်ခုံ ကတော့ ၈ မျိုးအထိ ချိန်ညှိလို့ရမယ့် အရှေ့ဘက် ခရီးသည်ခုံလည်း ပါလာတာကြောင့် မဆိုးဘူးလို့ ဆိုလို့ရပါတယ်။ ဒါ့အပြင် ဘေးဘောင်ပျောက် အနောက်ဘက် ကြည့်မှန်လည်း ယခင်နဲ့ မတူပဲ ပါဝင်လာပါသေး တယ်။ အင်ဂျင် အနေနဲ့ကတော့ အဆိုပါ ကားတွေ အကုန်လုံးမှာ 1.6 Liter Four-Cylinder Engine ကိုပဲ 44 kw လျှပ်စစ်မော်တာနဲ့ တွဲဖက်ပေးထားတာ ဖြစ်ပါတယ်။ စွမ်းဆောင်ရည် ပိုင်းကတော့ 227 hp နဲ့ 258 lb-ft Torque အထိ ကို ရှိထားတာ ဖြစ်ပြီး Six-Speed Automatic Transmission ဂီယာ နဲ့ အတူ Front-Wheel Drive ထည့်ပေးထား ပါတယ်။ ဒါပေမယ့် EX Trim မှာလည်း All-Wheel Drive ကိုပါ ရွေးချယ် နိုင်ဦးမှာဖြစ်ပြီး နောက်ထပ် Facelifted Kia Sorento ကားသစ်တွေကိုတော့ လာမယ့် ၂၀၂၄ မှာ မြင်ရမယ်လို့ ခန့်မှန်း ရပါတယ်။

Ref: motor 1.com