ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၃ ရက်နေ့က ကျင်းပတဲ့ Brussels နိုင်ငံတကာ ကားပြပွဲကြီးမှာတော့ Jeep အနေနဲ့ ပထမဆုံးအဖြစ် တစ်နှစ်တာ အကောင်းဆုံး ကားဆုကို ရယူနိုင်ခဲ့ပါတယ်။ အခုနှစ်မှာ ရသွားတဲ့ ကားကတော့ Jeep ရဲ့ Avenger လျှပ်စစ် SUV ကားဖြစ်ပြီး ဥရောပ ၊ ဂျပန် နဲ့ တောင်ကိုရီးယား ဈေးကွက်တွေထဲ ဖြန့်ချီထားတဲ့ ကားဖြစ်ပါတယ်။ အဆိုပါ Avenger ကားသစ်ကတော့ Jeep ရဲ့ ပထမဆုံး လျှပ်စစ်ကားလည်းဖြစ်ပြီး ပြီးခဲ့တဲ့နှစ် အောက်တိုဘာ ကတည်းက ထွက်ရှိခဲ့တာဖြစ်ကာ လျှပ်စစ်မော်တာ တစ်လုံးတပ်နဲ့ 154 hp 181 lb-ft Torque အထိ စွမ်းဆောင် နိုင်ခဲ့တဲ့ ကားလည်း ဖြစ်ပါတယ်။ Front-Wheel Drive အနေနဲ့ မြင်ရတာ ဖြစ်ပေမယ့်လည်း လျှပ်စစ်မော်တာ ၂ လုံး တပ်ပြီး ‌All-Wheel Drive စနစ် ကားသစ်ကလည်း ထပ်လာဖို့ ရှိနေသေးတာပါ။ လက်ရှိမှာတော့ 54 kWh ဘက်ထရီ ကို တပ်ဆင် ပေးထားတာကြောင့် WLTP Cycle စနစ်အရဆိုရင် တစ်ခါ အားသွင်းတာနဲ့ ၂၄၉ မိုင်အထိ မောင်းနှင် နိုင်တာပဲ ဖြစ်ပါတယ်။ တကယ်လို့ အရှိန်ပိုနှေးတဲ့ Urban Driving Settings နဲ့သာ မောင်းနှင်မယ် ဆိုရင်တော့ တစ်ခါ အားသွင်း ၃၄၂ မိုင် အထိ မောင်းလို့ရနိုင်မှာပါ။ အားသွင်းမြန်စနစ်ကလည်း 100 kWh နဲ့ အတူရရှိ နေတာကြောင့် 10 % ကနေ 80 % ကို အားသွင်းချိန် ၂၄ မိနစ်ပဲ ကြာမြင့်မှာ ဖြစ်ပါတယ်။ 

Photo Credit: motor 1.com

 အခု အကောင်းဆုံး ကားဆု ရွေးချယ်ရာမှာတော့ Avenger အနေနဲ့ ၃၂၈ မဲ အထိရရှိခဲ့ပြီး ဥရောပ ၂၂ နိုင်ငံ က ဒိုင်လူကြီး ၅၇ ယောက်တို့အထဲ ၂၁ ယောက်ကကို မဲပေးခဲ့ကြတာပါ။ အခြားသော ကားတွေအနေနဲ့ VW ID.Buzz က ၂၄၁ မဲအထိ ရခဲ့တာ‌ဖြစ်ပြီး အကောင်းဆုံးမဲ ၁၆ မဲ ရခဲ့ ပါသေးတယ်။ တတိယဆု အနေနဲ့ ၂၁၁ မဲ နဲ့ Nissan Ariya ကရခဲ့တာ ဖြစ်‌လို့  ဆုပေးပွဲ သမိုင်းတစ်လျှောက် ထိပ်ဆုံးကား ၃ မျိုးက လျှပ်စစ်ကား ဖြစ်လာတာပါ။ မနှစ်က တုန်းကလည်း Kia EV6 က ထိပ်ဆုံးနေရာရခဲ့ပြီး Renault Megane E-Tech လျှပ်စစ်ကားကပဲ ဒုတိယ ၊ Hyundai Ioniq 5 က တတိယ ရခဲ့တာကြောင့် နှစ်ဆက်တိုက် လျှပ်စစ်ကားတွေချည်း ရခဲ့ကြတာပါ။ 

Photo Credit: motor 1.com

အခု 2023 ဆုအတွက် အခြားသော ပြိုင်ဖက်ကားတွေ ထဲမှာလည်း Kia Niro က ပါလာခဲ့ပြီး စတုတ္ထနေရာ ရခဲ့ပါတယ်။ Renault Austral ကတော့ ပဉ္စမနေရာရခဲ့ပြီး Peugeot 408 Subaru Solterra / Toyota bZ4X တို့က ထိပ်ဆုံး ၇ နေရာထဲ ဝင်လာနိုင်ခဲ့တာ ဖြစ်ပါတယ်။ အခုဆုရတဲ့ Jeep ကားကတော့ အမေရိက ဈေးကွက်ထဲ ရောက်လာခဲ့တာမျိုး မရှိသေးပေမယ့် ဒီထက်ပိုကြီးတဲ့ လျှပ်စစ်ကား မျိုးကွဲကတော့ Recon ဆိုတဲ့ နာမည်နဲ့ ဝင်လာဖို့ ရှိနေပါသေးတယ်။ အဆိုပါ ကားက Wrangler ရဲ့ အရွယ်အစားကြီး တံခါးလေးပေါက် ကားဖြစ်ပေမယ့်လည်း Jeep ကတော့ သာမန် Wrangler ကားနေရာ အစားထိုးဝင်တာ မဟုတ်ဘူးလို့ ဆိုထားပါတယ်။ အဓိက ကတော့ လမ်းကြမ်းပိုင်း စွမ်းဆောင်ရည် ကောင်းတဲ့ လျှပ်စစ်ကားကောင်း တစ်ရပ်အနေနဲ့ပဲ ထုတ်လုပ်မိတ်ဆက်ပေးမှာ ဖြစ်ကာ အခုနှစ် နှောင်းပိုင်းလောက်မှာ ပိုပြီးပြည့်ပြည့်စုံစုံ သိလာရနိုင်ပါတယ်။ 

Ref: motor 1.com