အမေရိက ကားဈေးကွက်ကြီးထဲ ၂၀၂၃ ကား မော်ဒယ်သစ် ကာလကို ရောက်လာပြီဖြစ်ပြီး လူကြိုက်နည်းလာတဲ့ Sedan ကားတွေလည်း အနည်းငယ်ပဲ ကျန်ပါတော့တယ်။ အခုဆိုရင်တော့ အဆိုပါ Sedan တွေထဲ က တစ်စီးဖြစ်တဲ့ 2023 Kia Forte ကတော့ ထွက်လာပြီဖြစ်ပေမယ့် အပြောင်းအလဲ ခပ်နည်းနည်းပဲ လုပ်လာခဲ့တာ တွေ့ရပါတယ်။ ဒါပေမယ့် တောင်ကိုရီးယားထုတ် Entry-Level Sedan တစ်စီး အနေနဲ့ ဈေးနှုန်း ပိုင်းမှာကတော့ Trim Level တွေ အကုန် ပိုဈေးတက်လာ ခဲ့ပြန်တာပါ။ မနှစ်ကတည်းကတော့ အဆိုပါ Forte ကားကို ပိုပြီးတိကျတဲ့ အရှေ့ဘက် Fascia ဒီဇိုင်းနဲ့ အပြောင်းအလဲ လုပ်ထားပေးပြီးသားဖြစ်ကာ ကုမ္ပဏီရဲ့ Tiger Nose Corporate Grille ဒီဇိုင်းအသစ်ကိုလည်း စသုံး ပေးထားခဲ့ပါတယ်။ တစ်ခြားသော အမြင်ပိုင်း အပြောင်းအလဲတွေ အနေနဲ့ ဆိုရင်တော့ ထောင့် ၃ ထောင့်ပုံ Fog Lights တွေကိုမှ GT Trim မှာဆိုရင် အလျားလိုက် စီပေးထားပြီး Sport ပိုဆန်တဲ့ အရသာကို ပေးလာနိုင်တာတွေ ရှိခဲ့ပါတယ်။ ဒါ့အပြင် GT-Line Grade ကားမှာဆိုရင်လည်း LED Taillight မျိုးကွဲတွေ ‌ရွေးချယ်နိုင်အောင် ထုတ်လုပ် ပေးခဲ့ ပြီး ၁၆ လက်မ အရွယ်နဲ့ ၁၇ လက်မ အရွယ် ဘီးအသစ်တွေကိုလည်း ပိုပြီးကြည့်ကောင်းတဲ့ ပုံစံနဲ့တွဲဖက် ပေးထားနိုင်ခဲ့ပြီးသားဖြစ်ပါတယ်။

Photo Credit: motor 1.com

အခု 2023 Model အသစ် အတွက်ကိုလည်း ပုံမှန်အတိုင်းပဲ FE၊ LXS၊ GT-Line နဲ့ GT တို့ဆိုပြီး Trim ၄ မျိုးနဲ့ပဲ ပွဲထွက်လာ ခဲ့ပါတယ်။ Lineup ထဲ ကြီးကြီးမားမား အပြောင်းအလဲကတော့ GT Technology Package မပါဝင်လာတော့တာဖြစ်ပြီး Dual-Clutch Automatic Gearbox ပါလာတဲ့ GT Model ကားမှာဆိုရင်တော့ FCA Fusion Safety Pack ဆိုတာ အသစ်ပါဝင်လာပါတယ်။ ဒ့ါအပြင် 2.0 Liter Engine တပ်ဆင်ထားတဲ့ LX ၊ LXS နဲ့ GT-Line Models တွေမှာဆိုရင်လည်း SULEV30 အသစ်တွေ ပါဝင်လာ ခဲ့တာတော့ တွေ့ရမှာပါ။ အင်ဂျင်ပိုင်းတွေ ဆက်ပြောရမယ် ဆိုရင်တော့ အခု ကားအသစ်တွေမှာ ထူးထူးခြား ခြား ပြောင်းလဲလာတာမျိုးမရှိပဲ ပုံမှန် Naturally Aspirated 2.0 Liter Engine ဒါမှမဟုတ် Turbocharged 1.6 Liter Engine တွေအနေနဲ့ ရွေးချယ် နိုင်နေဆဲပါပဲ။ ကားရဲ့ Base Engine မှာကိုတင်ပဲ 147 hp နဲ့ 132 lb-ft Torque အထိ စွမ်းဆောင်ထားနိုင်ပြီး GT Models တွေရဲ့ 1.6 Liter Engine နဲ့ ဆိုရင်တော့ 201 hp နဲ့ 195 lb-ft Torque အထိရှိလာမှာ ဖြစ်ပါတယ်။ တကယ်လို့ ပိုပြီး Sport ဆန်တဲ့ ကား အရသာကို ခံစားချင်သေးတယ် ဆိုရင်လည်း Manual Gear ဒါမှမဟုတ် Seven-Speed Dual-Clutch Automatic Gear တွေနဲ့ ‌ရွေးချယ်ဝယ်ယူနိုင်ဦးမှာပါ။

Photo Credit: motor 1.com

လက်ရှိ ကားအသစ် တွေထဲမှာမှ 2023 Forte LX Trim ဆိုရင် $ 19,490 နဲ့ စတင်လာတာကြောင့် ယခင် 2022 Forte LX ထက် ဒေါ်လာ ၄၀၀ လောက် ဈေးပိုတက်လာတာပဲ ဖြစ်ပါတယ်။ Range အမြင့်ဆုံး GT Model ဆိုရင်တော့ $ 24,190 နဲ့ Manual Gear ဆိုရင် $ 24,890 ခန့် ကျသင့်နေပြီ ဖြစ်ပါတယ်။ ကြားထဲက ကားမော်ဒယ်တွေ အနေနဲ့ ဆိုရင် တော့ LXS Model က အနိမ့်ဆုံး $ 19,990 ကနေ စတင်လာမှာဖြစ် ကာ GT-Line Model ကတော့ $ 21,690 ကနေ စတင်လာမှာ ဖြစ်ပါတယ်။

Ref: motor 1.com