Kia နဲ့ ပတ်သက်လို့မှ ကားသေးလေးတွေအကြောင်း ပြောကြမယ် ဆိုရင်တော့ Kia Picanto လောက်ကို ပိုပြီး ပြေးမြင်မိကြပါလိမ့်မယ်။ ဒါပေမယ့် တောင်ကိုရီးယား ဈေးကွက် ထဲမှာတော့ ခပ်ရှည်ရှည် ၊ ကျယ် ကျယ်ကိုမှ Picanto ထက် ပိုမြင့်သေးတဲ့ Kia Ray ဆိုတဲ့ ကားသေးလေးတစ်စီး ရှိလို့ နေပါသေးတယ်။ အဆိုပါ ကားကတော့ အရှည် ၁၄၁.၅ လက်မ ၊ အကျယ် ၆၂.၈ လက်မနဲ့ အမြင့် ၆၆.၉ လက်မတို့ ရှိတာဖြစ်ပြီး ၂၀၁၁ ခုနှစ် ကတည်းက ထွက်ရှိခဲ့တာ ဖြစ်ကာ ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်မှာတော့ Facelift အသစ်နဲ့ ခေါင်းပိုင်း ဒီဇိုင်း အပြောင်းအလဲကိုရလာခဲ့ ပါတယ်။ အခုဆိုရင်တော့ ဒုတိယမြောက် မျိုးဆက်သစ်အဖြစ် အဆိုပါ ကားလေးကို တောင်ကိုရီးယား ဈေးကွက်ထဲမှာ မြင်လာရပြန်ပြီ ဖြစ်ပါတယ်။ အခုနောက်ပိုင်း Hyundai ၊ Kia နဲ့ Genesis တို့ အတိုင်းပဲ အဆိုပါ 2023 Kia Ray ကားသစ်လေးကို ချပြတာလည်း ပုံရိပ် အနည်းငယ် လောက်နဲ့ အမြည်း မိတ်ဆက်ထားတာဖြစ်ပြီး လာမယ့် အပတ်တွေမှသာ အသေးစိတ် အချက်အလက်တွေကို တရားဝင် ကြေညာဦးမှာ ဖြစ်ပါတယ်။ မြင်ရသလောက် ကတော့ အဆိုပါ Hatchback အသေးစား ကားလေးမှာ အရှေ့ဘက် Grille က Tiger Nose လို့ ခေါ်နိုင်မယ့် ပုံစံအသစ် ဖြစ်သွားတာ သိသာနေပြီး တံဆိပ်ကလည်း အပြောင်းအလဲ ဖြစ်သွားပါတယ်။ အပြင်ဘက်ကနေ ကြည့်မယ်ဆိုရင် အကြီးမားဆုံး အပြောင်းအလဲ ကတော့ All-New Headlights မီးလုံးအသစ်တွေဖြစ်ပြီးအခု ဒီဇိုင်းကိုအပေါ်ကို မတ်မတ်နဲ့ အတူ ဘန်ဘာ အသစ် မဟုတ်တော့တာကြောင့် Fog Lights ပါ တစ်ခါတည်း တွဲထည့်ပေးထားမယ့် ပုံပေါက်နေပါတယ်။

Photo Credit: motor 1.com

မျိုးဆက်သစ် အနေနဲ့ ထွက်လာတယ် ဆိုပေမယ့်လည်း ခေါင်းပိုင်း အပြောင်းအလဲ လောက်ပဲများတဲ့ Facelift Model လောက်ပဲ ဖြစ်ပြီး ဘေးဘက်ကလည်း ယခင်ကားနဲ့ အတူတူပဲဖြစ်ကာ အလွိုင်းဘီးတွေကိုတော့ အသစ်ထည့်ပေးလာပါတယ်။ ကား အနောက်ဘက်ကတော့ သိသာတဲ့ အပြောင်းအလဲလေးတွေ များလာပြီး Taillight ကလည်း လုံးဝအသစ်တော့ဖြစ်သွားကာ Tailgate တွေ ကိုချိတ်ထားတဲ့ အနက်ရောင် Trim တွေနဲ့လည်း ချိတ်သွားတဲ့ ပုံဖြစ်သွားပါတယ်။ အတွင်းခန်းကတော့ ဘယ်လောက်အထိ အပြောင်းအလဲတွေ ပါလာမလဲ ဆိုတာ သေချာမသိရနိုင် သေးပဲ သိရသလောက် ကြီးကြီးမားမား အပြောင်းအလဲကတော့ Instrument Cluster အပိုင်းဖြစ်နိုင်ကာ အခုဆိုရင် တော့ ၄.၂ လက်မအရွယ် Color Display ဖြစ်လာပါပြီ။ ကားရဲ့ Dashboard ကတော့ အခြားသော Kia ကားအသစ် တွေနဲ့ ယှဉ်ရင် သိပ်ခေတ်မမှီသေးသလို ခံစားရပေမယ့် Ray ကတော့ နဂိုကတည်းက တန်ဖိုးသင့် ကားအမျိုး အစားသာဖြစ်လို့ သိပ်တော့ ပြဿနာ မရှိနိုင်ပါဘူး။

Photo Credit: motor 1.com

တစ်ခု ထူးခြားတာကတော့ အဆိုပါ Ray ကားလေးဟာ Kia အတွက် ပထမဆုံး ထုတ်လုပ်တဲ့ အဆင့်ရောက်ခဲ့တဲ့ လျှပ်စစ် ကားလေးဖြစ်ပြီး ၂၀၁၁ ခုနှစ် စထွက်ခဲ့ကတည်းကကို လျှပ်စစ်သီးသန့် ထုတ်နိုင်ခဲ့တာပါ။ သာမန် အင်ဂျင်နဲ့ ကားလည်း ထုတ်ခဲ့ပြီး အဆိုပါ ကားမှာတော့ 1.0 Liter Three-Cylinder Engine သုံးထားပေးခဲ့တာပါ။ တောင်ကိုရီးယား ပြည်တွင်း ဈေးကွက်ထဲမှာတော့ အဆိုပါ ကားလေးကိုပဲ ထူးထူးခြားခြား တစ်ယောက်စီး အနေနဲ့ တောင်ရနိုင်သေးပြီး နောက်ထပ် Camper Version လည်း ရနိုင်သေးကာ အဆိုပါ ပျော်ပွဲစား ကားပုံစံကိုတော့ အင်ချွန်း အခြေစိုက် Motorhome Socialist Daon TNT က ဖန်တီးပေးထား တာပါ။ ပုံတွေပဲ မြင်ရသေးတာကြောင့် အသေးစိတ် သိနိုင်ဖို့ လိုသေးပေမယ့်လည်း ညာဘက်ဘေးမှာ ပါလာတဲ့ ထိုးတံခါးကတော့ ကားအတွင်း ဝင်ရထွက်ရ ပိုကောင်းအောင် လုပ်ပေးထားတာဖြစ်လို့ အတော်တော့ အသုံးတည့်မယ့် ကားတစ်စီးအဖြစ် ယူဆရမှာပါ။

Ref: motor 1.com