မီးခိုးရောင် အပြင်အဆင်လေးတွေနဲ့ Jeep မှာ မမြင်ခဲ့ဖူးတဲ့ အသွင်အပြင်တွေကို ပထမဆုံးထည့်ပေးထားနိုင်တဲ့ ကားကတော့ Jeep Gladiator Farout Concept ကနေ တစ်ဆင့် ထွက်ပေါ်လာတဲ့ အခုကားသစ်ပဲ ဖြစ်ပါတယ်။ အခုလို အရောင်ခပ်ဆန်းဆန်းကိုမှ Aquamarine Effect နဲ့ ပြောင်ပြောင်လက်လက် အသွင်လေးရအောင် ထည့်ပေးလိုက်ရာမှာတော့ Concept ကားကို မြင်ခဲ့ကတည်းက အတော်လေး ကောင်းတဲ့ ရလဒ်တွေကို မြင်တွေ့ခဲ့ ရတယ်လို့လည်း Jeep မြောက်အမေရိကရဲ့ ဒုတိယဥက္ကဌ ဖြစ်သူ Jim Morrison က ဆိုခဲ့ပါတယ်။

Photo Credit: AllAutoExperts

ဒါ့အပြင် အခုမြင်ရတဲ့ ကားသစ်ကိုပဲ နောက်ထပ် ထူးခြားလှပတဲ့ Reign ဆိုတဲ့ ခရမ်းရောင်လေးနဲ့လည်း နောက်တစ်မျိုး ထွက်ပေါ်လာဖို့ ရှိပါသေးတယ်။ အခုချိန်အထိတော့ အခုလို ခရမ်းရောင်မျိုးနဲ့ ဘယ်လို Jeep Wrangler ကားကိုမှ မြင်တွေ့ဖူးထားခြင်း မရှိသေးတာကြောင့် တကယ်ကို အသစ်အဆန်းဖြစ်လာမှာ သေချာ ပါတယ်။ အခု ကားဒီဇိုင်းမှာ ပါလာတဲ့ Earl ဆိုတဲ့ မိုးပြာရောင်လေးကတော့ ယခင်ကတည်းက Gladiator Lineup မှာ ရှိပြီးသားဖြစ်တဲ့ High Velocity၊ Firecracker Red၊ Hydro Blue၊ Sarge Green၊ Silver Zynith၊ Sting-Gray၊ Granite Crystal,Black နဲ့ Bright White အရောင်တွေနဲ့အတူ ရွေးချယ် စရာ တစ်ရပ်အဖြစ် ရှိလာတော့မှာပါ။

Photo Credit: AllAutoExperts

အခု အရောင်သစ်ကိုတော့ Gladiator Model အကုန်လုံးမှာ ရရှိလာနိုင်မှာဖြစ်ပြီး Sport ၊ Overland ၊ Rubicon နဲ့ Mojave စတဲ့ Edition တွေ အကုန်လုံးမှာ မြင်တွေ့ရမှာလည်း ဖြစ်ပါတယ်။ လက်ရှိမှာတော့ အဆိုပါ အရောင်သစ်နဲ့ 2023 Jeep Gladiator ကားသစ်တွေကို စတင်မှာယူလို့ ရပြီဖြစ်ပြီး အပိုကုန်ကျစရိတ် အနေနဲ့တော့ ဒေါ်လာ ၆၉၅ လောက် ကျသင့်မယ်လို့ သိရပါတယ်။

Ref: AllAutoExperts