V 8 အင်ဂျင်နဲ့ ဒေါ်လာ ၈ သောင်းတန် Jeep Wrangler 392 ကား အတွက် ပြောစရာတွေ အများကြီး ရှိ လာနေသလို Ford Bronco နဲ့လည်း ထိပ်တိုက်ယှဉ်ပြိုင်လာ နေရတဲ့ ကားတစ်စီး ဖြစ်လာနေပါပြီ။ ဘယ်လို ပဲ ဖြစ်ဖြစ် ကားလောက ထဲမှာ ကားတစ်စီးက ဘယ်လောက် ကောင်းတဲ့ မျိုးကွဲတွေထွက်ထွက် Base Trim ကိုတော့ ရှာဝယ်ကြသူတွေ ရှိနေကြဆဲ ဖြစ်ပြီး အခုဆိုရင်လည်း နေရာအတော် များများမှာ ဝိတ်လျှော့ထား တာကို မလိုချင်ပဲ Wrangler စစ်စစ် ကိုမှ လိုချင်သူတွေအတွက် Jeep တို့က သဘောကောင်းစွာနဲ့ ရွေးစရာ တွေ ပေးထားလိုက်ပါတယ်။ ဒါပေမယ့် Jeep Wrangler ကားတွေကို တစ်ခု ချင်းကြည့်မယ် ဆိုရင်တော့ $ 29,995 ကျသင့်မယ့် 2022 Jeep Wrangler Sport ဆိုရင် Uconnect 3 တို့လို စနစ်တွေပါ ပါလာပေမယ့် အဲကွန်းမရသေးပါဘူး ၊ ဒါတင်မကသေးပဲ Willys Sport ဆိုတဲ့ နောက်ထပ် Trim အသစ်မှာလည်း အဲကွန်း မပါသေးတာပါ။ ဒါကြောင့် ဒါမျိုးတွေကို မကြိုက်လို့ အဲကွန်း ပါတာကိုမှ လိုချင်တယ် ဆိုသူတွေ အတွက်က တော့ Uconnect 4 အထိလည်း အဆင့်မြင့်သွားပြီး ၇ လက်မ အရွယ် Screen ကိုလည်း ရနိုင်မယ့် $ 1,395 တန် ရွေးချယ်စရာက အကောင်းဆုံးတစ်ခု ဖြစ်လာတော့မှာပါ။ အကြောင်းကတော့ အဲကွန်းပါနေလို့ပဲ။

Photo Credit: MotorTrend

အခု 2023 Model အသစ်တွေ ကတော့ ထူးခြားသွားပြီ ဖြစ်ပြီး ယခင်က Uconnect 3 ကို ဖယ်ကာ ၇ လက် မနဲ့  Uconnect 4 အဲကွန်း တို့နဲ့ ကောင်းကောင်းထည့်ပေးလိုက်ပါတော့တယ်။ ဈေးက‌လည်း $ 30,295 သာ ဖြစ်တာကြောင့် အဲကွန်းလည်းပါချင် ၊ အဆင့်လည်းမြင့်ချင်တဲ့ Wrangler အကြိုက်သမားတွေအဖို့ ကတော့ ရှယ်ပါပဲ။ အဲကွန်း မကြိုက်ရင်လည်း ပိတ်ထားလိုက်ရုံမို့ သိပ်တော့ အထွေအထူး မဟုတ်ပြန်ပါဘူး။ အဆိုပါ 2023 Jeep Wrangler Sports ကားတွေမှာလည်း Manual Door Locks တွေ ၊ Manual ဘေး တံခါးတွေနဲ့ Manual Transmission ကိုမှ 3.6 Liter V 6 Engine တွေနဲ့ ပါဝင်လာပါသေးတယ်။

Photo Credit: MotorTrend

ယခင် 2022 Wrangler Sport တွေတုန်းက တံခါး ၂ ပေါက် ၊ အဲကွန်းမပါ တို့နဲ့သာ ရှေ့ဆက်ခဲ့ပေမယ့် အခု 2023 Model တွေမှာတော့ သေချာပေါက် အဲကွန်းပါလာပြီ ဖြစ်ကာ ပိုကောင်းလာတဲ့ Uconnect ၊ Screen တွေနဲ့လည်း တံခါး ၄ ပေါက်လည်း ဖြစ်လာခဲ့ပါပြီ။ အခု 2023 Model တွေကို Trim ၃ ခု ခွဲထားပြီး Sport Altitude၊ Sahara Altitude နဲ့ High Tide ဆိုပြီးဖြစ်ကာ အရောင်ကတော့ နည်းနည်းပဲ ရွေးနိုင်ပါသေး တယ်။ ဒါပေမယ့် နောက်ပိုင်းတော့ ပိုစုံတဲ့ Trims တွေနဲ့ အရောင်တွေကို ဖန်တီးကောင်း ‌ဖန်တီးပေးလာ နိုင်ပါသေးတယ်။ ဈေးတွေ ထဲမှာတော့ တံခါး ၄ ပေါက်ပါ Sahara ကားက သိသိသာသာ ဈေးတက်ခဲ့ပြီး $ 2,170 လောက်ကို ယခင်ထက် ပိုများခဲ့ပြီး ကျန်တဲ့ Trim ကတော့ သာမန်ပဲ ဖြစ်ပါတယ်။ အဆိုပါ အပြောင်း အလဲတွေကိုတော့ 2023 Jeep Wrangler Sport Two-Door မှာလည်း မြင်ရမှာ ဖြစ်ကာ Air Con နဂို ပါဝင်ပြီး၊ ၈ လက်မ အရွယ် Screen ကြီးနဲ့ Sync 4 စနစ်တွေပါလာတဲ့ Ford Bronco နဲ့ အဓိက ယှဉ်ရတော့ မှာပဲ ဖြစ်ပါတယ်။

Ref: MotorTrend