ဒုတိယမြောက် မျိုးဆက်အဖြစ် ထွက်ပေါ်လာတဲ့ Kia Niro 2023 Model မှာတော့ Hybrid ၊ Plug-In Hybrid နဲ့ အတူ လျှပ်စစ်သီးသန့်ဆိုပြီး အမျိုးအစား စုံစုံလင်လင် ပါဝင်လာခဲ့ပါတယ်။ အခုဆိုရင်တော့ Kia ကနေ PHEV အမျိုးအစားရဲ့ နောက်ထပ် Trim Level ၂ ခုကို ကြေညာခဲ့ပြီး အခုကစလို့ ဈေးကွက်ထဲ အရောက်ပို့ပေးနိုင်မယ်လို့ သိရပါတယ်။ အဆိုပါ Trim Level အသစ်တွေကတော့ $ 35,035 တန်ကြေးရှိ Niro Plug-In Hybrid EX နဲ့ $ 40,785 တန် Niro Plug-In Hybrid SX Touring တို့ပဲ ဖြစ်ကြပါတယ်။

Photo Credit: motor 1.com

အဆိုပါ Trim အသစ် ၂ ခု လုံးမှာတော့ 1.6 Liter Four-Cylinder Engine ကို သုံးပေးထားပြီး 104 hp နဲ့ 106.3 lb-ft Torque အထိ ရှိထားပါတယ်။ လျှပ်စစ်မော်တာပါ ထပ်ပေါင်းထည့်လိုက်မယ် ဆိုရင်တော့ 180 hp နဲ့ 195 lb-ft Torque အထိကို အပိုထပ်ရမှာဖြစ်ပြီး Six-Speed Dual-Clutch Gearbox ကိုလည်း တွဲဖက်အသုံးပြုပေးထား ပါသေးတယ်။ ဘက်ထရီကတော့ 11.1 kWh ရှိတဲ့ Lithium-Ion Polymer ဘက်ထရီကို အသုံးပြုထားပြီး လျှပ်စစ်သီးသန့်နဲ့ ဆိုရင် တစ်ကြိမ် အားအပြည့်သွင်းထားပါက ၃၃ မိုင် အထိ မောင်းနှင်နိုင်မှာပါ။ ဒါပေမယ့် ဒီပမာဏက EX Trim မှာပဲဖြစ်ပြီး SX Trim မှာဆိုရင်တော့ ၃၂ မိုင် အထိ ပဲ ရမှာပါ။ မြန်နှုန်းတွေအနေနဲ့ ကတော့ EX Trim ဆိုရင် တစ်နာရီ ၆၂ မိုင် နှုန်းကို ၉.၆ စက္ကန့် နဲ့ SX Trim ဆိုရင် တစ်နာရီ ၉.၈ စက္ကန့်အထိ ကြာမြင့်မှာဖြစ်ပါတယ်။ EX ရဲ့ အမြင့်ဆုံးမြန်နှုန်းက ၁၀၄ မိုင် အထိရှိပြီး SX ကတော့ တစ်နာရီကို မိုင် ၁၀၀ နှုန်းအထိမောင်းနှင်နိုင်မှာပဲ ဖြစ်ပါတယ်။

Photo Credit: motor 1.com

SX Touring Trim ကို ကြည့်မယ် ဆိုရင်တော့ လုပ်ဆောင်ချက် အတော်များများ ပါလာတာတွေ့ရမှာဖြစ်ပြီး ၁၈ လက်မ အရွယ်ဘီးတွေကိုလည်း ထည့်သွင်းပေးထားပြီး ဖြစ်ပါတယ်။ ဘေးဘက်မှန်တွေမှာ ဘက်အ ချက်ပြမီးကို ထည့်ပေးထားပြီး အလိုအလျောက်လည်း ခေါက်နိုင်ပါသေးတယ်။ တံခါးလက်ကိုင်တွေနဲ့ ကားရဲ့ဘန်ဘာ အောက်ဘက် တွေမှာတော့ Chrome Trim လေးတွေ ပါဝင်လာမှာ ဖြစ်ပြီး အနောက်ဘက်မှာ အလိုလျောက် ဖွင့်ပိတ် နိုင်မယ့် Hatchbackလည်း ပါဝင်လာသေးတာပဲဖြစ်ပါတယ်။ အတွင်းခန်းထဲမှာတော့ SX Touring အနေနဲ့ဆိုရင် Sunroof ပါဝင်လာမှာဖြစ်ပြီး Vegan လယ်သာသားတွေကိုလည်း ထည့်ပေး ထားပါတယ်။ ကားရဲ့ အသံစနစ် ကလည်း စပီကာ ၈ လုံး အထိ ပါဝင်တဲ့ Harman Kardon စနစ်ကို သုံးပေးထားပြီး LED Lightning တွေကိုလည်း Cabin တစ်လျှောက်မှာသုံးပေးထားသေးတာ ဖြစ်ပါတယ်။ Kia ကတော့ Niro Hybrid အမျိုးအစားကို ပြီးခဲ့တဲ့ စက်တင်ဘာ နှောင်းပိုင်းကမှ စတင် မိတ်ဆက်ခဲ့တာဖြစ်ပြီး ဈေးနှုန်းတွေကတော့ Niro LX ဆိုရင် $ 27,785 ၊ Niro EX က $ 30,385 နဲ့ Niro SX က $ 33,785 အထိ ကျသင့်မှာပဲ ဖြစ်ပါတယ်။ လျှပ်စစ်သီးသန့် Niro ကားကတော့ အခုအထိ ဈေးနှုန်းလည်း မသိ ရသေးတာကြောင့် စောင့်ကြည့်ရဦးမှာပါ။

Ref: motor 1.com