လာမယ့် 2023 Jeep Compass ကားမော်ဒယ် သစ်မှာတော့ ရွေးချယ်စရာ အင်ဂျင်အမျိုးအစား အတော်လေးစုံလင် လာတော့မှာ ဖြစ်ပါတယ်။ အဆိုပါ အင်ဂျင်တွေထဲမှာမှ Dodge Hornet ကားသစ်မှာ သုံးထား မယ့် 2.0 Liter Turbo Engine သစ် ရဲ့ De-Tuned Version ကိုလည်း ရရှိလာမှာကတော့ ထူးခြားချက်ပါပဲ။ ဒါ့အပြင် ယခင်က 177 hp နဲ့ 172 lb-ft Torque အထိကို စွမ်းဆောင်ထားတဲ့ 2.4 Liter Naturally Aspirated Engine အစား အခုကားသစ်မှာတော့ 2.0 Liter Direct Injection Turbocharged Inline-Four အင်ဂျင်ကို ထည့်သွင်းပေးလာဦးမှာ ဖြစ်ပါတယ်။ အင်ဂျင်သစ် ရဲ့ စွမ်းဆောင်ရည် ပိုင်းကတော့ 200 hp နဲ့ 221 lb-ft Torque အထိကို ရှိလာမှာဖြစ်ပြီး ယခင် အင်ဂျင်ပိုင်းထက် 23 hp နဲ့ 49 lb-ft Torque အထိကိုပိုပြီး စွမ်းဆောင်လာနိုင်တာပါ။

Photo Credit: AllAutoExperts

Dodge Hornet ကားမှာ အခုအင်ဂျင်ကို တပ်ဆင်တုန်းကတော့ 270 hp နဲ့ 295 lb-ft Torque အထိကို စွမ်းဆောင် နိုင်တာ ဖြစ်ပါတယ်။ ဒါပေမယ့် တစ်ခုရှိတာကတော့ အခု ကားသစ်မှာ Front-Wheel Drive ကားအမျိုးအစားကို ဖယ်ထုတ်လိုက်ပြီဖြစ်ပြီး 2.0 Liter Turbocharged Engine ကိုသာ အစားထိုး လိုက်မှာလည်း ဖြစ်ပါတယ်။ ဒါကြောင့် အဆိုပါ အင်ဂျင်နဲ့ စွမ်းဆောင်ရည်ပိုင်းကတော့ သာမန်အတိုင်းပဲ ရှိနိုင်ပြီး ဂီယာပိုင်းကိုတော့ Eight-Speed Gearbox နဲ့ သုံးထားမှာပဲ ဖြစ်ပါတယ်။

Photo Credit: AllAutoExperts

အခုလို အင်ဂျင်အသစ် ရွေးချယ်စရာတွေ အပြင် Jeep Compass ကားသစ်ကတော့ အလိုအလျောက် High-Beam Headlight တွေပါ ပါဝင်လာပြီ ဖြစ်ပါတယ်။ ဒါ့အပြင် ၁၇ လက်မ အရွယ် ဘီးအသစ်တွေကို လည်း Sport နဲ့ Latitude Trim တွေမှာ ရလာနိုင်ဦးမှာပါ။ ကားသစ် တွေထဲမှာ Base Trim Model ကတော့ $ 31,590 နဲ့ စတင်လာမှာ ဖြစ်ပြီး ယခင်နှစ် 2022 Model ထက်စာရင်တော့ $ 1,210 အထိ လောက်ကို ဈေးတက်လာတာ ဖြစ်ပါတယ်။ အခုလာမယ့် ၂၀၂၃  ရဲ့ ပထမ ၃ လပတ် ကာလမှာပဲ အခုကားသစ်ကို စတင်မြင်ရဖို့ ရှိ နိုင်ပြီး 4×4 Trim အမျိုးအစား ၅ မျိုး လောက် အထိကို ရွေးချယ်လို့ ရလာနိုင်ပါတယ်။ အဆိုပါ ကားတွေထဲမှာတော့ Sport ၊ Latitude LUX ၊ Limited နဲ့ Trail Rated Trailhawk အမျိုးအစားတွေ စသဖြင့် ပါဝင်လာမှာပဲ ဖြစ်ပါတယ်။

Ref: AllAutoExperts